Tuesday, October 24, 2006

Software ပြပွဲ

မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင်များအသင်း
(Mandalay Computer Industries Association)မှ ကြီးမှူးကျင်းပသည့် ပထမဦးဆုံးအကြိမ် လုပ်ငန်းခွင်သုံး Software များပြပွဲ


ရန်ကုန်နှင့် မန္တလေးရှိ Software Company ကြီးများမှ စုပေါင်းပြသမည်ဖြစ်ပြီး Company တစ်ခုချင်းအလိုက် ရှင်းလင်းပွဲများ ပြုလုပ်ပါမည်။ ပြောင်းလဲနေသော နည်းပညာများကို လေ့လာနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ အသုံးချလိုသည့် Software များကို တစ်နေရာတည်းတွင် နှိုင်းယှဉ်လေ့လာ၍ ဆွေးနွေးဝယ်ယူနိုင်ပါသည်။

နေ့ရက် - ၂၈.၁၀.၂၀၀၆ နှင့် ၂၉.၁၀.၂၀၀၆
နေရာ - YCC (MICT Park) ရတနာပုံဈေး၊ တတိယထပ်၊ မန္တလေးမြို့
အချိန် - နံနက် ၉း၀၀ မှ ညနေ ၅း၀၀ ထိ

ဟောပြောပွဲအစီအစဉ်များ
၂၈.၁၀.၂၀၀၆
၁။ ကွန်ပျူတာကို စနစ်တကျ အသုံးချခြင်း (ဦးသိန်းဦး - ဥက္ကဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်)
၂။ Globalization and ICT Development (ဦးခင်မောင်ညို - ဘောဂဗေဒ)

၂၉.၁၀.၂၀၀၆
၁။ ကွန်ပျူတာနှင့် ယနေ့ခေတ်လူငယ် (ဒေါက်တာကျော်သိန်း - ဒုဥက္ကဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်)

See also: MMtimes news

4 comments:

Chan Mya Soe said...

ဦးသိန်းဦးတို့ကတော့လုပ်ပြီ ကွန်ပျူတာကို စနစ်တကျအသုံးချခြင်းတဲ့ .. ဟိဟိ ဘာလဲမသိဘူး

D Moe Thit said...

ဘယ်သူတွေက စနစ်မကျ အသုံးချနေကြလဲမှ မသိပဲကွာ ... :P

Anonymous said...

ဦးသိန်းဦး ကတော့ ဆရာ လုပ်ပြန်ပြီ။ ဒီ ဘိုးတော်က အာဖြန်ကွီး။ သူ့ ဟောပြောပွဲမှာ မသိလို့ ထမေးတဲ့ သူကိုတောင် ဒါလေးတောင်
မသိဘူးလား လို့ ကော တဲ့ လူကြီး။ မသိလို့ ကတော့ သူ့သွားမမေးနဲ့ မောင်ရင်တို့ စိတ်တိုပြီး သူ့ နဖူးပြောင်ပြောင်ကို ဒရမ်အမှတ်နဲ့ တီးချင်လာလိမ့်မယ်။
ဟို မန္တလေးက သိန်း နာမည်ပါတဲ့ ဟို ဘဲကြီးကရော ဆရာကြီး ၀င်လုပ်ဦးမှာလား။

Anonymous said...

သားသားစားချင်တာ စားလို့ရပီ.. ချောင်းဆိုးတော့ဘူး..ရင်ကျပ်တော့ဘူး .. နဲ့ တူတဲ့ လူဂျီးလား ......... :P