2005 ကတည်းက ဒီကနေ့အချိန်ထိ ဘလော့တွေ တင်လာခဲ့တာ နေ့လည်း ဘလော့ ... ညလည်းဘလော့ ပေါ့ဗျာ ... ဘာပဲတွေ့လိုက်တွေ့လိုက်၊ တွေးမိတွေးမိ .. ဘလော့ပေါ်ကို စိတ်ကရောက်တော့တာပါပဲ ... စာအုပ်ထဲမှာ ချရေးထားတာတွေလည်း အများကြီးပါပဲ ... ကိုယ်တိုင် စာအုပ်ထဲမှာ ဘလော့နေတာပေါ့ ... ခုတော့ တင်ချင်သော်လည်းပဲ Connection ကြောင့်ရော .. ၀င်ရခက်တာကြောင့်ရော ... ဘယ်လို လုပ်ရမှန်းမသိတော့ပါဘူးဗျာ .. ကိုယ်ကိုယ်တိုင်က အလုပ်ရှုပ်တာကြောင့် တစ်ကြောင်း ... ကျော်ရခွရတာတွေကို စိတ်မရှည်တာတွေက တစ်ကြောင်းဆိုတော့ ဘလော့နဲ့ တဖြည်းဖြည်းချင်း အလှမ်းကွာလာရပါတယ် ... ဘာပိုစ့်အသစ်များ တင်လေမလားရယ်လို့ တကူးတက ၀င်ကြည့်ကြတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေကိုလည်း အားနာပါတယ် ... စိတ်ကူးပေါင်းများစွာ၊ အကြောင်းအရာပေါင်းများစွာရှိနေတဲ့ ကျွန်တော့်ဒီဘလော့လေး ပျောက်ပျက်သွားမှာကိုလည်း တွေးမိတိုင်း နှမျောမိပါတယ် ... ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ တည်ရှိခြင်းတွေဟာလည်း နောက်ဆုံးမှာတော့ ပျက်သုန်းရသလို .. ပြိုကွဲပျက်စီးနေတာတွေလည်း နောက်ဆုံးမှာတော့ ဖြစ်တည်ခြင်းကို ပိုင်ဆိုင်နိုင်မယ်ဆိုတဲ့ တရားသဘောကို တွေးတော ဆင်ခြင်မိတဲ့အခါမှာတော့ စိတ်သက်သာရာရပါတယ် ... ဘလော့ကို လာလည်ကြသူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ...