ထာပွဲ လို့ပြောလိုက်ရင် ကြားလိုက်ရတဲ့သူက ဟမ်... လို့ပြောပါတယ်။ ထာပွဲဆိုတာ မိုးကုတ်က ကျောက် အရောင်းအ၀ယ် လုပ်ကြတဲ့ နေရာကို ခေါ်တာပါ။ မန္တလေးမှာတော့ ကျောက်ဝိုင်းလို့ခေါ်ကြတယ်။ ထာပွဲလို့ဘာဖြစ်လို့ခေါ်လည်းဆိုတော့ ဒီနေရာကိုလာကြတဲ့ ကျောက်ဝယ်ကြမယ့်သူရော၊ ရောင်းကြမယ့်သူတွေကရော ထာလို့ခေါ်တဲ့ ကျောက်ထည့်ကြည့်တဲ့ လင်ဗန်းသေးသေးလေးတွေပါကြတယ်။ အဲဒီ ထာကလေးကို ထုတ်ပြီး ကျောက်တွေကို ထည့်ကြည့်ပြီးမှ ဈေးစကားပြောကြတယ်။
အဲဒီ ထာကလေးတွေနဲ့ ကျောက်တွေထည့်ပြီး ကျောက်အရောင်းအ၀ယ်လုပ်ကြတာကို အစွဲပြုပြီး.. ထာပွဲလို့ ခေါ်ကြတယ်။ ဟိုးရှေးရှေးအခါက ထာပွဲလုပ်ခဲ့ဖူးတဲ့ တောင်ပေါ်က ရပ်ကွက်တစ်ခုကို ခုထိ ထာပွဲကုန်းရပ်ကွက် (ပတ္တမြားရပ်ကွက်) လို့ အမည်တွင်နေဆဲပါပဲ။ အဲဒီ ထာပွဲမှာ ကုန်သည်တွေ၊ ၀ယ်လက်တွေရော၊ ပွဲစားတွေရော တော်တော်များများတွေ့ရမှာပါ။ အနီဝယ်တဲ့သူက သပ်သပ်၊ အပြာဝယ်တဲ့လူက တစ်နေရာ၊ အညံလုပ်တဲ့သူက သပ်သပ်နဲ့ လိုင်းလည်း ကွာကြပါတယ်။ မိုးကုတ်ရောက်ခဲ့ရင်တော့ ထာပွဲကို တစ်ခေါက် တစ်ခါလောက် လေ့လာကြည့်သင့်ပါတယ်။
ကျပ်ပြင်ထာပွဲ



2 comments:
ထာပွဲကိုရောက်ဖူးချင်တယ်ဗျာ ... အလည်ခေါ်အုံးနော်
ကြိုက်တယ်ဗျို့ ၊ကျေးဇူး။
Post a Comment