အလုပ်တွေများနေတယ်။ ကိုယ့်အလုပ်တွေလည်း ကိုယ်များနေတယ်။ သူများအလုပ်တွေလည်း ဒိုင်ခံများပေးနေတယ်။ ဒီရက်ပိုင်း ဘလော့ခ်ပေါ် တင်ဖို့ အချိန်လုနေရတယ်။ အိမ်မှာလည်း ခုဆို တစ်ယောက်တည်းပဲ...။ ဘယ်တုန်းကမှ တစ်ယောက်တည်း မနေဖူးတော့ တစ်ခါတစ်ခါ အားငယ်သလို ခံစားရတယ်။ တစ်နေ့က မေမေနဲ့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်က စားပွဲလေးမှာ ထိုင်ရင်း မေမေ့ကို သတိရပြီး မျက်ရည်တွေ ကျမိတယ် ... ။ တစ်ယောက်တည်း နေရတဲ့ အချိန်မှာ မေမေ့ကို အချိန်တိုင်းလိုလို သတိရနေမိတယ်။ အမြဲတမ်းအားပေးစကားပြောတတ်တဲ့ ဖေဖေ့ကိုတော့ မေမေ့ဆန္ဒအရရော၊ ကျွန်တော့် ဆန္ဒအရပါ ရိပ်သာဝင်ပြီး တရားအားထုတ်ဖို့ တိုက်တွန်းလို့ ရိပ်သာမှာ စခန်းဝင်နေလေရဲ့။ တစ်သက်လုံး ကိုယ့်အတွက်ကိုယ် ဘာမှမလုပ်နိုင်ဘဲ မိသားစု၊ သားသမီးတွေ ပြုစုလုပ်ကျွေးရတာ ဖေဖေ မောလှပါပြီ။ ဒီတစ်ခါတော့ ကိုယ့်အတွက်ကိုယ် အချိန်လေးတော့ နည်းနည်းပေးလိုက်ပါ ဖေဖေရယ် ဆိုလို့ စိတ်လိုလက်ရ ရိပ်သာကို သွားခဲ့တာပါ။ အင်း .......။ ခု တစ်ယောက်တည်း နေရတဲ့ အချိန်မှာ တွေးမိတာက နောက်နောင်မှာ ဖေဖေဟာလည်း ကျွန်တော်နဲ့တူတူ နေနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ ...။ ဖေဖေလည်း သံသရာ ခရီးကြီးကို ဆက်လျှောက်ရဦးမယ်...။ အဲဒီအခါကျရင် ကျွန်တော်ဟာ ခုလိုပဲ တစ်ယောက်တည်း အထီးကျန်ရင်း လောကကြီးကို ဖြတ်သန်းရမှာပါလားလို့ အားငယ်စွာနဲ့ တွေးမိတယ်။ ငယ်တုန်းကတော့ ဒါတွေကို မတွေးမိခဲ့ပါဘူး...။ ခုတော့ လောကဓံရဲ့ အရိုက်အပုတ် အထုအထောင်းကြားမှာ မောပန်းလှပေမယ့် ရှေ့ဆက်တွေ့ရဦးမယ့် ဘ၀အမောတွေနဲ့ စာရင် နည်းပါးလှပါသေးတယ်။ စိတ်နုတယ်ပဲပြောပြော၊ ပျော့ညံ့တယ်ပဲပြောပြော .. တခြားသားအမိနှစ်ယောက် အတူတူသွား၊ အတူတူစားပြီး ပျော်ရွှင်နေကြတာကို မြင်ရင် ခံစားရတယ်။ မေမေနဲ့ အတူ သွားခဲ့လာခဲ့စားခဲ့သောက်ခဲ့တဲ့ နေရာလေးတွေကိုရောက်ရင် အတိတ်က သားအမိနှစ်ယောက် ပျော်ရွှင်ခဲ့ကြတာတွေ၊ ပြောခဲ့တဲ့စကားတွေကို ပြန်တွေးမိပြီး ရင်ထဲက နင့်တယ်။ ဒါပေမယ့် မငိုပါဘူး... ...။ မျက်ရည်တွေကတော့ ပေါက်ခနဲ ပေါက်ခနဲ သူ့အလိုလို ကျလာတယ်။ တစ်ဖြည်းဖြည်းတော့ ခံနိုင်သွားမယ် ထင်ပါတယ်။ ရင့်ကျက်သွားတယ်ဆိုတာ အဲဒီလိုမျိုးများလား လို့တွေးမိရင်း ......။
6 comments:
အစ်ကိုနဲ့ ကျွန်တော်ဟာ အမေမရှိတာနဲ့ အဖေမရှိတာပဲ ကွာပါတယ်။ ဒီပို့စ်ကိုတွေ့တော့ ခွဲခွာသွားတဲ့ အဖေ့ကို သတိရတယ်ဗျာ။
တစ်ခါတလေကျတော့လည်း ဘ၀ဆိုတာ တစ်ယောက်ထဲနေမှ ပိုပြီးသိလာလိုပဲ။ ရှေ့ဆက်ဖို့ကတော့ အကောင်းဆုံးဖြစ်အောင် လုပ်နေကြရတာပါပဲဗျာ
ကြိုးစားပေါ့။ ကြိုးစားရင် ဘာမဆိုရပါတယ်။ ဒီစကားက ကြီးကျယ်တယ် မဖြစ်နိုင်ပါဘူးဆိုတောင် ကြိုးစားရင် အတိုင်းအတာ တစ်ခုထိဖြစ်လာမှာပါ။
ကိုတိုး
ကျနော်ကတော့ အဖေနဲ့ ညီမလေးနဲ့ အတူနေတယ်။ မိသားစုကနည်းတော့ သူများနိုင်ငံမှာ တစ်ခါတစ်လေကျရင်တော့ အားငယ်တယ်ဗျာ...။ ကျနော်လည်း college တက်ရင် သူတို့နဲ့ ခွဲသွားရအုံးမှာ။ တွေးရင်း အားတော့ငယ်...။ ဒီလိုပဲ ဖြစ်လာမှာပေါ့ဗျာ။
Fri
We are in the same boat.
I had more miserable conditions as my father passed away only when I was 7 years old. That is my lifelong requirement the I can never fill up.Any way show others that we can create our life in good qualities although we have lifelong blank in family life.
Fri
We are in the same boat.
I had more miserable conditions as my father passed away only when I was 7 years old. That is my lifelong requirement the I can never fill up.Any way show others that we can create our life in good qualities although we have lifelong blank in family life.
Post a Comment