Friday, June 22, 2007

ကိုယ်လုံးတီးမြို့ဖြတ်ပြေးပွဲတော်ကျင်းပမည်

စိတ်ဝင်စားသွားပြီလား? စိတ်ဝင်စားတယ်ဆိုရင် ပါဝင်ဆင်နွဲချင်သူများကို စတင်စာရင်းလက်ခံနေပါပြီ။

ပါဝင်ယှဉ်ပြိုင်လိုများသည် ကိုယ်ရေးမှတ်တမ်း၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ ပတ်စပို့အရွယ်ဓါတ်ပုံ၅ပုံနှင့် ပါဝင်ယှဉ်ပြိုင်လျင် ပြိုင်ပွဲသို့လာရောက်မည့် စတိုင်နမူနာဓါတ်ပုံ ၃ပုံနှင့်တကွ ၇ရက်အတွင်း လာရောက်လျှောက်ထားနိုင်သည်။
မှတ်ချက်။ လူဦးရေ ကန့်သတ်ထားပါသည်။

---------------------------------------------------------------------------------------------------
အလကားပြောတာပါဗျာ။ Phatpa.com မှာ ဖတ်ရလို့ အံသြသင့်ပြီး တင်လိုက်တာပါ ... တကယ်မထင်လိုက်ပါနဲ့ဗျာ ... (သွား ...လူဇိုး ... သူများက အဟုတ်မှတ်လို့) လို့မပြောနဲ့နော် .... :P အပြည့်အစုံကို ဖတ်ကြည့်လိုက်ပါဦး .. စိတ်ဝင်စားရင် ......

လက်ဗီးယမ်းနိုင်ငံတွင် နွေလယ်ပွဲတော် အထိမ်းအမှတ်အဖြစ် ကိုယ်လုံးတီးပြေးပွဲတစ်ရပ် ကျင်းပပေးမည် ဖြစ်ကြောင်း၊ စီစဉ်သူများက ပြောကြားခဲ့သည်။
လုံးတီးပြေးပွဲတွင် ယောက်ျား၊မိန်းမ၊ လူမျိုးမရွေး၊ အသက်မရွေး အားလုံးပါဝင် ယှဉ်ပြိုင်နိုင်ကြောင်းဖြင့် လက်ဗီးယမ်းနိုင်ငံ အနောက်ဖက်ရှိ လူလ်ဒီဂါမြို့တော်ကောင်စီမှ ကောင်စီဝင်တစ်ဦးက ပြောခဲ့သည်။
လက်ဗီးယမ်းနိုင်ငံတွင် ထင်ရှားသော အားလပ်ရက် တစ်ရက်ဖြစ်သည့် Jani နေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၄ ရက်နေ့၌ မြို့ပတ်ပြေးပွဲကို ပေ ၅၀၀ အရှည်ရှိ အုတ်တံတားပေါ်ဖြတ်၍ ကိုယ်လုံးတီး ပြေးကြရမည် ဖြစ်သည်။
ကူလ်ဒီဂါမြို့၌ လွန်ခဲ့သော ၇နှစ်ကာလကတည်းကပင် ဤကဲ့သို့ ကိုယ်လုံးတီး မြို့ပတ်ပြေးပွဲကို ကျင်းပခဲ့ရာ လူအများ စိတ်ဝင်စားခဲ့ကြသည်။
သို့သော်လည်း ပြူရီတန် ဘာသာရေး သမားများက ဆန့်ကျင်တားဆီးမှုများ ပြုလုပ်မည် စိုး၍ ရဲတပ်ဖွဲ့လုံခြုံရေးလည်း ချထားပေးမည် ဟုဆိုသည်။
ခံနိုင်ရည်ရှိသော အပြေးသမားများကို ဘီယာဆုများ ပေးမည်ဟု သိရသည်။ အများအားဖြင့် လုံးတီးပြေးပွဲတွင် ပါဝင်ဆင်နွှဲကြသူများထက် ဘေးမှရပ်ကြည့်သူ ပို၍များသည် ဟုဆိုသည်။

Tuesday, June 19, 2007

ပျော်ရွှင်စရာ မိသားစုဘဝ

လက်ကလေးကို ပျော်စရာ မိသားစုလေးအဖြစ် ဖန်တီးကြည့်ရအောင် ...။ ဟိုတစ်နေ့က အိမ်မှာတစ်ယောက်တည်း ပျင်းတာနဲ့ လျှောက်လုပ်ကြည့်မိတယ်...။ ဘာရယ်မဟုတ်ဘူး ၊ အပျော်ပေါ့...။



