Sunday, March 18, 2007

ဖတ်မိတဲ့ ၀တ္တုတိုတစ်ပုဒ်

ဝတ္တုတိုတွေကြိုက်တတ်တဲ့ ကျွန်တော်၊ အကိုတစ်ယောက်ဆီက ကြည်အေး(ဒေါ်) ရဲ့ အိပ်မက်နှင်းမြူဆိုတဲ့ စာအုပ်ကို ဖတ်ဖတ်ခြင်း ပထမတစ်ပုဒ်မှာတင် အကြိုက်တွေ့ခဲ့ပါတယ်။ ၁၉၄၇ခုနှစ်မှာ ဆရာမရဲ့ ပထမဦးဆုံး ပုံနှိပ်ဖေါ်ပြတဲ့ “ထိုည” ၀တ္တုတိုလေးကို အရေးအသားရော အဖွဲ့အနွဲ့ပါ ကြိုက်နှစ်သက်လွန်းတာကြောင့် အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ အပျံသင်စ အရာရာကို စိတ်ကူးယဉ်တတ်တဲ့ အပျိုမကလေးရဲ့ စိတ်လှုပ်ရှားဟန် လေးကို ပီပီပြင်ပြင် ဖွဲ့နွဲ့ထားတာကို မဖတ်ဖူးတဲ့သူတွေ ဖတ်ရအောင်လို့ ဘလော့ပေါ် တင်ဖြစ်ခဲ့ပြန်ပါပြီ ။

ထိုည

အပျိုမကလေးသည် မော့၍ ကြည့်လိုက်၏။ လသည် အင်မတန်ပင်မြင့်၍နေလေပြီ။ လသည် ပြာသော ကောင်းကင်ဝယ် ရွှေရောင်လိုလို ငွေရောင်လိုလို ၀င်းမှည့်နေသဖြင့် ဖဲပြာပေါ်တွင် ဟိုလိမ့်သည်လိမ့် လိမ့်ကာ ဟန်ယူနေသော အရည်ရင့်ရင့် ပုလဲလုံးနှင့် ပမာတူ၏။ ဆောင်တော်ကူးခိုင်ပမာ အိ၍နေသော တိမ်တောင်တို့သည် လရောင်တစ်ဝက်၊ အရိပ်တစ်ဝက်ဖြင့် ပြိုတော့မည့်ပမာ လေးပင်စွာ တွဲကျနေပေ၏။ စိန်ကြယ်ပွင့်တို့သည်လည်း တဖျတ်ဖျတ်တောက်ကာ မျက်တောင်တခတ်ခတ်နှင့် လက်နေကြလေသည်။

အပြည့်အစုံသို့

No comments: