Thursday, July 13, 2006

ကမ္ဘာရွာထဲက ကွက်လပ်တစ်နေရာ

“ကမ္ဘာကြီးဟာ ရွာတစ်ရွာ” .... တဲ့
ဟုတ်ကဲ့ ...
အဲဒီ ကမ္ဘာရွာကြီးထဲမှာ
ကွန်ပျူတာ ယဉ်ကျေးမှု
အင်တာနက် ယဉ်ကျေးမှု
အီးမေးလ် ယဉ်ကျေးမှု

လက်ကိုင်ဖုန်း ယဉ်ကျေးမှု
ဂျာနယ်ရောင်စုံ ယဉ်ကျေးမှု
ကြော်ငြာ ယဉ်ကျေးမှု
မော်ဒယ်လ်လမ်းလျှောက် ယဉ်ကျေးမှု
...... ယဉ်ကျေးမှု
...... ယဉ်ကျေးမှု
ယဉ်ကျေးမှုများစွာ မွေးဖွားလာခဲ့
ဒါပေမယ့်လည်း ကမ္ဘာရွာထဲမှာ ...
“ကိုယ်ချင်းစာတရား” ရှားသထက်ရှားလာခဲ့
“လောကပါလတရား” ရှားသထက်ရှားလာခဲ့
လူသားတို့ရဲ့ “စိတ်ယဉ်ကျေးမှု”
မွေးမြူပြုစုနိုင်ဖို့အရေး
ကွက်လပ်ဖြည့်ဖို့ လိုသေးရဲ့။ ။

မောင်ခင်မှိုင်း (ချောက်)
ကြီးပွားရေး လမ်းညွန်ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၁)၊ ဇူလိုင်လ၊ ၂၀၀၆ခုနှစ်၊


No comments: