Thursday, November 30, 2006

မကလိုက်ရတဲ့ဇါတ်

1st December World AIDS DAY အတွက် အရင်နှစ်ကလိုပဲ ... မြို့နယ်အလိုက် တစ်ခန်းရပ် ပြဇါတ် ပြိုင်ရမယ်လို့ အကြောင်းကြားတာကြောင့် သူငယ်ချင်းတွေစု၊ ဇါတ်လမ်းကို ကမန်းကတမ်း စဉ်းစားပြီး အရင်နေ့က ဇါတ်တိုက်ကြတယ်လေ ... အရင်နှစ် ပြိုင်ပွဲပြီးကတည်းက ဇါတ်လမ်းတွေ ရေးထားဖို့ စိတ်ကူးရှိခဲ့ပေမယ့် အလုပ်တွေမအားတာကြောင့် ဘာမှ မလုပ်ဖြစ်ခဲ့ပဲ ... တစ်နေ့ရေးမယ် .. ရေးမယ်နဲ့ နောက်တစ်နှစ်ကို ရောက်လာပြန်ရော ...။ ဇါတ်လမ်းတိုက်ကျတော့ ကိုယ်ကျရာဇါတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့ အားလုံးကြိုးစားကြပါတယ် .. မကြိုးစားလို့မရဘူးလေ .. အရင်နှစ်က ကျွန်တော်တို့က မဟာအောင်မြေ မြို့နယ် ကိုယ်စားပြုပြီး ဒုတိယဆုရထားတာကိုး ... (ကြုံတုန်း :P) ပြဇါတ်တိုက်ရင်း ... နောက်ဆုံးခန်းလည်း ရောက်ရော ... ပြဇါတ်က ပြိုင်ပွဲ မဖြစ်တော့ဘူးလို့ သိလိုက်ရတယ် ...။ တစ်နေကုန်မောထားသမျှ အချည်းနှီးတော့ ဖြစ်သွားတာပေါ့ ... ဒါပေမယ့် ကြုံရင် သုံးဖို့ ဇါတ်လမ်းတစ်ပုဒ် ရသွားတယ် ... ပွဲမဖြစ်တော့မှန်းလည်း သိရော .. သူငယ်ချင်းတွေစုံတုန်း လျှောက်လည်ကြတာ .. ပြင်ဦးလွင် အတက်နားက ကျောက်ချော(ခ)အိုးတစ်လုံးကို ရောက်သွားတယ် .. တခါမှ မရောက်ဖူးဘူး ... ကားအဆင်းလမ်းနဲ့ အတက်လမ်းကြားထဲက လျှိုထဲမှာရှိပြီး သဘာဝအလျောက်စီးဆင်းနေတဲ့ ရေတံခွန်တွေ ၊ ရေကန်တွေနဲ့ တော်တော် သာယာလှပါတယ် ..။ ရေတွေက အေးစိမ့်နေတာပဲ ... အားလုံးပဲ ရေထဲဆင်း ရေဆော့ကြပြီး အပြန်ကျတော့ ခိုက်ခိုက်တုန်အောင် ချမ်းနေကြတယ်..... အဲဒီနေ့က အဓိကကတော့ ပြဇါတ်တိုက်ကြတာပါပဲ .. မကဖြစ်တော့ ပိုတဲ့ အချိန် လျှောက်လည်လိုက်ကြတာပေါ့ ...။ ညနေကျတော့ ရှမ်းထမင်းဆိုင်မှာ စားသောက်ကြရင်း .. အဲဒီ ပျော်စရာနေ့ကို အဆုံးသတ်လိုက်ကြတယ် ... ။

ပြဇါတ်မကဖြစ်ပေမယ့် ဇါတ်ဝင်ခန်းရဲ့ သရုပ်ဆောင်တွေကို မှတ်တမ်းတင်ထားလိုက်ဦးမယ် ...။
ဇာနည် (မူးယစ်ဆေးဝါးသုံးစွဲသူ) အဖြစ် - ကျော်ထက်လွင်
မိန်းမလိုက်စားသည့်ဇာနည့်သူငယ်ချင်း၁ အဖြစ် - ပုတု
မိန်းမလိုက်စားသည့်ဇာနည့်သူငယ်ချင်း၂ အဖြစ် - သန့်ဇင်ဝင်း
ကိုယ်ကျင့်တရားကောင်းသည့်သဘောင်္သားအဖြစ် - သျှားညို
ရဲအရာရှိအဖြစ် - ဥာဏ်ဥာဏ်
ရဲတပ်သားအဖြစ် - စည်သူလှိုင်
ရပ်ကွက်လူကြီးအဖြစ် - ဖြိုးလွင်ထူး
ဦးထွန်းမောင် (ဖခင်) အဖြစ် - ဆက်အောင်
အထူးကုသမားတော်ကြီးအဖြစ် - ဇော်မိုးအောင် :P

ကြည်ပြာ အဖြစ် - ကေကေ
ဒေါ်မြ အဖြစ် - သျှန်လေး
မိခင်နှင့်ကလေးအဖွဲ့ဝင်အဖြစ် - ဟန်ဆွေ
အမျိုးသမီးရေးရာအဖွဲ့ဝင်အဖြစ် - မို့မို့
အတင်းပြောသည့် ဒေစီအဖြစ် - ရွှေရည်ဝင်း
သူနာပြုဆရာမ အဖြစ် - အစော

2 comments:

Anonymous said...

တို့မင်းသားကတော့ နေရာကောင်းကို ယူထားတာကိုး... :P

Chan Mya Soe said...

ဟိုက် သမားတော်ကြီး နေကောင်းလား