Alpine Thingyan 2007 in Mandalay
သင်္ကြန်မတိုင်ခင်ကလည်း အလုပ်တွေရှုပ်၊ သင်္ကြန်ပြီးပြန်တော့လည်း အင်တာနက်သုံးရတာ အဆင်မပြေတာနဲ့ ပိုစ့်အသစ်တွေ မတင်ဖြစ်တာပါ ...။ အရင့်အရင်နှစ်တွေက သင်္ကြန်ဆိုရင် တောင်ကြီး၊ အင်းလေး၊ ပင်းတယကို သွားတာ နှစ်နှစ်ရှိပြီလေ ...။ ဒီနှစ်တော့ မသွားချင်တော့တာနဲ့ (ပိုက်ဆံမရှိတာလည်းပါတာပေါ့) မန္တလေးမှာပဲ နေဖြစ်တယ် ...။ ဒီနှစ်မန္တလေးသင်္ကြန်က မဏ္ဍပ်နည်းတယ် ...။ ဘာမှသိပ်မရှိဘူး၊ ကျုံးတောင်ဘက်နဲ့ အရှေ့ဘက်တစ်ခြမ်းလောက်နဲ့ အနောက်ဘက်တစ်ခြမ်းလောက်မှာပဲ မဏ္ဍပ်ရှိတယ် ...။ မဏ္ဍပ်နည်းသည်ဖြစ်စေ .. များသည်ဖြစ်စေ .. လည်တဲ့သူတွေကတော့ ပုရွက်ဆိပ်တွေကျနေတာပဲ .. အုံလို့ခဲလို့ပါပဲ ...။ ကျွန်တော်ကတော့ Alpine မဏ္ဍပ်မှာပဲ ၄ရက်လုံး အချိန်ကုန်သွားလေရဲ့ ...။ နည်းနည်းတော့ ပျင်းဖို့ကောင်းတယ် ...။ နေ့လည် မဏ္ဍပ်မှာ ရေကစားပြီး ညနေနဲ့ညပိုင်းကျတော့ မဏ္ဍပ်ပေါ်မှာ ငုတ်တုပ်ပဲလေ ...။ ယောင်္ကျားလေးအဆိုတော်တွေအနေနဲ့ မာရဇ္ဇ၊ ထူးအယ်လင်း၊ ဖြိုးကြီး၊ ရဲအောင်၊ လွင်မိုး၊ ငှက်ပျောကျော်၊ အရိုင်း၊ ညီနန္ဒ၊ The Ants အဖွဲ့ ၊ အမျိုးသမီးအဆိုတော်တွေက ထွန်းအိန္ဒြာဗိုလ်၊ မီးမီးခဲ၊ ယုဇန၊ စိုးမြတ်သဇင်၊ လုလု၊ ခိုင်သင်းကြည်၊ စိုးမြတ်နန္ဒာ၊ အိန္ဒြာကျော်ဇင်၊ မေသန်းနု၊ ဇူးဇူးမောင်၊ ခိုင်ပွင့် … တော်တော်များများ သီဆိုကြပါတယ် …။ (မေ့တာတွေပါဦးမယ်ထင်တယ်) နောက်ဆုံးကျတော့ မဏ္ဍပ်ပေါ်မှာ ဖိနပ်တွေ တောင်းတစ်တောင်းအပြည့်ရတယ်လေ ….။ သီချင်းဆိုနေကြတုန်း ရေသန့်ဗူးမိုး ခဏခဏ ရွာတယ်…။ :P နောက်ဆုံးအတက်နေ့ကတော့ မနက် ၁း၀၀ နာရီမှာပဲ အိမ်ပြန်ရတော့တယ် ....။ အကြတ်နေ့လောက်ကလည်း ဆိုင်ကယ်နဲ့ အပြင်ကို ခဏသွားတော့ ရန်ဖြစ်နေကြတဲ့ လူအုပ်စုနဲ့ တိုးခဲ့ရသေးတယ် ....။ ရန်ဖြစ်လို့  ထိုးနေကြတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်ကို အခြားတစ်ယောက်က သံတုတ်ကြီးနဲ့ ရိုက်လိုက်တာ ... အရိုက်ခံရသူခမျာ အရုပ်ကြိုးပြတ် ပုံခနဲ ခွေကျသွားတော့တယ် ...။ ပုလင်းနဲ့ရိုက်လိုက်တာ ကွဲပြီးတော့ ကိုယ့်ကို လာစင်လို့ မနည်း ရှောင်လိုက်ရသေးတယ် ...။ အဲဒါတွေကြည့်ပြီး သင်္ကြန်လည်ရမှာကို ပိုပြီး ကြောက်မိတယ် ...။ ၄ရက်လုံး Alpine မှာပဲ အချိန်ကုန်သွားတာကြောင့် တခြားဘယ်မဏ္ဍပ်တွေ ဘယ်လိုရှိတယ်ဆိုတာ လုံးဝကို မသိလိုက်ရဘူး ...။ Alpine မှာ ရိုက်ခဲ့တဲ့ပုံတွေ တင်ပေးလိုက်ပါတယ် ....။

2 comments:
ပုံတွေမိုက်တယ် alpine က တော်တော်စည်ပါတယ် :)
ကိုမင်းဦးကို သိသလိုလို တစ်နေရာရာမှာ မြင်ဘူးသလိုလိုပဲ :/ ?
Post a Comment