Thursday, January 17, 2008

ကျွန်တော်တို့သားအဖနဲ့ ခရုသင်း

မိုးကုတ်မှာရှိတဲ့ အရင်နေခဲ့တဲ့ရပ်ကွက်က ရပ်ကွက်လူကြီးတွေက ခရုသင်း လှမ်းမှာတာကြောင့် ကျွန်တော်တို့ သားအဖ ဘယ်မှာဝယ်ရမှန်းမသိပဲ .. စုံစမ်းရင်းနဲ့ ဘုရားကြီးစောင်းတန်းမှာ ရောင်းတယ်ဆိုလို့ မနေ့က မဟာမုနိဘုရားကြီး ဈေးတန်းကို ရောက်ခဲ့တယ်လေ ...။ ရောက်တော့ ဟိုမေးဒီမေးနဲ့ တောင်ဘက် စောင်းတန်းက ဗေဒင် ဟောတဲ့ ပုဏားတွေ ဘက်ကို သွားပြီး ခရုသင်း ၀ယ်ချင်တဲ့ ကိစ္စကို မေးကြည့်ကြတဲ့အခါ ဟောခန်းများမှာရှိတဲ့ ပုဏားတွေ အပြေးအလွှားထွက်လာပြီး သူ့ထက်ငါ အရင် လုပြီး သူတို့ဘုရားစင်ပေါ်မှာ တင်ထားတဲ့ ခရုသင်းတွေကို လာပြကြတယ် ...။ ကျွန်တော်တို့သားအဖလည်း အဲဒီ ခရုကြီးတွေကို ကိုင်ပြီး ဘာလုပ်ရမှန်းလည်းမသိ၊ မှုတ်လည်း မမှုတ်တတ်တာကြောင့် အဲဒီပုဏားတစ်ယောက်က ဒီလိုမှုတ်ရတယ် ဆိုပြီး ဘုရားဘက်ကို လှည့်ပြီး အစွမ်းကုန် မှုတ်ပြပါတော့တယ် ...။ ရုတ်တရက် အူပြီး ထွက်လာတဲ့ စူးဝါးလှတဲ့ အသံကြောင့် ကျွန်တော် နားနှစ်ဖက်ကို လက်နဲ့ အုပ်မိရက်သားဖြစ်သွားတယ် ...။ အဲဒီလိုနဲ့ မှုတ်ပြလိုက်ကြတဲ့ ပုဏားတွေရဲ့ အသံတွေဟာ တောင်ဘက်စောင်းတန်းတစ်ခုလုံး ဆူညံနေပါတယ် ...။

ပုဏားကြီးက သူ့ရဲ့ ခရုသင်းဟာ ဘယ်မှာမှ မရနိုင်တဲ့အကြောင်း၊ ဒါဟာ လူဖန်တီးတဲ့ ပစ္စည်းမဟုတ်တဲ့အကြောင်း၊ သူတို့ရဲ့ နတ်ဘုရားကိုင်တဲ့ ပစ္စည်းဖြစ်ကြောင်း၊ အင်မတန်မှ ရှားပါးပြီး ရဖို့ ခက်ခဲလှတဲ့ ပစ္စည်းဖြစ်ကြောင်း၊ ဒီပစ္စည်းကို မြတ်နိုးလွန်းလို့ ဘုရားစင်ပေါ်မှာ မင်္ဂလာယူဖို့ ထားကြောင်း .. လိုချင်လွန်းရင်တော့ သူ ရောင်းပေးနိုင်ကြောင်းကို အဆက်မပြတ် .. ပြောပါတော့တယ် ...။ အဲဒါနဲ့ ဈေးမေးလိုက်တော့ တစ်သိန်းခွဲပါတဲ့ ....။ ကျွန်တော်တို့က တစ်သိန်းအောက် ဆစ်တော့ ဘယ်လောက်ပေးမလဲတဲ့ ... ပေးကြည့်ပါတဲ့ ....။ ဇွတ်ကို လက်ကိုဆွဲပြီး မေးတော့တယ် ...။ ကျွန်တော်တို့လည်း နောက်မှ ပြန်လာပါ့မယ် ...။ ၀ယ်ခိုင်းတဲ့လူကို မေးလိုက်ပါဦးမယ်ဆိုပြီး မြန်မြန်လှစ်ခဲ့ကြပါတော့တယ် ....။

