Friday, May 19, 2006

မိုးကုတ်စာချုပ်

၁၂၃၆ခုနှစ်တွင် ဦးကောင်းသည် မြန်မာသံအဖွဲ့ခေါင်းဆောင်ကာ ဥရောပတိုက်လှည့်လည်ရာမှ ပြန်ရောက်လာ၏။ ညီလာခံတွင် ရှင်ဘုရင်အား လျှောက်တင်ရာဝယ် ဗြိတိသျှကျွန်းတွင် စက်မှုလုပ်ငန်းတိုးတက်ပုံ၊ စစ်သည်တော်များ လက်နက်ခေတ်မီပုံ၊ ဘုရင်မကြီးက မိုးကုတ်ကျောက်တွင်း အရောင်းအ၀ယ်ပြုလုပ်လိုသောကြောင့် အာမခံစာချုပ် ပြုခဲ့ပုံများကို တင်ပြလေသည်။ မိုးကုတ်အကြောင်းကို ကြားရချိန်တွင် ဘုရင်၏ မျက်နှာတော် ရုတ်ချည်း ညိုးငယ်သွားသည်။ (မိုက်လှချည်လား ငကောင်းရဲ့ .. မောင်မင်းကို မိုးကုတ်ကျောက်တွင်း ရောင်းဝယ်နိုင်ခွင့် အာဏာ ငါက အပ်နှင်းတော် မူလိုက်သလား) ဘုရင်၏ မိန့်မြွက်သံကို ဦးကောင်းမှာ တစ်စုံတရာ ပြန်လည် သံတော်ဦးတင်ရန် မ၀ံ့တော့ဘဲ ဦးခေါင်း ငိုက်စိုက် ငြိမ်ကျသွားလေသည်။ ညီလာခံရုပ်သိမ်းကာ မင်းတုန်းမင်းကြီး အတွင်းတော်သို့ ရောက်လျှင် မိဖုရားကြီးငယ်တို့ကို ခေါ်ယူ စုဝေးတော်မူကာ (မမတို့ ... သည်တစ်ခါဖြင့် ဈေးတောင်း ခေါင်းရွက်၊ ရက်ကန်းရက်၊ ပဲပြုတ်ရောင်း အသက်မွေးဖို့ပဲ စိတ်ကူးကြတော့၊ မင်းကြီးငကောင်းကတော့ မိုးကုတ်ကျောက်တွင်းကို မဆင်မခြင် သူ့သဘောအတိုင်း အင်္ဂလိပ်ဘုရင်မထံ ရောင်းခဲ့ပြီ၊ စာချုပ်ခဲ့ပြီ၊ ပြည်ပိုင်မင်းအချင်းချင်း လောဘ၊ ဒေါသနောက်ကို လိုက်ကြရင် စစ်ဖြစ်ဖို့ပဲ ရှိတော့တယ်...။) ဟု မိန့်ကြား၏။ မိဖုရားအများ မတုန်မလှုပ် ကြားနာကာ ငိုင်နေကြ၏။ စကြာဒေ၀ီ မိဖုရားခေါင်ကြီးသာလျှင် ပြန်လည် လျှောက်တင်ဖော်ရ၏။ (ပူပန်တော်မမူပါနှင့် မောင်တော်ဘုရား.. ရောင်းတဲ့လူက သူ့ဥာဏ်နဲ့ ရောင်းခဲ့ရင် အရောင်းအ၀ယ်ပျက်အောင် နည်းပရိယာယ်နှင့် ဖျက်တာပေါ့ မောင်တော် ....။) (အနို့ .. ဘယ်လိုစီမံရင် ကောင်းမည်လဲ ....) (သားတော် ငဖိုးလှိုင် ရှိသားကပဲ .. သူ့ကိုခေါ်ယူ တိုင်ပင်ပါဘုရား .... ) ထိုအခါတွင်မှ ဦးခေါင်းမီးလောင်နေသော ရှင်ဘုရင်ကြီးမှာ ရာထူးကျပြီး အမရပူရတွင် အကျယ်ချုပ်နှင့်နေသော ယောအတွင်းဝန် ဦးဖိုးလှိုင်ကို သတိရကာ အမြန်ခေါ်စေ၏။ ဦးဖိုးလှိုင်က (ထိုကိတ်စအတွက် စိုးရိမ်ကြောင့်ကြတော်မမူပါနှင့် ဘုရား၊ ကျွန်တော်မျိုးတာဝန်ယူဖြေရှင်းပေးပါမည်။ ငမောက်ကျောက်အပါအ၀င် နန်းစဉ်ရတနာကျောက် ၃လုံးကိုသာ အ၀ယ်တော်များနှင့် အရေးဆိုရာတွင် အသုံးပြုပါရစေ ဘုရား) ဟု တင်လျှောက်၏။ မင်းတုန်းမင်းကြီးက ဦးဖိုးလှိုင်ကို အာဏာကုန် လွှဲအပ်လေသည်။ အင်္ဂလိပ်ကိုယ်စားလှယ်တို့ ရောက်လာသောအခါ ဦးဖိုးလှိုင်က စာချုပ်အတိုင်း ကတိမပျက် မိုးကုတ်ကျောက်တွင်းကို ရောင်းချမည် ဖြစ်ကြောင်း၊ တန်ဖိုးကိုဆုံးဖြတ်နိုင်ရန် ထိုတွင်းထွက်ကျောက်များကို ဦးစွာဈေးဖြတ်ရန် လိုအပ်ကြောင်း .. ပြောကြားကာ တရုတ်ရာပြတ်ကို သက်သေအဖြစ် ထားရှိလျှက် အငယ်ဆုံး နန်းစဉ်ကျောက်ကို စတင်ပြသသည်။ ဂွမ်းတစ်ပိသာ အလယ်ရှိ ကျောက်သည် ဂွမ်းကို ဖောက်ထွက်ကာ အရောင်တ၀င်းဝင်းနှင့် မျက်တောင်ခတ်နေသယောင်ရှိ၏။ ဦးဖိုးလှိုင်က (ဒီပတမြားဘယ်လောက်တန်သလဲ....) ဟုမေလေလျှင် ရာပြတ်က (တစ်တိုင်းတစ်ပြည်တန် ကျောက်ဖြစ်ပါသည်။)ဟုဖြေလေ၏။ ကျောက်များကို ဆက်လက်ပြသရာတွင် ဒုတိယ ပတမြားမှာ (၃)ပြည်ထောင် တန်ဖိုးရှိကြောင်း၊ တတိယ ငမောက်ကျောက်မှာ (၇)ပြည်ထောင် တန်ကြောင်း၊ ရာပြတ်က သတ်မှတ်လေသည်။ ငမောက်ကျောက်ကို ဂွမ်း (၇)ပိသာ ဖုံးထားသော်လည်း နန်းတော်တစ်ဆောင်လုံး ထိန်ထိန်လင်းနေသည်။ အင်္ဂလိပ်များက တန်ဖိုးများလှသောကြောင့် ဘုရင်မကြီးနှင့် တိုင်ပင်ပါရစေဟု ဆို၏။ ဦးဖိုးလှိုင်က စာချုပ်ကို အင်္ဂလိပ်လက်မှ တောင်ယူကြည့်ရှုပြီးနောက် (ဒီစာချုပ်သက်တမ်းဟာ ယနေ့ ကုန်ဆုံးသွားပြီ ...၊ အ၀ယ်တော် မပြီးပြတ်မှုကြောင့်လည်း အင်္ဂလိပ် ဘုရင်မကြီး ဂုဏ်သိက်ခါ ကျစေပါတယ် .... ) ဟု ဆိုပြီး အများရှေ့တွင်ပင် ထိုစာချုပ်ကို ဆုတ်ပစ်လိုက်လေသည်။ သို့လျှင် ဦးကောင်း၏ အမှားတော်ပုံကို ဦးဖိုးလှိုင်က အဖတ်ဆယ်ခဲ့လေသည်။
ကုန်းဘောင်ရှာပုံတော် (ညိုမြ) စာမျက်နှာ ၄၂၄

