Sunday, October 28, 2007

ရန်ကုန် ရန်ကုန်

ဘ၀ကြီးကို မောမောပန်းပန်း ရုန်းကန်လှုပ်ရှားရတယ်ဆိုတာ ရန်ကုန်မှာ ပိုပြီး ပီပြင်တယ်လို့ ခံစားမိနေတယ် ... သွားရလာရ တာ က စိတ်သွားတိုင်း ကိုယ်မပါနိုင်ပဲ ... ကားကိုစောင့်ပြီး တိုးစီးရတဲ့ ဘ၀က တော်တော်ဆိုးတယ် ... ကားကကျပ်သေးတယ် .. အပြောမတတ်ရင် စပယ်ယာ က အော်သေးတယ် ... ချွေးစော်တွေ ကနံသေးတယ် ... ပူကလည်းပူသေးတယ် ... ဒုတ်ခဒုတ်ခ ...

စိတ်သွားတိုင်း ကိုယ်ပါတဲ့ မန်းဒလေးကို ပြန်ပြေးချင်လာနေမိတယ် ... ရန်ကုန်မှာ နေတာကြာတဲ့သူတွေကတော့ ဒါက အဆန်းလား ... ကျွန်တော့်အဖို့တော့ သွားရလာရတာ အဆင်မပြေဘူးပေါ့ဗျာ ... အချိန်ကလည်း သိပ်ကုန်တာဗျ ... လိုရင်းကို မရောက်နိုင်ဘူး ... ကိုယ်ပိုင်ကားလေးတစ်စီးနဲ့ ဒရိုင်ဘာကောင်းကောင်းတစ်ယောက်ရှိမှပဲ ... ရန်ကုန်မှာ နေတော့မယ် ... ဘာရယ်ဟုတ်ပါဘူး ... ဒီနေ့ မန်းဒလေးမပြန်ခင် ဘလော့ပေါ်မှာ ညဉ်းတွားကြည့်တာပါ ....

Saturday, October 27, 2007

Friday, October 26, 2007

သီတင်းကျွတ်လပြည့်နေ့

ငယ်ငယ်တုန်းက ဒီလိုနေ့မျိုးညတွေမှာ ရောင်စုံမီပုံးတွေ ထွန်းကြတယ်။ အ၀တ်အစားအသစ်တွေ ၀တ်စားပြီး နှစ်ဖက် အဖိုးအဖွားတွေ၊ ဆရာဆရာမတွေကို လိုက်ကန့်တော့ကြတယ်။ မုန့်ဖိုးတွေရကြတယ်။ ရတဲ့မုန့်ဖိုးတွေနဲ့ မီးရှုးပန်းတွေ၊ ဗြောက်တွေဝယ်ပြီး သူငယ်ချင်းတွေနဲ့ အတူတူ ကစားကြတယ်။ အိမ်တွေအိမ်တွေမှာ ထွန်းညှိထားကြတဲ့ ရောင်စုံမီးပုံး မျိုးစုံကြောင့် တစ်မြို့လုံးဟာ လှပလို့နေပါတယ်။

ချမ်းအေးတဲ့ရာသီမှာ တစ်မြို့လုံးပတ်ပြီး လိုက်ကြည့်ခဲ့ကြတယ်။ တောင်ထိပ်ပေါ်မှာတည်ရှိတဲ့ ချမ်းသာကြီးဘုရား၊ ဖောင်တော်ဦးဘုရားနဲ့ လေးမျက်နှာဘုရားတို့မှာ ပြိုးပြိုးပြက်ပြက် မီးရောင်စုံအလှတွေ ထွန်းညှိပူဇော်ထားကြတယ်။ ကောင်းကင်ကြီးဟာ ၀င်းပနေတဲ့လအရောင်ကြောင့် ထိန်လင်းနေပြီး တိမ်များလည်း ကင်းစင်နေကြတယ်။ လွှတ်တင်ထားကြတဲ့ မီးပုံးပျံများဟာလည်း ကောင်းကင်ကို တန်ဆာဆင်လျက်ရှိပါတယ်။


အဲဒါက ကျွန်တော်ငယ်ငယ်က ကြုံခဲ့ရတဲ့ သီတင်းကျွတ်ပါ ...။ ခုတော့ လူတွေက ဖယောင်းတိုင်နဲ့ မီးပုံးထွန်းတာ နည်းသွားခဲ့ပါပြီ ...။ မီးဘေးစိုးရိမ်ရတာကိုး ...။ တရုတ်ကလာတဲ့ လျပ်စစ်မီးရောင်စုံတွေက နေရာတိုင်းကို နေရာယူသွားခဲ့ပါပြီ။

သီတင်းကျွတ်ရောက်တိုင်း ငယ်ငယ်တုန်းကလို မီးတွေထွန်းမယ်လို့ စိတ်ကူးတွေ အကြိမ်ကြိမ်ယဉ်ခဲ့ပေမယ့် တကယ်တမ်း သီတင်းကျွတ်ရောက်တဲ့အခါတိုင်း အခြားတစ်နေရာရာကို ခရီးလွန်နေတာများပါတယ် ..။ ဘယ်လိုအကြောင်းပဲရှိရှိ သီတင်းကျွတ်ရောက်ရင် ခရီးသွားစရာတစ်ခုခု ပေါ်လာပြီး တခြားမြို့မှာပဲ သီတင်းကျွတ်လိုက်ရတော့တာပေါ့ဗျာ ...။

ငယ်ငယ်တုန်းက ရောင်စုံသီတင်းကျွတ်တေကို လွမ်းမိတယ် ....။

Wednesday, October 24, 2007

ကျော်ကြားသူတို့ လက်မှတ်များ


နာမည်ကျော် မင်းသား၊မင်းသမီးတွေနဲ့ လူကြိုက်များတဲ့ ဖျော်ဖြေရေးသမားတွေ နောက်ကနေ လိုက်ပြီး အော်တိုလက်မှတ် ထိုးခိုင်းစရာ မလိုတော့ဘဲ သူတို့လက်မှတ်တွေ အလွယ်တကူရနိုင်ဖို့နဲ့ လက်မှတ်ဘယ်လိုထိုးကြတယ်ဆိုတာ သိချင်ရင် ... Signature တွေ စုဆောင်းထားပေးတဲ့ Lexicon Star မှာ သွားပြီး ကြည့်နိုင်ပါတယ် ....။
Here >> Signature များ

www.lexiconstar.com

Summer



Summer Days