မြောက်ဘက်စောင်းတန်းကို ရောက်တော့ အမျိုးသမီးကြီးတစ်ဦး အဲဒီ ခရုသင်းတွေ ရောင်းတယ်လို့ ကြားလို့ သွားမေးတဲ့အခါ .. ပစ္စည်းပြတ်နေပါတယ်တဲ့ ...။ တကယ်လို့များ ရှိခဲ့ရင် ဘယ်လောက်ပေးရမလဲ .. ဘယ်လိုရောင်းလဲလို့ မေးတဲ့အခါ ... သုံးထောင်ကျပ် ပါတဲ့ ...။ အဲဒါ သေးသေးလေးမို့နေမှာပေါ့လို့ ပြောတော့ ကြီးကြီးသေးသေး သုံးထောင် .. .သုံးထောင့်ငါးရာ ပါပဲတဲ့ဗျာ ....။ ဟာ .. .ခုနက ပုဏားကြီးက တစ်သိန်းခွဲတောင်းတယ်လို့ ပြောပြတော့ သူတို့တွေ ၀ိုင်းရယ်ကြပါတယ် ....။ အဲဒီလောက် မတန်ပါဘူးတဲ့ . ... တော်သေးတာပေါ့ ဗျာ .. အားနာပြီး ငါးသောင်း၊ ခြောက်သောင်းနဲ့များ ၀ယ်ခဲ့ရင် ... ဒုတ်ခရောက်ဦးမယ် ...

တော်လည်းတော်တဲ့၊ အပြောလည်းကောင်းတဲ့၊ ၁၀၀ကျပ်နဲ့ ဗေဒင်ဟောပြီးရင် ၁၀၀၀ကျပ်လောက် ရအောင် ယူတတ်တဲ့၊ အလှူခံကောင်းတဲ့၊ ဈေးရောင်းတော်တဲ့၊ ဗေဒင်ဖိုးထက် ယတြာဖိုးက ပိုများများ ပေးရတဲ့၊ အလှူငွေကို သူတို့ကိုယ်တိုင် လှူပေးမယ်ဆိုပြီး လက်ခံထားပေးတဲ့ ဗေဒင်ဟောတဲ့ ... ပုဂ္ဂိုလ်ကြီးများ မန္တလေးမဟာမုနိဘုရားကြီး တောင်ဘက် စောင်းတန်းမှာ ရှိပါတယ် .. ကြုံရင် သွားပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်ကြပါတယ် .....။

Friday, January 11, 2008

မိုးကုတ်မြို့နယ်၊ကာယဗလမောင် ၂၀၀၇

မိုးကုတ်မှာ ၂၀၀၇ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့မှာ ကျင်းပတဲ့ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲမှာ ပထမဆုရတဲ့ ကျွန်တော့်ညီရဲ့ ပုံပါ ....။ သူကတော့ အဲဒါတွေ ၀ါသနာပါလွန်းလို့ ပြိုင်တာပဲဗျ ... ကျွန်တော်ကတော့ အဲဒီလိုသာလုပ်ရမယ်ဆိုရင် ရှက်လို့သေမှာပဲဗျ ....။ ဒါပေမယ့် အဲဒီလို ကြွက်သားတွေတော့ ထွက်ချင်လို့ ခုတော့ အသည်းအသန် ကြိုးစားနေတယ် ... အဲဒီလို ဖြစ်လာတဲ့အခါကျရင်တော့ အဲဒီလို ဓါတ်ပုံရိုက်ပြီးတင်မယ် ... မကြာမီ လာမည် .. မျှော် .... ပေါ့ဗျာ ...