Thursday, May 11, 2006

မိုးကုတ်တရားတော်များ DVD


အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း ဆရာတော် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော Vipassana တရားတော်များALPHA Computer (Mandalay) မှ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူရင်းအသံတော်နှင့် ဟောကြားထားသော ခန်ဒါဥာဏ်ရောက် Vipassana တရားတော်များကို ကြည်လင်ပြတ်သားစွာ နာယူနိုင်စေရန် ရည်ရွယ်ကာ Computer CD အားဖြင့် (၁၇)ချပ်၊ DVD Program CD အားဖြင့် (၃)ချပ် ထွက်ရှိပါသည်။ ကျန်ရှိနေသော ဆရာတော်ကြီး၏ တရားတော် CD များလည်း ဆက်လက်ထွက်ရှိပါမည်။ ယခု DVD တွင် တရားတစ်ပုဒါလျှင် (၁)နာရီကျော်ကြာသော တရားအပုဒ်ရေပေါင်း (၁၈၀)ကျော်၊ သီချင်းတိတ်ခွေစာအားဖြင့် (၁၈၀)ကျော်၊ VCD (၆)ချပ်စာ ပါရှိပါသည်။

Wednesday, May 10, 2006

Welcome to my personal website


About me, Family, friends, Interests and hobbies, Photo gallery, Native town and Guest book

အသားဖြူဆေး


After using this lotion, her face is changed brown to white :P

My creation



I created this image. The man sitting on the chair is seeing upon the wall. I edited the customer who is holding his PC is sitting and seeing service centre logo and name on the wall.

သူငယ်ချင်းများ (In HHAL2/Mdy)