Monday, November 17, 2008

ယနေ့မန္တလေး

ဘလော့မတင်ဖြစ်တာလည်း တော်တော်ကြာသွားပြီ .. အမြဲတော့သတိရနေပါတယ် .. ဒီကနေ့တော့ Connection ကောင်းနေလို့ တင်လိုက်တာပါ

မန္တလေးမှာ မီးတွေမှန်နေပြီဗျ ... အရင်မီးမလာရင် မီးစက်နဲ့အလုပ်လုပ်ရတဲ့ကျွန်တော့်အတွက်တော့ မီးလာတော့ တော်သေးတာပေါ့ဗျာ .. မီတာခ ဈေးတက်သွားပေမယ့်လည်း ဆီဖိုးကုန်မှာနဲ့စာရင် ကိုက်ပါတယ်ဗျာ .. ပြောသာပြောရတယ် .. ဘယ်တော့ပျက်မယ်မသိဘူး .. ဒီလိုပဲ အမြဲဖြစ်နေပါစေလို့ ဆုတောင်းနေရတယ်ဗျို့

အခုက ကထိန်ရာသီမို့ နေရာအနှံ့ကထိန်ခင်းကြတာတွေ့နေရတယ်လေ ... ရပ်ကွက်အလိုက် ဘုရားပွဲတွေလည်း လုပ်နေကြတယ် .. ဒါတွေကတော့ နှစ်စဉ်နှစ်တိုင်း မြင်နေကျ မြင်ကွင်းမျိုးတွေပေါ့ဗျာ ..
တန်ဆောင်မုန်းလပြည့်နေကလည်း ဘာစည်သလဲမမေးနဲ့ ....။ လမ်းပေါ်မှာဆိုင်ကယ်တွေနဲ့ အုပ်လိုက်အုပ်လိုက် ဗျူးဗြဲ လုပ်နေကြလည်း အများသား။

ဒီနှစ်က ဆိုင်ကယ်တွေလည်း ပိုများလာလို့ လမ်းပေါ်မှာ နေ့စဉ်နဲ့အမျှ ရှုပ်ရှပ်ခပ်နေတာဗျ .. အပြင်ကို သွားလာရင် အသက်ကိုဖက်နဲ့ထုပ်ထားရတယ် .. ကိုယ်ကမှန်ပေမယ့် သူများ လာတိုက်မှာကို ကြောက်ရသေးတာကိုးဗျ .. ဆိုင်ကယ်တွေ ၃ဆလောက် တိုးလာပေမယ့် စည်းကမ်းက တိုးမလာဘူးလေ .. ထိန်းသိမ်းမယ့်လူကလည်း လိုသေးတာကိုး ... ခက်တယ် ခက်တယ်
ဆိုင်ကယ်ပေါ်က ကွမ်းသွေးတွေ စည်းမရှိကမ်းမရှိ ထွေးကြတာကလည်း ဆိုးတယ်ဗျာ .. ဘယ်သူ့ကိုမှ ဂရုမစိုက် သောက်ရေးမလုပ်တဲ့ မျက်နှာပေးမျိုးနဲ့ .. ဘေးကို ထွီကနဲ ထွမ်ကနဲ .. ဆိုင်ကယ်စီးရင်းထွေးလိုက်တာများ ... ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့အပေါက်မျိုးနဲ့လေ ... ဒါတွေပြင်သင့်ပြီ .. ဘယ်လိုလုပ်ကြမလဲ

အခုတလောမှ Club တွေ ဒီမှာ ခေတ်စားနေပြီလေ .. အချိန်အခါကိုလိုက်လို့ ပါတီ၊ club ဘာnight, ညာnight ဆိုပြီး တော်တော်တော့ လုပ်ကြတယ်ဗျ .. တစ်ခါမှတော့ မသွားဖူးဘူး .. သွားကြတဲ့သူငယ်ချင်းတွေကတော့ တော်တော်ပျော်စရာကောင်းဆိုပဲ ... ပေးရတဲ့ ပိုက်ဆံနှမျောတာရော .. အဲဒီလိုကြီးသွားမပျော်တတ်တာနဲ့ မသွားဖြစ်တာပါ .. ပျော်စရာကောင်းတာတော့ ကောင်းတာပေါ့ .. အပျော်လွန်သွားလို့ အန္တရယ်တွေဖြစ်လာရင်တော့ မကောင်းဘူးလေ .. Mandalay Hill Resort Hotel မှာရှိတဲ့ Club, Sedona မှာလုပ်ထားတဲ့ Super Star, ကန်တော်ကြီးမှာရှိတဲ့ Lake View, အဲဒါတွေအပြင် ရူပါမန္တလာဟိုတယ်တို့မှာ လုပ်ကြတယ်လေ .... အဲဒါတော့ ခုနောက်ပိုင်း မန္တလေးမှာ ထွန်းကားလာတဲ့ Night Club ယဉ်ကျေးမှုပေါ့ ....

နောက်ရက်မှ ဆက်တင်ဦးမယ်ဗျာ ...