Monday, July 17, 2006

ပွဲကြည့်ကြမလား

အခမ်းအနား အတွန့်အတက်တွေနဲ့ မီးဆလိုက်တွေလည်း လင်းထိန်ပြီး .. ရွှေရောင်ဖိတ်ဖိတ်လက်နေတဲ့ မြန်မာ့ဆိုင်းဝိုင်းကြီး ကို မြင်ရတာ ကြက်သီးထတယ်။ အဲဒီ ဖီလင်လေးကို အမှတ်တရဖြစ်အောင် အရုပ်လုပ်လိုက်ပြန်ရော...။ ဖြစ်ချင်တာကတော့ Post Card ကို ဖွင့်လိုက်တာနဲ့ ခုနကပြောတဲ့ ခမ်းနားတဲ့ မြင်ကွင်းနဲ့တကွ မီးရောင်တွေပါ ပါအောင်လုပ်မယ်ပေါ့...။ ပြီးတော့ မီးဆလိုက်လေးတွေလည်း မိတ်တုတ်မိတ်တုတ်လင်အောင် မီးသီးလေးတွေထည့်မယ်ပေါ့....။ နောက်ခံ ဆိုင်းဝိုင်းကြီးက ဗေထိဗေထိ တီးတဲ့ အသံထွက်အောင်လည်း ဆားကစ်ပြားနဲ့ လုပ်မယ်ပေါ့....။ Post card ဖွင့်တာနဲ့ တီးလုံးကထွက်လာ၊ မီးရောင်စုံ ကလည်း လင်းလို့ .... အဲဒီလို လိုချင်တာလေ.....တကယ်တမ်း တစ်ခုမှ မလုပ်နိုင်ခဲ့ပါဘူး ....။ မြင်ရတဲ့အတိုင်းပဲ လုပ်နိုင်ခဲ့တယ်....။ အဲဒါလည်း ခုထိ သိမ်းထားဆဲပါပဲ .........။

1 comment:

Anonymous said...

Good idea.
Even this card is really great.