လူတွေတော်တော်များများ ကွမ်းစားကြတယ်။ ဘယ်လိုအကျိုးတွေရှိလဲ။ ရမည်းသင်းက ကွမ်းချိုး အကိုကြီးတစ်ယောက်ကတော့ ကွမ်းစားတာ သွားခိုင်တယ်လို့ပြောတယ်။ ပြောတဲ့ပါးစပ်က သွားတွေက မီးသွေးခဲတွေအတိုင်းပဲ၊
သူငယ်ချင်းတစ်ယောက်နဲ့ အပြင်သွားဖို့ စီစဉ်ကြတိုင်း ခဏလေး... ကွမ်းဝယ်လိုက်ဦးမယ်လို့ပြောတယ်။ ပုဆိုး ခပုံစ ကြားထဲမှာ ကွမ်းထုတ်ကို ထည့်ထားပြီး ခဏခဏ ထုတ်စားတယ်။ ကွမ်းတံတွေးကို စည်းကမ်းမရှိ ပျစ်ခနဲ ထွေးထုတ်တယ်။ အနောက်က ကပ်လိုက်လာတဲ့ စက်ဘီး၊ ဆိုင်ကယ်က သူတွေကို စင်ကုန်တယ်။ စကားပြောကောင်းနေရင် ခဏဆိုပြီး လက်ကာပြပြီး အပြင်ထွက်ကွမ်းထွေးတယ်။ ကွမ်းစားနေတုန်း စကားဝင်ပြောရင် ကွမ်းတံတွေးတွေ ပြည့်လျှံနေတဲ့ သူ့ပါးစပ်ထဲက ကွမ်းတံတွေးတွေ ထွက်ကျကုန်မှာစိုးလို့ ခေါင်းကိုမော့၊ အောက်နူတ်ခမ်းကို အပေါ်နူတ်ခမ်းထက် အရှေ့ထွက်အောင် လုပ်ပြီး စကားကို ဗလုံးဗထွေးပြောတယ်။ ကွမ်းစားသူ အချင်းချင်းတွေ့ကြရင် သူတို့ယဉ်ကျေးမှုအရ ကွမ်းတစ်ယာ၊နှစ်ယာ ထုတ်ကျွေးကြတယ်။ မကျွေးရင်လည်း ကွမ်းပါသေးလားလို့ မေးတတ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း စားပုံမတူကြဘူးဆိုပဲ။
သူတို့ဘာသာကြိုက်လို့စားတာတော့ ဘာမှပြောစရာမရှိပါဘူး၊ ကိုယ်ကြိုက်လို့ကိုယ်စားတာပဲ။ ဒါပေမယ့် ကွမ်းတံတွေးကို စည်းမရှိ ကမ်းမရှိထွေးထုတ်ကြတာတော့ အောက်တန်းကျလွန်းတယ်။ ကား၊ဆိုင်ကယ်၊စက်ဘီး စီးနေရင်း ဘေးကို လှမ်းထွေးလိုက်ရင် ဘေးကလူကို စင်ကုန်တာလည်း တော်တော်ရုပ်ပျက်တယ်။ ကွမ်းတွေ ဗလုံးဗထွေးနဲ့ စကားပြောတာတွေကို နားမလည်ဘူး၊ အနားကပ်လိုက်ရင် ကွမ်းယာထဲ ပါတဲ့ ဆေးနံ့တွေ နံတယ်။ စည်းကမ်းမရှိ ထွေးထုတ်ကြလို့ လမ်းတွေ ညစ်ပတ်တယ်။ အခန်းထောင့်တွေ ညစ်ပတ်တယ်။ ကိုယ်ကြိုက်လို့ ကိုယ်လုပ်တဲ့ ကိစ္စက ပါတ်ဝန်းကျင်ကို ထိခိုက်တာမကောင်းဘူး။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း တစ်စက်မှ ကောင်းကျိုးမပေးဘူး၊ လည်ချောင်းကင်ဆာဖြစ်မယ်။ ကျောက်တည်မယ်။ မေးရိုးတွေကားပြီး မျက်လုံးတွေ ပြူးထွက်လာမယ်။ သွားတွေ မည်းပြီး ယိုင်ရွဲ့ကုန်မယ်။ သွားတွေမည်းတူးပြီး နူတ်ခမ်းတွေပေပွနေတဲ့ ပုံစံနဲ့လည်း လူတောမတိုးဘူး၊ လူကြီး၊ အထက်အရာရှိတွေကလည်း မကြိုက်ကြဘူး၊ Personality ထဲမှာ အဲဒါကိုပါကြည့်ပြီး ဆုံးဖြတ်တယ်လို့ ဆရာမကြီး တစ်ယောက်က ဆိုတယ်။
ငယ်ငယ်ကတော့ ငါသာ သမ္မတ ဖြစ်ရင် ကွမ်းယာဆိုင်တွေ ဖွင့်ခွင့်ကို ပိတ်ပင်ပစ်မယ်လို့ မိုက်မိုက်မဲမဲ စိတ်ကူးခဲ့ဖူးတယ်။ အဲသလို ပြောတော့ တို့မြန်မာတွေ ဟိုးရှေးခေတ်အဆက်ဆက်ကတည်းက ကွမ်းအစ်နဲ့ စားခဲ့ကြတာပဲတဲ့ .....။ ကျွန်တော်လည်း ပြန်မပြောတတ်တော့ဘူး၊
ကျွန်တော့်အမြင်သက်သက်ပါ ...။
ကွမ်းစားခြင်းနှင့်ကျန်းမာရေး စကားဝိုင်း

5 comments:
အရင်တုန်းကတော့ သိပ်မထူးဆန်းဘူး။ အခုဟာက ဆေးက တော်တော်စုံတယ်။ လူဆိုတာကလည်းခက်တယ်ဗျ။ မကောင်းမှန်းသိရက်နဲ့လည်း လုပ်ကြတာပဲ။ :)
မှန်တယ်။ အရည် မရ၊ အဖတ်မရ အလုပ်ကြီးဗျ။ ညစ်လည်း ညစ်ပတ်သေးတယ်။ ဘာလို့  စားကျလည်း မသိပါဘူးဗျာ။ ကျွန်တော်လည်း ကွမ်းစားတာကို တော်တော်မုန်းတယ်။ ကျွန်တော့် ပတ်ဝန်းကျင်က လူတွေ တချို့ က ကွမ်းစားကြတယ်ဗျ။ တားမရဘူးဗျာ။ စိတ်ကုန်လိုက်တာ မပြောပါနဲ့ ။ ကွမ်းနံ့  ကိုလည်း လုံးဝ မကြိုက်တော့ ပိုဆိုးတာပေါ့။ အကျင့် မရှိသေးတဲ့ သူတွေကိုတော့ လုံးဝ အစလုပ်ပြီး မစားဖို့ တားချင်တယ်။
ဟာ.....ဟုတ်ရပါဘူးကွာ ...........
:D
ဘယ်တော့ဒီဓလေ့ပျောက်မလဲမသိဘူး။
ကွမ်းက ကင်ဆာဖြစ်စေပါတယ်..
ကွမ်းစားရင် သွာခိုင်တယ်ဆိုတာ မဟုတ်ပါဘူး.. သူ့ဆက်စား..ဆရာဝန်မပြရင် သူ့သွားတွေ ၆၀ မကျော်ပါဘူး.. အာမခံပါတယ်.. ပုံမှန် ဆရာဝန်ပြ ကွမ်းမစားရင် အသက် ၈၀အထိ အာမခံလို့ရပါတယ်..
Post a Comment