Thursday, December 13, 2007

အဆင်မပြေခြင်းများ

အလုပ်တွေရှုပ် .. အရှုပ်တွေ လုပ်နေလို့ ဘလော့ဆက်မတင်ဖြစ်တာ ... လာလည်ကြသူတွေအားလုံးကို တောင်းပန်ပါတယ် ... အားလုံးပဲ သိကြတဲ့အတိုင်း ဘလော့တွေကို ပိတ်ထားလေတော့ ဘယ်ကနေ ဘယ်လို ၀င်ရမှန်းမသိ၊ ဘလော့တင်ဖို့ စိတ်ကူးလေးတွေ၊ အကြောင်းအရာလေးတွေ ရလာပေမယ့် အလွယ်တကူ တင်မရတာကြောင့် သဲထဲရေသွန်ဖြစ်ဖြစ်သွားရတော့တာပေါ့ ...။ အလွန်အင်မတန် နှေးကွေးလှတဲ့ အင်တာနက် ကြောင့် တင်ရတဲ့အခါမှာလည်း စိတ်မရှည်နိုင်တော့တာကြောင့်လည်း ပါတာပေါ့ဗျာ ....။ ကြာတော့ အင်တာနက်သုံးရတာ စိတ်ကုန်လာတော့တာပေါ့ ...

ကိုယ့်အလုပ်ကိုယ်ပဲလုပ်မယ်ဆိုပြန်တော့လည်း ပျက်တစ်နေ့၊ မလာတစ်နေ့ဖြစ်နေတဲ့ မီးကြောင့် အနှောက်အယှက်ဖြစ်ရပါတယ် ... ၂၄နာရီ လာစရာမလိုပါဘူးဗျာ ... သူ့အချိန်နဲ့သူ၊ မှန်အောင်လာ ပြီး၊ လာတဲ့အချိန်မှာလည်း မပျက်ဘူးဆိုရင် အားလုံးအားလုံးကို ကျေးဇူးတင်မှာ အမှန်ပါ ... ခုတော့ မီးစက်ကြီးကို နိုးပြီး အလုပ်တွေ လုပ်ရပြန်တော့ လွန်စွာမှ ခေါင်ခိုက်နေတဲ့ ဓါတ်ဆီဈေးကြောင့် အလုပ်မဖြစ်တော့ဘူးပေါ့ဗျာ ..... အရင်တုန်းကတော့ ရပ်ကွက်ထဲမှာ .. မီးလာရင် ဝေး........ ဆိုပြီး အော်ကြတာ ကလေးတွေချည်းပဲ ဖြစ်ပေမယ့် .... ခုတော့ လူကြီးတွေလည်း အဲဒီလို ၀မ်းသာအားရကြီး အော်တတ်လာကြပါပြီ .......