Tuesday, December 26, 2006

ပျော်ရွှင်ဖွယ် Christmas ဖြစ်ပါစေ ..

ဒီဇင်ဘာလ တစ်လလုံး အလုပ်တွေရှုပ်နေတယ်... အင်တာနက်ကလည်း အရင်ကလို မသုံးနိုင်တော့ ဘလော့ခ်လည်း ပုံမှန်မတင်ဖြစ်ဘူး ... ။ အမြဲဝင်ဖတ်တဲ့သူတွေကို တကယ်ပဲ အားနာမိပါတယ်...။ Cbox မှာ Christmas ဆုတောင်းပေးကြတဲ့သူတွေနဲ့ ၀င်ရေးပေးကြသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်...။

မန်းမှာတော့ အရင်ရက်တွေထက် ပိုပိုပြီး အေးလာနေပြီ ...။ ရာသီဥတုက အေးလွန်းတော့ နှာရည်တွေ တရွှဲရွှဲ ဖြစ်နေတော့တာပေါ့ ... ၂၂ရက်နေ့က သူငယ်ချင်းတွေနဲ့အတူ တစ်ညလုံး သီချင်းလိုက်ဆိုကြသေးတယ်.... Christmas အတွက်ပေါ့ ...။ ဂစ်တာက ၃လက်တီးပြီး ကျွန်တော်အပါအ၀င်ဆိုတဲ့သူ ၁၀ယောက်လောက် ပါတယ်.... ညနေ ၆နာရီက စထွက်လိုက်တာ .. မနက် ၄နာရီမှ အိမ်ပြန်ရောက်တယ်... သွားရတဲ့အိမ်ကလည်း အိမ် ၃၀ကျော်တော့ မနက်လည်းရောက်ရော .. အသံတွေ ၀င်နေတော့တာပဲ .... ပျော်ဖို့ သိပ်ကောင်းပါတယ်....။

မနေ့က ပြင်ဦးလွင်ကို တက်ဖြစ်တယ်... ကျွန်တော်တို့ဆရာတစ်ယောက်နဲ့အတူ သူငယ်ချင်း ၁၂ယောက်လောက် သွားကြတာပါ .. ကန်တော်ကြီးထဲမှာ ပန်းပြပွဲရှိနေသေးပေမယ့် တကယ့် ပွဲတော်ရက်ကလောက် မလှတော့ပါဘူး ...။ လာတဲ့လူတွေလည်း သိပ်မရှိတော့ပါဘူး ...။ ရှိုးပွဲတွေရှိတဲ့ရက်ကတော့ ကြိတ်ကြိတ်တိုးကို စည်ကားတယ်လို့ ပြောကြတယ် ... ။ ဈေးတွေကလည်း ဘာကြီးသလဲ မမေးနဲ့တဲ့... ထမင်းတခါပြင် တစ်ပွဲကို ၂၀၀၀ ယူတဲ့ဆိုင်ကယူ... ဆိုင်ကယ်အပ်တာတောင် ၁စီး ၅၀၀ ဆိုတော့ လွန်လွန်းတယ်ဗျ...။ မနေ့က Land Marks ကိုလည်း တစ်ခါတည်း ရောက်ခဲ့သေးတယ်.. မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နေရာတွေကို ပုံစံတူတွေ လုပ်ထားတာဗျ .. တော်တော် လက်ရာမြောက်တယ်...။

မန်းမှာ Christmas နဲ့ New Year အတွက် ဟိုတယ်တွေ၊ မြက်ခင်းပြင်တွေ မှာ .. အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေရှိပေမယ့် ... ဈေးတွေကြီးလွန်းတာကြောင့် ဘယ်လိုမှ အနားမကပ်နိုင်ဘူး ....။

Christmas နဲ့ New Year မှာ အားလုံးအားလုံးသော မိတ်ဆွေများ၊ အကိုအမများ၊ သူငယ်ချင်းများ ... စီးပွားတိုးတက်ပြီး ကျန်းမာပျော်ရွှင်သော ဘ၀ကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...

Merry Christmas and happy new year to you all


3 comments:

MYO HAN HTUN said...

ကိုဇော်ရေ .. မန္တလေးအကြောင်းကိုတော့ ရေးသာရေးပါ။ မန္တလေးမှာက အောက်တိုဘလ လောက်ကနေစပြီး ဘုရားပွဲ၊ ကထိန်ပွဲ၊ အခြားပျော်ပွဲ ရွှင်ပွဲတွေ စခဲ့တာမို့ ပွဲကြိုက်တတ်တဲ့ မန္တလေးသူ၊ မန္တလေးသားများရဲ့ ခံစားချက်တွေကို နားလည်ပါတယ်။ Christmas မှာတော့ ကိုဇော်လို မနွှဲခံဖူးပါဘူး။ အားပေးတဲ့ အဆင့်လောက်ပါပဲ။ အခြားပွဲလေးတွေ အကြောင်းလည်း ရေးပါအုံး။ မန္တလေးကိုတော့ အရမ်းသတိရတယ်။

ကိုတိုး

nitikiti said...

www.zawwintun.blogspot.com

PYAE PHYO said...

ကိုဇော်မိုးအောင် ရေ မန်းလေး ဓါတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ်။ ဟဲဟဲ ... အဆင်ပြေရင် ပြင်ဦးလွင် ဓါတ်ပုံ လေးတွေပါုကည့် ချင် ပါသေးတယ် ဗျာ။ အလွမ်းပြေ လေးပေါ့။