ဘာရယ်မဟုတ်ပါဘူး ... ဘာတင်ရမှန်းမသိလို့ တင်လိုက်တာ ......


ဒီရက်ပိုင်းမှာ

၉ရက်နေ့ညနေပိုင်းမှာ Mandalay Hill Resort Hotel မှာ လုပ်တဲ့ ကြယ်စင်ဝန်းရေမွှေး မိတ်ဆက်ပွဲမှာ ရန်ကုန်၊မန္တလေးက မော်ဒယ်လ်တွေနဲ့အတူ မန္တလေးက ကျွန်တော်အပါအ၀င် အယောက် ၂၀လောက် Model Show, Dance နဲ့ ကံစမ်းမဲအစီအစဉ်တွေကို မတင်မိုးလွင် ဦးစီးပြီးတော့ ကျင်းပခဲ့ပါတယ် ...။ ပွဲကျင်းပချိန် ခဏတာကြာပေမယ့် အစမ်းလေ့ကျင့်ချိန်၊ ပြင်ဆင်ချိန်တွေနဲ့ အချိန်တွေ အများကြီးကုန်ခဲ့တာပါ ...။ တအားကို အေးလွန်းလှတဲ့ ဆောင်းတွင်းညကြီးမှာ ကျွန်တော်တို့တွေ အေးရကောင်းမှန်းတောင် မသိလိုက်ရပါဘူးဗျာ ....။

ဒီကနေ့တော့ ၁၂ရက် ၁၃ရက်မှာ Swan Hotel မှာ ကျင်းပမယ့် Angel of Swan သားသားမီးမီးလေးတွေ ပြိုင်ပွဲအတွက် Training ပေးတာ တတိယရက်ပါ ...။ ချစ်စရာအရွယ် ကလေးလေးတွေအပြင် အဲဒီ သားသားမီးမီးတွေရဲ့ မိဘတွေ၊ အုပ်ထိမ်းသူတွေလည်း သူတို့လေးတွေနဲ့အတူ တော်တော် ပင်ပန်းကြမယ် ထင်ပါတယ် ... ။ ကလေးတွေကို Training ပေးချိန်မှာ မိဘများကို ခန်းမထဲ ပေးမ၀င်တာကြောင့် ကိုယ့်သားသမီးကို မြင်ရနိုးနဲ့ အပြင်ပြတင်းပေါက်လေးတွေကနေ ချောင်းကြည့်နေကြတဲ့ မိဘများရဲ့ မျက်နှာများကလည်း ပြတင်းပေါက်မှန်ရဲ့ အခြားတစ်ဘက်မှာ တန်းစီလို့ ....။ ကျွန်တော်တို့ငယ်ငယ် မူကြိုကျောင်းနေတုန်းက ကျောင်းနံရံအပေါက်ကလေးကနေ ကျွန်တော့်ကို အမြဲချောင်းကြည့်နေတဲ့ မေမေ့ကို သတိရမိပါရဲ့ ....။ အဲဒီတော့မှ မိဘဆိုတာ ဒီလိုပါဘဲလားလို့ ကိုယ်ချင်းစာမိပါတယ် ....။ နက်ဖန် Swan မှာ ကျင်းပမယ့်ပွဲမှာ ချစ်စရာ သားသားမီးမီးတွေကို လာပြီး ကြည့်ရှုအားပေးနိုင်ပါတယ် ...။

၁၆ရက်နေ့ကျရင် မြို့မအပျော်တမ်းတူရိယာအသင်းမှာ ဂီတမိတ်(ရန်ကုန်)က လာပြီး ဂီတပွဲလေးတစ်ပွဲ လုပ်မှာမို့ စိတ်ဝင်စားရင် မြို့မအသင်းကို ဆက်သွယ်နိုင်ပါတယ် ....။