ကင်မရာစမ်းရင်းနဲ့ ဖြစ်သွားတာလေ ...။ ရိုက်စရာမရှိတော့ ကိုယ့်လက်ကိုယ် ဓါတ်ပုံရိုက်ရင်း စိတ်ကူးရတာနဲ့  မိသားစုလေးအဖြစ် ဖန်တီးပစ်လိုက်ပါတယ်...။ ဘောပင် အနီ၊အနက်၊ အစိမ်း၊ အပြာ ကိုရှာပြီး ခုလို လက်တစ်ချောင်းချင်းစီမှာ ဆွဲလိုက်တော့ ခုလို ပျော်စရာကောင်းတဲ့ မိသားစုလေးကို ရပြီပေါ့ ...။



၅ယောက်ဆိုတော့ ကျွန်တော်တို့ မိသားစုနဲ့ ကွက်တိပဲလေ ... ။ ခုတော့ အဲဒီလို ပျော်စရာ ဘ၀လေးဟာ ပျောက်ဆုံးသွားပါပြီ ...။ အမတွေလည်း အိမ်ထောင်ကျပြီး တစ်နှစ်မှ တစ်ခါလောက်သာ တွေ့နိုင်တော့တာ ...။ မေမေကလည်း လောကကြီးက ထွက်ခွာသွားတော့ ဒီလို မိသားစုလေး ဓါတ်ပုံရိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး ...။ ကိုယ့်လက်မှာဆွဲထားတဲ့ မိသားစုလေးဟာ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးကြင်နာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာနေကြတာကို ကြည့်ရင်း ကြည်နူးမိတယ် ...။


ရိုက်ပီ .. မျက်တောင်မခတ်ပါနဲ့ ... ဟုတ်ပီ .. ပြုံးပြုံးလေး .. ချက် ....

ဘလော့ဂါသူငယ်ချင်းတွေရော ... ကိုယ့်လက်ကလေးကို အဲဒီလိုလေး ဖန်တီးကြည့်ပါလား ... အားရင်ပေါ့ ... ပျော်စရာကောင်းပါတယ်ဗျာ ... ပြီးရင် ဓါတ်ပုံရိုက်ပြီး ပြပါဦး ... ။ ကျွန်တော်လည်း ကြည်နူးချင်လို့ပါ ...။

Monday, June 18, 2007

မိုးတွေရွာရင်




မေမေကျွန်တော့်ကိုဗိုက်ခွဲပြီး မွေးဖွားနေစဉ်ကတည်းရင်း ကောင်းကင်ကြီးတစ်ခုလုံး မဲမှောင်ပြီး မိုးတွေထစ်ချုန်းရွာနေတယ်လို့ လူကြီးတွေ ပြောပြလို့သိရတယ်လေ။ မေမေ့ဗိုက်ကို ချုပ်ပြီးတော့မှ တိတ်သွားခဲ့တာတဲ့ ...။ အဘွားကတော့ မိုးနက္ခတ်ပါတယ်ဆိုပြီး ကျွန်တော့်နာမည်မှာ `မိုး´ တောင်ထည့်ထားလိုက်သေး ။ ကျွန်တော်၃တန်းအရွယ် စစ်ကိုင်းရွှေဟင်္သာမှာ ရှင်ပြုတော့လည်း၊ နေ့လည်ပိုင်း ဆံချနေတုန်း မိုးတွေ ချက်ချင်းမဲလာပြီး ရွာလိုက်တဲ့မိုးဟာ အချိန်တော်တော်ကြာတယ်၊ သင်္ကန်းစီးပြီး ကိုရင်ဖြစ်ပြီဆိုမှ တိတ်သွားခဲ့တာလေ၊ တိုက်ဆိုက်လိုက်ပုံများ ...။

ကလေးဘ၀ကိုမိုးများတဲ့ မိုးကုတ်မှာကြီးပြင်းခဲ့ရတာဆိုတော့ မိုးရွာတာဟာ ကျွန်တော့်အတွက် အဆန်းမဟုတ်ခဲ့သလို ဘာမှထူးထူးခြားခြား မခံစားခဲ့ဖူးပါဘူး ၊ တခါတလေ မိုးတွေက နေ့စဉ်ရက်ဆက် မပြတ်လို့သာ စိတ်ညစ်ခဲ့ရတာလေ။ ကျောင်းသွားကျူရှင်သွားရင် ထီးတစ်ချောင်းနဲ့ အမြဲ အဖော်လုပ်ခဲ့ရတာပေါ့ ...။ စွေပြီးရွာနေတဲ့ မိုးက တိတ်သွားပြီး နေရောင်လေးထွက်လာရင် သူငယ်ချင်းတွေနဲ့အတူ အိမ်ရှေ့မြေကွက်လပ်မှာပေါ်နေတဲ့ ကျောက်နီနီလေးတွေ ပြေးကောက်ခဲ့ရတာ လွမ်းမိပါသေးတယ်။ တစ်ခါကတော့ မိုးတွေရွာတာ မိုးသီးတွေက ကွမ်းသီးလောက်ကြီးတွေရှိလို့ အိမ်မှာတပ်ထားတဲ့ ပလပ်စတစ်သွပ်မိုးကြီး ဂျွတ်ဂျွတ်မြည်အောင် ကျိုးပါရောလား ...။ ပြီးတော့ ခြံထဲဆင်းပြီး ဖွေးနေတဲ့မိုးသီးတွေ လိုက်ကောက်ကြတယ်...။ ရေခဲဘူးထဲ ထည့်ထားပြီး မေမေက ရွှေရင်အေး လုပ်ကျွေးတယ်...။

