Tuesday, June 19, 2007

ပျော်ရွှင်စရာ မိသားစုဘဝ

လက်ကလေးကို ပျော်စရာ မိသားစုလေးအဖြစ် ဖန်တီးကြည့်ရအောင် ...။ ဟိုတစ်နေ့က အိမ်မှာတစ်ယောက်တည်း ပျင်းတာနဲ့ လျှောက်လုပ်ကြည့်မိတယ်...။ ဘာရယ်မဟုတ်ဘူး ၊ အပျော်ပေါ့...။



ကင်မရာစမ်းရင်းနဲ့ ဖြစ်သွားတာလေ ...။ ရိုက်စရာမရှိတော့ ကိုယ့်လက်ကိုယ် ဓါတ်ပုံရိုက်ရင်း စိတ်ကူးရတာနဲ့  မိသားစုလေးအဖြစ် ဖန်တီးပစ်လိုက်ပါတယ်...။ ဘောပင် အနီ၊အနက်၊ အစိမ်း၊ အပြာ ကိုရှာပြီး ခုလို လက်တစ်ချောင်းချင်းစီမှာ ဆွဲလိုက်တော့ ခုလို ပျော်စရာကောင်းတဲ့ မိသားစုလေးကို ရပြီပေါ့ ...။



၅ယောက်ဆိုတော့ ကျွန်တော်တို့ မိသားစုနဲ့ ကွက်တိပဲလေ ... ။ ခုတော့ အဲဒီလို ပျော်စရာ ဘ၀လေးဟာ ပျောက်ဆုံးသွားပါပြီ ...။ အမတွေလည်း အိမ်ထောင်ကျပြီး တစ်နှစ်မှ တစ်ခါလောက်သာ တွေ့နိုင်တော့တာ ...။ မေမေကလည်း လောကကြီးက ထွက်ခွာသွားတော့ ဒီလို မိသားစုလေး ဓါတ်ပုံရိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး ...။ ကိုယ့်လက်မှာဆွဲထားတဲ့ မိသားစုလေးဟာ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးကြင်နာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာနေကြတာကို ကြည့်ရင်း ကြည်နူးမိတယ် ...။


ရိုက်ပီ .. မျက်တောင်မခတ်ပါနဲ့ ... ဟုတ်ပီ .. ပြုံးပြုံးလေး .. ချက် ....

ဘလော့ဂါသူငယ်ချင်းတွေရော ... ကိုယ့်လက်ကလေးကို အဲဒီလိုလေး ဖန်တီးကြည့်ပါလား ... အားရင်ပေါ့ ... ပျော်စရာကောင်းပါတယ်ဗျာ ... ပြီးရင် ဓါတ်ပုံရိုက်ပြီး ပြပါဦး ... ။ ကျွန်တော်လည်း ကြည်နူးချင်လို့ပါ ...။

3 comments:

MYO HAN HTUN said...

Idea ကောင်းတယ် ..

Anonymous said...

အဟားဟား ဟုတ်ဒယ်နော်.. တူတူရှိစရာလိုဝူးးး စိတ်ထဲထားရုံမက ခုလိုလဲ မျက်စိရှေ့ရောက်အောင် လုပ်လို့ရသားပဲနော်..ဒွတ်..ဒွတ်
အပ်မိန်လဲ ချွဲပီး ဓာတ်ပုံရိုက်ပီး ချန့်ရိုက်မယ်နော်..အော်အော် နေဦးး.. ကာလာလေး ဘာရေးလဲ လှလှကလေး ချွဲချင်တော့ ပန်းချီချာမ နှစ်ကူးလေးချီမှာ အရင်အပြေးကလေး သင်တန်းတွားတက် ရိုက်အုံးမှ :P:P:P

mamo said...

ko zaw moe aung,
u r a very good creator.
ma mo