Wednesday, January 02, 2008

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ

၂၀၀၇ခုနှစ်ကတည်းက ဘလော့တင်တာ ရပ်သွားတာကတော့ အလုပ်တွေရှုပ်နေလို့ပါ ...။

ဒီဇင်ဘာလတုန်းက ရတနာပုံဆိုက်ဘာစီးတီးကို မရောက်လိုက်ရ မရှိလေအောင် သွားရသေးတယ် ...။ အဆောက်အဦးကြီးကလည်း ကောင်းတယ် ... လုပ်ငန်းတွေ ပြခန်းတွေကလည်း ကောင်းတယ် ...။ ဖွင့်ပွဲမှာ ဖျော်ဖြေရေးက Stage နဲ့ဆိုရင် ပိုပြီးတော့ ပြည့်စုံသွားမယ် ....။ နောက်ရက်တွေလည်း ပြပွဲကို သွားချင်ပေမယ့် ချောင်းသာကို သွားစရာရှိတာကြောင့် ၁၆ရက်နေ့ကျတော့ ရန်ကုန်ကို ထွက်လာခဲ့ရတော့တယ်...။


ရန်ကုန်ရောက်ပြီး နောက်တစ်ရက်မှာ ချောင်းသာသွားမယ့် ဆရာ၊ဆရာမတွေရယ်၊ သူငယ်ချင်းတွေရယ်နဲ့ အတူတူ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးသေးတယ် ပင်လယ်ကြီးဆီကို ထွက်ခဲ့ကြတယ်လေ ...။ ချောင်းသာမှာ သူငယ်ချင်းတွေနဲ့ တစ်ခါမှ မခံစားဖူးတဲ့ အပျော်တွေ ခံစားခဲ့ရတယ် ...။ ၄ရက်လောက်နေပြီး ရန်ကုန်ပြန်ရောက်တယ် ... ရန်ကုန်ရောက်ရောက်ချင်း မနလေးကားပေါ် တက်စီးတော့ ပင်ပန်းလိုက်တာ လွန်ပါရောလား ...။ နောက်ရက်မှ ပုံတွေတင်တော့မယ် ...

အရင်နှစ်တွေကတော့ New Year ဆိုရင် သူငယ်ချင်းတွေနဲ့ အကင်စားမယ်၊ ကစားမယ် ၊ ကျုံးဘေးမှာ ညနက်တဲ့ထိ လည်တယ်ပေါ့ဗျာ .. ဒီနှစ်လည်း အဲဒီလို ကဲချင်ပေမယ့် New Year ညမှာ Rayworld Complex က New Year Party မှာ ... MC လုပ်ပေးရတော့ အဲဒီအခွင့်အရေးတွေ လွတ်သွားတာပေါ့ဗျာ .. ဒါပေမယ့် ပျော်ပါတယ်ဗျာ .... လူဆိုတာ အသက်ကြီးလာလေလေ .. ပျော်ဖို့အခွင့်အရေးတွေနည်းပြီး အလုပ်တာဝန်တွေ ပိုပိုပြီး ပိလာလေဆိုတာ နားလည်ပါတယ် ...။

အဲဒီလိုနဲ့ပဲ .......... အလုပ်တွေဆက်ပြီး အင်တာနက်လည်း မသုံးဖြစ် ၊ ဘလော့ကို သတိရနေပေမယ့် မတင်ဖြစ်ခဲ့တာပါ ... ။ အားလုံးအားလုံးသော မိတ်ဆွေများ၊ သူငယ်ချင်းများ၊ အကိုအမများ၊ ညီငယ် ညီမငယ်များအတွက် နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ၊ ၂၀၀၈ခုနှစ်ကစလို့ တစ်သက်လုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ ........

HAPPY NEW YEAR 2008