မိုးကုတ်မှာ ၀ါတွင်းရောက်လို့ လပြည့်လကွယ်ဥပုသ်ဆိုရင် ဘုရားကို သွားပြီး အာရုံဆွမ်းကပ်ကြတယ်လေ ... အဲဒီလိုသွားတဲ့တစ်ရက်ကတော့ မိုးတွေတအားရွာလာလို့ မနက်အစောကြီးမှောင်မှောင်မဲမဲထဲမှာ ဆွမ်းအုပ်ကို ခေါင်းပေါ်ရွက်ထားတဲ့ မေမေက မြောင်းထဲခြေချော်ကျပြီး လဲပါရောလား ...။ လမ်းပေါ်မှာ ခြေသလုံးလောက်ရှိတဲ့ရေတွေထဲမှာ လဲနေတဲ့မေမေ့ကိုမထူပဲ ... မောင်နှမသုံးယောက် ရေထဲမျောပါကုန်တဲ့ သစ်တော်သီးတွေ၊ ပန်းသီးတွေကို ကလေးပီပီ ကုန်းရုန်းပြီး လိုက်ကောက်ခဲ့ကြဖူးတာကို ဘယ်တော့မှ မမေ့နိုင်ပါဘူး ...။ မေမေ့ကို လွမ်းလိုက်တာ ...။

၁၀တန်းဖြေပြီးတော့ မန္တလေးကိုရောက်လာတဲ့အခါ ရာသီဥတု ပူလွန်းတဲ့အတွက် မိုးကို မျှော်မိတယ်။ မိုးတွင်းဘယ်တော့ရောက်လာလေမလဲလို့ စောင့်ခဲ့ရတာအမောပါပဲ။ မိုးရွာနေတဲ့အခါ ကျုံးဘေးမှာ စက်ဘီးစီးရတဲ့အရသာကို ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။ မိုးတွေ တအားရွာရင်တော့ အိမ်ထဲမှာပဲနေတယ်...။ ဆူညံနေတဲ့ မိုးသံကို အကာအကွယ်လုပ်ပြီး သီချင်းတွေ အကျယ်ကြီး အော်ဆိုပစ်လိုက်တာပါပဲ ...။ မိုးရွာတာကိုကြိုက်တယ်...။ မိုးရွာလို့ဖြစ်လာတဲ့လမ်းပေါ်က ရေတွေကို တော့ မကြိုက်ဘူး ... သွားရလာရခက်တယ်.. မန္တလေးမှာ အဲဒီဒုက္ခက တော်တော်ဆိုးတယ် ...။ တစ်နေ့ကလည်း ၇၃လမ်းပေါ်မှာ ရေဘေးဒုက္ခသည် ဖြစ်သွားသေးတယ် ...။

ဘာပဲပြောပြော မိုးတွေရွာရင် ကျွန်တော်ပျော်တယ် ... ကောင်းကင်ပေါ်ကကျလာတဲ့ မိုးရေတွေကို ချစ်တယ် ...

