- မန္တလေးမှာ ခုရက်ပိုင်း ဆိုင်ကယ်တွေ၊ ကားတွေကို ကြပ်ကြပ်မတ်မတ်နဲ့ အသည်းအသန် ဖမ်းဆီးစစ်ဆေးနေတယ်။ ဆောင်ရတဲ့ ဒဏ်ငွေကလည်းများတယ်။ ချက်ချင်းဆောင်ရတာ ... ရဲလည်းပါတယ်။ တရားသူကြီးလည်း တစ်ခါတည်းပါတယ်။ ဦးထုပ်မဆောင်းရင် ခြောက်သောင်းဆောင်ရတယ် ကြားတယ်။ ယာဉ်တွေ အသွားအလာသိပ်ရှုပ်တဲ့ မန္တလေးမှာ ခုလို စည်းကမ်းပိုင်းကို ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက်တာ ၀မ်းသာစရာပါ။ အမှန်အကန်ဆိုရင်ပေါ့။ ကျွန်တော်လည်း ဆိုင်ကယ်စီးရင် ဦးထုတ်မဆောင်းချင်ဘူးဗျ။ ဆံပင်ပုံစံပျက်တာကိုး။ ဒါပေမယ့် ကိုယ့်အသက်အန္တရယ်အတွက် ဆိုတော့လည်း ဆောင်းရတာပေါ့ဗျာ။ အတတ်နိုင်ဆုံး လမ်းစည်းကမ်းယာဉ်စည်းကမ်း လိုက်နာတာကောင်းပါတယ်ဗျာ။
- ကျွန်တော်တို့ရပ်ကွက်တော့ မီး၂၄နာရီလာလို့ ချီးမွမ်းမယ် ကြံကာရှိသေး၊ ခုပျက်နေပြီ။ မလာတော့ဘူး။ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေကို ငါတို့မန္တလေးမီး၂၄နာရီလာနေပြီကွ လို့ ကြွားရတာ အမော။ ခုတော့ ရှက်ပါရဲ့။ ဖိုးချမ်းရေ ... ခု လာတော့ဘူးဟ .......
- PAC လို့ခေါ်တဲ့ Internet Access Centre တွေ ဟောတစ်ခု၊ ဟောတစ်ခု ပေါ်လာတာ ၀မ်းသာစရာပဲ။ များလာတော့ အပြိုင်အဆိုင် ဈေးလျှော့နေကြလေရဲ့။ ဈေးသက်သာတာကို လိုက်တဲ့ customer ရှိသလို၊ ပေးတဲ့ Facilities ကို အဓိကထားတဲ့ customer လည်းရှိတော့ PAC တွေလည်း သူ့မိတ်နဲ့ သူပါပဲ။
- Skywalk Shopping Mall ကြီးဖွင့်လိုက်တော့ ပစ္စည်းတွေကလည်းစုံ၊ အဲယားကွန်းကလည်းအေး၊ အစားအသောက်ကလည်းစုံ၊ ကောင်မလေးတွေကလည်း လှတော့ အဲဒီမှာပဲ လူတွေ စည်ကားနေကြလေရဲ့။ Blazon တို့ ဘာတို့တောင် လူတွေ သိပ်မသွားကြတော့ပဲ Skywalk လောက်ပဲ တက်နေကြတယ်။ သူကလည်း သွားရတာ ၀ယ်ရတာ အဆင်ပြေတာကိုးဗျ။
- MICT (Mdy) ပေါ်က MCPA အသင်းရုံးမှာ နိုင်ငံခြားစာမေးပွဲတွေ ဖြေလို့ရတော့မယ်တဲ့ဗျ။ အဲဒါဖြေလို့ရပြီဆိုရင်တော့ ရန်ကုန်သွားပြန်စရိတ် သက်သာတာပေါ့။ နောက်လလောက်ဆို ဖြေလို့ရတော့မယ်လို့ ပြောတယ်။
Monday, August 28, 2006
Today မန္တလေး
Subscribe to:
Post Comments (Atom)
3 comments:
အကိုတို့က ဆင်းရဲသား မြို့နယ်ထဲမှာ နေရလို့ ထင်ပါရဲ့ မီးက ဟိုအရင် အလှည့်ကျ ပေးတာထက်ကို ပိုပျက်နေပြီ... ညဘက်တောင် မလာတော့ဘူး...
SkyWalk ဆိုတာနာမည်ကြားရင် မန်းတလေးကိုပဲ ပြန်ချင်စိတ်ပေါက်ပေါက်နေတယ်။ ဦးထုပ်မဆောင်းရင် ခြောက်သောင်းကတော့များတယ် ဒီကောင်တွေ ၄သောင်းလောက် အကြံအဖန်ထုတာပဲနေမှာ။ မီးက ၂၄ လာမယ်လို့ကြားပါတယ်။ စက်တင်ဘာ ၃၁ ရက်နေ့မှစပြီး လာမှာတဲ့ :) မန်းတလေးမှာ ဘာစီးပွားရေးလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာကြာပြီ။ အခုမှပဲ အကြံရတော့တယ်။ ဖယောင်းတိုင်နဲ့ Petrol ပဲ ရောင်းတော့မယ်။
This really is good news from Mandalay. :)
Post a Comment