ITခေတ်တွင် ITပညာရှင်ပေါင်းများစွာ ပေါ်ထွန်းလာသော်လည်း ပညာရှင်အများစုမှာ စီးပွားရေးဘက်ပိုင်းတွင် အားနည်းလျက်ရှိကြောင်း MCC ၏ ဥက္ကဌ ဦးဇော်ထွန်းဦးက ပညာရေးမိတ်ဆက်ပွဲတစ်ခုတွင် ပြောကြားသည်။ “ကျွန်တော်တို့အဖွဲ့အစည်းတွေမှာလည်း အတတ်ပညာရှင်တွေဟာ ဂုရုတွေပဲ ..ဒါပေမယ့် သူတို့က စီမံခန့်ခွဲမှု ကောင်းကောင်း မလုပ်တတ်ကြဘူး .. အမှန်ဆို မိမိရဲ့ ရာထူးက မြင့်လာလေလေ အတတ်ပညာပြင် စီးပွားရေးအတွေး (Business Thinking) တွေ ၀င်လာလေလေပဲ ..၊ စီးပွားရေးဆိုတာ အနာဂတ်ကို ကြည့်ရတာ .. ဘီလ်ဂိတ်ဘာလို့ အောင်မြင်လဲဆိုတော့ သူဟာ အိုင်တီနည်းပညာတစ်ခုတည်းကို ၁၀၀ ရာနှုန်းပြည့် မစဉ်းစားဘဲ စီးပွားရေးတွေပါ ထည့်စဉ်းစားလို့ပါ” ဟု ဥက္ကဌ ဦးဇော်ထွန်းဦးက ပြောသည်။
ယခုခေတ်သည် အသိပညာခေတ် ဖြစ်သည့်အတိုင်း နယ်ပယ်ပေါင်းစုံမှ လူငယ်များသည် မိမိနှစ်သက်ရာ၊ ရွေးချယ်ရာဘာသာရပ်နောက်သို့ အဆက်မပြတ်စေရန် ၊ အခြားသူများနှင့် ယှဉ်နိုင်ရန် သဲသဲမဲမဲ လေ့လာလျက်ရှိသော်လည်း စီးပွားရေးဘက်ပိုင်းကိုမူ မေ့ထားကြကြောင်း တွေ့ရသည်။ မည်သည့်ဘာသာရပ်တွင်မဆို အဆင့်မြင့် နက်ရှိုင်းလာပါက စီးပွားရေးအတွေးများ၊ စီမံခန့်ခွဲမှုများ ပါလာသည်ဖြစ်ရာ အောင်မြင်လိုသော ပညာရှင်များအနေနှင့် စီးပွားရေး အမြင်ရှိရန် လိုအပ်သည်။ “ဒီနိုင်ငံက ပညာရှင်တွေအနေနဲ့လည်း ဟိုနားဒီနားမှာ ဆော့ဖ်ဝဲလ်လေးရေး၊ ကွန်ပျူတာလေးရောင်း၊ ကွန်ပျူတာသင်တန်းလေးတွေပေး၊ ဒီလောက်မှာတင် ကျေနပ်မနေဘဲ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ အတွေးတွေ၊ အမြင်တွေရှိသင့်တယ်” အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ဒဲနစ်အောင်အောင်
Source: 7Days News Journal
Thursday Oct 2006

3 comments:
ဒါကတော့ အမှန်ဆုံးပါ။ Management မတတ်ရင် သွားပြီ။ လောကမှာ ပညာတတ်ထားတဲ့လူထက် တတ်တဲ့ပညာနဲ့ စီးပွားရှာပြီး စီမံတတ်တဲ့လူက ပိုပြီးတတ်တယ် ပိုပြီးတော်တယ်။ တသက်လုံးလည်း တတ်တဲ့ ပညာကို မေ့သွားမှာ မဟုတ်ဘူး။
ဟုတ်တယ်ဗျ .. ကျွန်တော် အခုတလော... အဲဒါကိုတွေးမိနေတယ်... နည်းပညာတစ်ခုနောက်ကို သဲကြီးမဲကြီး လိုက်ရင်း နစ်မြုပ်မနေဘဲ ... တခြားလိုအပ်တဲ့ Management နဲ့ Business အပိုင်းကိုပါ လေ့လာရင် ကောင်းမယ်လို့ စဉ်းစားနေတယ်ဗျ .......
သိပ်မှန်တာပေါ့ဗျာ။ ခင်ဗျားတို့ အိုင်တီသမားတွေ သတိပြုသင့်တာပါပဲ။ ဒါမှမဟုတ် ခင်ဗျားတို့ကို mgt လုပ်မယ့်သူ၊ (ခင်ဗျားတို့ကလည်း လိုလိုလားလားသူ့ရဲ့ mgt ကိုခံယူမယ့်သူ) ရှာပေါ့။
Post a Comment