Photo from : http://www.travelpod.com

Sunday, June 17, 2007

အရည်မရ .. အဖတ်မရ

ပစ္စည်းတစ်ခုဈေးသိချင်တာနဲ့ ၈၄လမ်းပေါ်က ဆိုင်တစ်ဆိုင်ထဲကို ခဏ၀င်တယ် ၊ ဈေးမေးပြီး ပြန်အထွက်မှာ ဆိုင်ရှေ့မှာ ရေတွေရှိနေတာကြောင့် ရေမရှိတဲ့နေရာသွားလိုက်တယ်၊ အဲဒီမှာ ပေစုတ်စုတ် ညင်းသိုးသိုး ကုလားတစ်ယောက်က လမ်းပေါ်က ရေတွေထဲကို ပျစ်ကနဲ ပျစ်ကနဲ ကွမ်းတံတွေးတွေ အားရပါးရ ထွေးထုတ်နေလေတော့ ... ထိမှာစိုးတာနဲ့ သူထွေးလို့ပြီးအောင် ခဏစောင့်နေလိုက်တယ်။ သူပြီးလောက်ပြီဆိုပြီး လှစ်ခနဲ ရေအိုင်ကို အကျော်မှာ ... ပျစ်ကနဲထွေးထုတ်လိုက်တဲ့ ကွမ်းသွေးတွေကြောင့် ကျွန်တော့်နောက်ကျောတစ်ခုလုံး ကွမ်းသွေးတွေ ချင်းချင်းနီသွားပါပြီ ... မတောင်းပန်တဲ့အပြင် ထောင့်မကျိုးတဲ့ မျက်နှာပေးနဲ့ ကုလားက ဘယ်သူ့မှဂရုမစိုက်ဘူးကွ ဆိုတဲ့ အပေါက်မျိုးနဲ့ပါ ... သည်လိုကောင်မျိုးနဲ့ ဖက်ပြီး မပြောချင်တာရယ်၊ လမ်းပေါ်မှာ ရန်ဖြစ်ရမှာရှက်တာရယ်ကြောင့် ဒေါသကို မျိုသိပ်ပြီး ပြန်ခဲ့ပါတယ်။

ကျွန်တော့်လို အထွေးခံရသူတွေ ဘယ်နှယောက်များရှိသလဲလို့ စဉ်းစားမိပါတယ်။ မန္တလေးကို စရောက်စကတည်းကရင်း အဲဒီဒုက္ခကို ခဏခဏကြုံရတယ်... လမ်းပေါ်မှာ ကိုယ့်ရှေ့ကနေ စက်ဘီးစီးရင်းထွေးတယ်.. ဆိုက်ကယ်စီးရင်းထွေးတယ် ... ကားမောင်းရင်းထွေးတယ် ... ကားစီးရင်းထွေးတယ် ... ။ အံ့သြဖို့တော့ကောင်းတာတစ်ခုက သူ့ပါးစပ်ထဲက ကွမ်းသွေးတွေကို ထွေးထုတ်တဲ့အခါ သူ့ကိုယ်သူပေမှာစိုးလို့ လက်ကလေးက ကာလိုက်သေး ... ပြီးမှ ခပ်ဝေးဝေးဘေးတစ်နေရာကို ပျစ် ခနဲ ထွေးလိုက်တာ .. နောက်ကလူတွေ၊ ဘုန်းကြီးတွေ၊ ဆရာမတွေ၊ ကလေးတွေကို စင်ကုန်တော့တာပါပဲ ...။ တော်တော်အောက်တန်းကျပြီး စုတ်ပဲ့တဲ့လုပ်ရပ်လို့ပဲပြောချင်တယ်... ။

ကွမ်းစားတဲ့သူတွေကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ကိုယ့်ပါးစပ်နဲ့ကိုယ် စားကြ၀ါးကြတာ ဘာမှ ပြောလို့မရပေမယ့် ပါတ်ဝန်းကျင်ကို ထိခိုက်တာတော့ ဆိုးရွားလွန်းတယ် ...။ ရှေးလူကြီးတွေပြောတဲ့ အရည်မရမဖတ်မရဆိုတာ ဒါကို ပြောတာထင်တယ် ...။ ဘလော့တစ်ခုမှာဖတ်လိုက်ရတယ်...။ လမ်းဘေးမှာကွမ်းရောင်းရင် စည်ပင်က ဒဏ်ငွေတပ်တော့မယ်ဆိုလား ...။ အဲဒီဟာက တကယ်ကြပ်ကြပ်မတ်မတ်နဲ့ တကယ်ခိုင်မာရင်၊ တကယ်လုပ်မယ်ဆိုရင်ကောင်းပါတယ်...။ (အဖျားမရှုးရင်ပေါ့) .. ကျွန်တော်သာ သမ္မတဖြစ်ရင် ကွမ်းယာရောင်းသူတွေပါမကဘူး ... သတ်မှတ်ဧရိယာမှာ ကွမ်းယာစားတဲ့သူတွေ့ရင်ဖမ်း၊ ဒါဏ်ငွေတပ်၊ ကွမ်းယာစားဖို့သတ်မှတ်ထားတဲ့ သီးသန့်နေရာမှာ ကွမ်းကို သေအောင်စား .. စုတ်ပြတ်သတ်အောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထွေးကြပေါ့ ... မကောင်းဘူးလား ... အဲဒီလို လုပ်ပစ်ချင်တယ် ...။

ကွမ်းယာဗလပျစ်စားသူတွေ၊ စည်းမရှိကမ်းမရှိ တောင်ထွေးမြောက်ထွေး ထွေးကြသူတွေ၊ စကားပြောကောင်းရင် လက်ကာပြပြီး ကွမ်းသွေးထထွေးသူတွေကို ကြည့်မရပဲ သောက်မြင်ကပ်နေမိတယ်....