အလုပ်တွေမအားတာနဲ့ .. အားတော့လည်း အင်တာနက် မသုံးဖြစ်တာနဲ့ လုံးချာလိုက်ပြီး blog ကို မတင်ဖြစ်ဘူး ဖြစ်နေတယ်...။ ဒါပေမယ့် blog ပေါ်မှာပဲ စိတ်ကရောက်နေတယ် ....။ အမြဲ ၀င်ဖတ်ကြသူတွေကို .. တကယ်ပဲ အားနာမိပါတယ်....။
မန်းမှာတော့ ရာသီဥတုက နေ့လည်ဆိုရင် နည်းနည်းပူစပြုနေပြီ ... မနက်ပိုင်းနဲ့ ညပိုင်းတော့ အေးသေးတယ် ...။ မန်းကိုရောက်ခါစကတော့ အေးတာကို လုံးဝမကြောက်ခဲ့ပေမယ့် မန်းနွေနဲ့ နေသားကျလာတဲ့ ကျွန်တော် မန်းဒလေး ဆောင်းမှာ ... တော်တော် ဒုတ်ခရောက်ရပါတယ်....။ ခုတော့ တော်သေးတာပေါ့ .. နည်းနည်း ပူစပြုနေပြီဆိုတော့ ...။
အလုပ်ရှုပ်လိုက်ပုံကတော့ မပြောချင်တော့ပါဘူးဗျာ........။ ကိုယ်ကကို မရှုပ်ရှုပ်အောင် လုပ်နေမိတာကိုး ....။ ရှုပ်တော့လည်း ညည်းရလောက်အောင် ရှုပ်ရှုပ်သွားတယ် ....။ မန်းမှာ ဈေးချိုကဈေးရောင်းပွဲတော်လုပ်သွားပေမယ့် ... တစ်ခါမှ မရောက်လိုက်ဘူး ... ။ မသွားချင်လို့တော့ မဟုတ်ဘူးဗျ....။ ဈေးပွဲတော်သွားတယ်ဆိုတာ .. ငွေက လိုသေးတယ်မဟုတ်လား ...။ အဲဒီလိုလူက ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးဗျ. ... ။ အဲဒါနဲ့ ဈေးပွဲတော်ကြီးလည်း ခြောက်ကပ်နေမယ် ထင်တာပဲ .......။
တစ်လရှစ်ထောင်ပေးရတဲ့ မေးလ်ကလည်း ဟုတ်မလားလို့ ၃နှစ်လောက် Extension လုပ်ခဲ့တာ... ခုတော့ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် သောက်သုံးမကျလို့ Extension မလုပ်တော့ဘူး ... ပစ်လိုက်ပြီ .... အမကြီးတစ်ယောက်ကတော့ အဲဒီမေးလ်ကို ငွေပေးဝယ်တယ်လို့ ပြောတော့ "လူမိုက်" တဲ့ ...... အလကားရတဲ့ မေးလ်လေး တစ်ခုလောက် အားကိုးသုံးနေပါတယ်ဆိုမှ ဒီကနေ့ဝင်တော့ Access Denied တဲ့ ....စုတ်ပဲ့လိုက်တာ.. အောက်တန်းကျလိုက်တာ........ သေချင်းဇိုးတွေ လို့ အခါခါ ဆဲနေမိတယ်.... အဲဒါနဲ့ ကျော်ခွပြီး ၀င်မယ်လုပ်တော့ အဲဒီဆိုက်ကိုလည်း Access Denied တဲ့ ......... နောက် တစ်ခုထပ်ဝင်တော့လည်း Access Denied တဲ့ .... ယုတ်မာကြတယ် ..ကောက်ကျစ်ကြတယ် ... အဲဒီ Access Denied ဆိုတာကြီးကို တော်တော် သောက်မြင်ကပ်နေတယ် .... ဘာရယ်ဟုတ်ဘူး .. ပေါက်ကွဲကြည့်တာ ....... ကိုယ်ကတော့ ဘာမှတတ်နိုင်ပါဘူး .. :)
ဟူး ........ မောတယ် .. မောတယ်..................

3 comments:
ကိုဇော် ပေါက်ကွဲတာ ဒီတစ်ခါ ပထမဦးဆုံး မြင်ဖူးခြင်း .. စိတ်ထိန်း ပါ ငါ့ညီရေ ..
မမောပါနဲ့ ဗျာ..
ကြော်၊ ချက်၊ ပြုတ်ပြီး ကြိုးစားလိုက်ပါ..
အလုပ်ရှုပ်နေရင်လည်း အချိန်ရရင် ရနိုင်သလောက် လာရေးပါဦး..
အားပေးနေပါတယ်..
အားလုံး အဆင်ပြေပါစေ။
အရည်အသွေးတွေမြင့်မားအောင် လုပ်ဆောင်ပေးနေတယ်လို့သာ သဘောထားလိုက်ပါ .. ကိုဇော်မိုးအောင်ရေ ..
Post a Comment