ကျွန်တော့်လို အထွေးခံရသူတွေ ဘယ်နှယောက်များရှိသလဲလို့ စဉ်းစားမိပါတယ်။ မန္တလေးကို စရောက်စကတည်းကရင်း အဲဒီဒုက္ခကို ခဏခဏကြုံရတယ်... လမ်းပေါ်မှာ ကိုယ့်ရှေ့ကနေ စက်ဘီးစီးရင်းထွေးတယ်.. ဆိုက်ကယ်စီးရင်းထွေးတယ် ... ကားမောင်းရင်းထွေးတယ် ... ကားစီးရင်းထွေးတယ် ... ။ အံ့သြဖို့တော့ကောင်းတာတစ်ခုက သူ့ပါးစပ်ထဲက ကွမ်းသွေးတွေကို ထွေးထုတ်တဲ့အခါ သူ့ကိုယ်သူပေမှာစိုးလို့ လက်ကလေးက ကာလိုက်သေး ... ပြီးမှ ခပ်ဝေးဝေးဘေးတစ်နေရာကို ပျစ် ခနဲ ထွေးလိုက်တာ .. နောက်ကလူတွေ၊ ဘုန်းကြီးတွေ၊ ဆရာမတွေ၊ ကလေးတွေကို စင်ကုန်တော့တာပါပဲ ...။ တော်တော်အောက်တန်းကျပြီး စုတ်ပဲ့တဲ့လုပ်ရပ်လို့ပဲပြောချင်တယ်... ။
ကွမ်းစားတဲ့သူတွေကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ကိုယ့်ပါးစပ်နဲ့ကိုယ် စားကြ၀ါးကြတာ ဘာမှ ပြောလို့မရပေမယ့် ပါတ်ဝန်းကျင်ကို ထိခိုက်တာတော့ ဆိုးရွားလွန်းတယ် ...။ ရှေးလူကြီးတွေပြောတဲ့ အရည်မရမဖတ်မရဆိုတာ ဒါကို ပြောတာထင်တယ် ...။ ဘလော့တစ်ခုမှာဖတ်လိုက်ရတယ်...။ လမ်းဘေးမှာကွမ်းရောင်းရင် စည်ပင်က ဒဏ်ငွေတပ်တော့မယ်ဆိုလား ...။ အဲဒီဟာက တကယ်ကြပ်ကြပ်မတ်မတ်နဲ့ တကယ်ခိုင်မာရင်၊ တကယ်လုပ်မယ်ဆိုရင်ကောင်းပါတယ်...။ (အဖျားမရှုးရင်ပေါ့) .. ကျွန်တော်သာ သမ္မတဖြစ်ရင် ကွမ်းယာရောင်းသူတွေပါမကဘူး ... သတ်မှတ်ဧရိယာမှာ ကွမ်းယာစားတဲ့သူတွေ့ရင်ဖမ်း၊ ဒါဏ်ငွေတပ်၊ ကွမ်းယာစားဖို့သတ်မှတ်ထားတဲ့ သီးသန့်နေရာမှာ ကွမ်းကို သေအောင်စား .. စုတ်ပြတ်သတ်အောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထွေးကြပေါ့ ... မကောင်းဘူးလား ... အဲဒီလို လုပ်ပစ်ချင်တယ် ...။
ကွမ်းယာဗလပျစ်စားသူတွေ၊ စည်းမရှိကမ်းမရှိ တောင်ထွေးမြောက်ထွေး ထွေးကြသူတွေ၊ စကားပြောကောင်းရင် လက်ကာပြပြီး ကွမ်းသွေးထထွေးသူတွေကို ကြည့်မရပဲ သောက်မြင်ကပ်နေမိတယ်....
4 comments:
ဒီလိုစည်းကမ်းမဲ့ ကွမ်းထွေးတာတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်သင့်နေပါပြီ.....
တီးလိုက်ပြီးရော .. မနိုင်ရင် တရုတ်တန်းကမောင်တွေ သွားခေါ် ..
မန်းလေးမှာကတော့ အဲဒီဒုက္ခက တစ်မျိုးပဲ ဟိဟိ
ကိုကြီးတိုး အသာလုပ်ပါ ... မြှောက်ပေးနေတယ် :D
I like this post..we ignore this bad habbit of spitting for an ages.
By the way..this blogger is more like artist. Keep dreaming. Cheer u up!
Post a Comment