Friday, October 26, 2007

သီတင်းကျွတ်လပြည့်နေ့

ငယ်ငယ်တုန်းက ဒီလိုနေ့မျိုးညတွေမှာ ရောင်စုံမီပုံးတွေ ထွန်းကြတယ်။ အ၀တ်အစားအသစ်တွေ ၀တ်စားပြီး နှစ်ဖက် အဖိုးအဖွားတွေ၊ ဆရာဆရာမတွေကို လိုက်ကန့်တော့ကြတယ်။ မုန့်ဖိုးတွေရကြတယ်။ ရတဲ့မုန့်ဖိုးတွေနဲ့ မီးရှုးပန်းတွေ၊ ဗြောက်တွေဝယ်ပြီး သူငယ်ချင်းတွေနဲ့ အတူတူ ကစားကြတယ်။ အိမ်တွေအိမ်တွေမှာ ထွန်းညှိထားကြတဲ့ ရောင်စုံမီးပုံး မျိုးစုံကြောင့် တစ်မြို့လုံးဟာ လှပလို့နေပါတယ်။

ချမ်းအေးတဲ့ရာသီမှာ တစ်မြို့လုံးပတ်ပြီး လိုက်ကြည့်ခဲ့ကြတယ်။ တောင်ထိပ်ပေါ်မှာတည်ရှိတဲ့ ချမ်းသာကြီးဘုရား၊ ဖောင်တော်ဦးဘုရားနဲ့ လေးမျက်နှာဘုရားတို့မှာ ပြိုးပြိုးပြက်ပြက် မီးရောင်စုံအလှတွေ ထွန်းညှိပူဇော်ထားကြတယ်။ ကောင်းကင်ကြီးဟာ ၀င်းပနေတဲ့လအရောင်ကြောင့် ထိန်လင်းနေပြီး တိမ်များလည်း ကင်းစင်နေကြတယ်။ လွှတ်တင်ထားကြတဲ့ မီးပုံးပျံများဟာလည်း ကောင်းကင်ကို တန်ဆာဆင်လျက်ရှိပါတယ်။


အဲဒါက ကျွန်တော်ငယ်ငယ်က ကြုံခဲ့ရတဲ့ သီတင်းကျွတ်ပါ ...။ ခုတော့ လူတွေက ဖယောင်းတိုင်နဲ့ မီးပုံးထွန်းတာ နည်းသွားခဲ့ပါပြီ ...။ မီးဘေးစိုးရိမ်ရတာကိုး ...။ တရုတ်ကလာတဲ့ လျပ်စစ်မီးရောင်စုံတွေက နေရာတိုင်းကို နေရာယူသွားခဲ့ပါပြီ။

သီတင်းကျွတ်ရောက်တိုင်း ငယ်ငယ်တုန်းကလို မီးတွေထွန်းမယ်လို့ စိတ်ကူးတွေ အကြိမ်ကြိမ်ယဉ်ခဲ့ပေမယ့် တကယ်တမ်း သီတင်းကျွတ်ရောက်တဲ့အခါတိုင်း အခြားတစ်နေရာရာကို ခရီးလွန်နေတာများပါတယ် ..။ ဘယ်လိုအကြောင်းပဲရှိရှိ သီတင်းကျွတ်ရောက်ရင် ခရီးသွားစရာတစ်ခုခု ပေါ်လာပြီး တခြားမြို့မှာပဲ သီတင်းကျွတ်လိုက်ရတော့တာပေါ့ဗျာ ...။

ငယ်ငယ်တုန်းက ရောင်စုံသီတင်းကျွတ်တေကို လွမ်းမိတယ် ....။

2 comments:

KhunMoung said...

ပို့စ်မှာ ကာလာရောင်စုံထွန်းထားတာပဲ။ :D

littleice said...

အရမ်းပဲ ဖတ်ကြည့်လို့ ကောင်းပါတယ်ခင်ဗျာ
littleice လည်းတင်ချင်တယ်
သူများတွေအကုန်လုံးတင်နေကြတယ်
စာတွေဖတ်ပြီး တင်တာ သိပ်အဆင်မပြေလို့

နည်းနည်းလေး အချိန်ရရင်

စီဘောက်စ်မှာလည်နေလို့
ပြောပြနိုင်ရင်ပေါ့ဗျာ.......
အချိန်ရှိမှာပါ
ကျေးဇူးတင်ပါတယ်
ဒီထက်အောင်မြင်နိုင်ပါစေ။
ခင်ဗျားရဲ့ ဘလော့ဒ်ဒီဇိုင်းကို ကြိုက်လို့ အမြဲကြည့်နေပါတယ်
i pray for you "fully peaceful on you."
see again next time "online searching your blog time"
see you.