၆.မတ်.၂၀၀၆
ရာသီဥတုက ဆောင်းတွင်းမို့ ချမ်းအေးလို့နေသည်။ ချမ်းအေးလွန်းသောကြောင့် လမ်းပေါ်သို့ မည်သူမျှ မထွက်ကြ။ အိမ်အတွင်းတွင် ကျွန်တော်တို့ မောင်နှမ သုံးယောက်မီးလှုံနေကြသည်။ ထိုစဉ်အခိုက် ... သားရေ .. သား ... ။ အိမ်အပြင်မှ မေမေ၏ ခေါ်သံ၊ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော ရာသီဥတုထဲ မေမေဘယ်ကို သွားပြီး ပြန်လာပါလိမ့် .... ပြေးပြီး တံခါးဆွဲဖွင့်သည်။ နှင်းတွေကျနေတဲ့ လမ်းပေါ်မှာ မေမေရပ်ပြီး ကျွန်တော့်ကို ခေါ်နေသည်။ မေမေ ဘာများ ပြောချင်နေပါလိမ့် ... မေမေ့အနားရောက်အောင် ပြေးသွားသည်။ အို .. မေမေရယ်လေ... ဘယ်ကိုသွားမလို့ အလှတွေ ပြင်ထားတာပါလိမ့်၊ ခရမ်းရောင် ၀တ်စုံကို ၀မ်းဆက် ၀တ်ထားပြီး မျက်နှာပေါ်မှာလဲ မှုန်နံ့သာ ချယ်လို့ ....။ ခေါင်းပေါ်မှာလဲ ပန်းတွေ ဝေနေလိုက်တာ .... ပြောစမ်းပါမေမေ .. သားကိုပြောစမ်းပါ .. ဘယ်ကိုသွားမလို့လဲ .. ဘာပွဲရှိလို့လဲ ... ကျွန်တော် သိချင်လွန်းအားကြီးပြီး ဇွတ်မေးသည်။ ရီဝေသော မျက်လုံးများဖြင့် မေမေကျွန်တော့်ကို ကြည့်သည်။ မေမေသွားတော့မယ် သား .. မေမေ၏ အသံများက တုန်ရင်လို့နေသည်။ မျက်နှာပေါ်မှာ ကြေကွဲမှု ပုံရိပ်တွေ တွေ့နေရသည်။ မေမေသွားတော့မယ် သား ... ထပ်ပြောသည်။ ဟာ.. မေမေ .. ဘယ်သွားမှာလဲ .. မသွားရဘူး .. ဘယ်ကိုလဲ .. ပြောစမ်းပါမေမေရယ် ... ကျွန်တော်ငိုသည် .. မေမေ ကျွန်တော့်ကို ကျောခိုင်းပြီး တစ်လှမ်းပြီး တစ်လှမ်း ထွက်သွားသည်။ ကျွန်တော် မေမေ့ကျောပြင်ကို ကြည့်ရင်း .. ငိုပြီး ကျန်ရစ်သည် .. မိုးများ ထစ်ချုန်းရွာသည် .. မျက်ရည်များ မိုးရေများနှင့်အတူ မျောပါကုန်သည်။ ငိုရလွန်းသောကြောင့် တအင့်အင့်နှင့် ရှိုက်နေမိသည်။
အိပ်ရာမှလန့်နိုးလာသည်။ ပါးပြင်ပေါ်မှာ မျက်ရည်စတွေ ရွှဲနစ်နေသည် .. တအင့်အင့်နှင့် ရှိုက်နေသေးသည်။ ကျွန်တော့်ဘေးတွင် ရှိသော သံကုတင်ပေါ်တွင် ခွေခွေလေးမှိန်းနေသော မေမေ့ကို အလန့်တကြား ကြည့်မိသည်။ မေမေ အိပ်မောကျနေသည်။ ဘုရားဘုရား .. တော်ပါသေးသည်။ ခုဏက အဖြစ်အပျက်သည် အိပ်မက်သာ ဖြစ်ပါစေ ... အကြိမ်ကြိမ် ဆုတောင်းနေမိသည်။

၇.မတ်.၂၀၀၆
ကျွန်တော့်၏ ချစ်လှစွာသော မေမေ ည ၉း၁၅ မိနစ် အချိန်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။
ကျွန်တော့်၏ ချစ်လှစွာသော မေမေ ည ၉း၁၅ မိနစ် အချိန်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။
6 comments:
တကယ်စိတ်မကောင်းစရာပါပဲဗျာ... အဖြစ်ပြောတာမဟုတ်ဘူး.. တကယ် ၀မ်းနည်းစရာပါ...
ZMA
i'm sorry...
but still we have to live our lives with or without mothers
and still we have a place deep inside our heart for our mothers 4ever. right?
Thankyou very much for your kindness Ma Lae.
Very nice site! maggie drozd weight loss pills Hummer themes
Cool blog, interesting information... Keep it UP » »
Excellent, love it! How does data go over phone lines Trio 700 software
Post a Comment