ဒီဂျစ်တယ်ကင်မရာတွေ၊ အမ်ပီဖိုးတွေ ပေါများလာပြီး လူတိုင်းနီးပါးသုံးစွဲလာနိုင်တာနဲ့အမျှ ညစ်ညမ်းဗီဒီယိုကားတွေလည်း ၄င်းတို့နဲ့အတူ ပေါများလာပါတယ်။ နာမည်ကြီး မိန်းကလေး သရုပ်ဆောင်တွေရဲ့ ဟိုကား၊ ဒီကားဆိုပြီး ခိုးကူးစီဒီတွေရောင်းတဲ့ ဆိုင်တွေမှာ ပေါ်တင်ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။ ကိုယ့်ချစ်သူကို ယုံလို့ပုံအပ်ပြီး ဟိုတယ်၊ တည်းခိုခန်းကို လိုက်တဲ့ မိန်းကလေးများ သတိထားစရာပါ။ ကိုယ့်ကိုယ်ကို လုံခြုံလှပြီလို့ ထင်ပေမယ့် အစွမ်းထက်လှတဲ့ ကင်မရာတွေ၊ ဟမ်းဖုန်းတွေကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့တာပါပဲ ..။
ဒီလိုဇါတ်လမ်းတွေက ခဏခဏ ကြားဖူးနေကြတာကြောင့် မိန်းကလေးများ အနေအထိုင် ဆင်ခြင်သင့်လှပါတယ်။ တစ်ဆိတ်ကို တစ်အိတ်လုပ်ချင်တဲ့ လူတွေရဲ့ သဘာဝကြောင့် ပြသနာက ပိုပြီး ကြီးကျယ်သွားတတ်ပါတယ်။ မော်ဒယ်ရှိုးပွဲတွေနဲ့ စင်မြင့်ဖျော်ဖြေပွဲတွေမှာလည်း စကပ်ဝတ်ထားတဲ့ မိန်းကလေးများရဲ့ အောက်ကနေ ကင်မရာနဲ့ ပင့်ပြီး ရိုက်တာတွေလည်း မြင်နေရပါတယ်။ ဘယ်သူမှလည်း အရေးယူခြင်း မရှိပါဘူး။ ဒီလိုကိစ္စတွေကို သည်းကြီးမည်းကြီးလိုက်ပြီး သတင်းဖြန့်တတ်တဲ့ မုဆိုးတွေဟာ နေရာတကာမှာ ရှိနေနိုင်တာကြောင့် မိန်းကလေးများ အစစအရာရာမှာ သတိထားပါမှ တော်ရာကျမှာဖြစ်ပါတယ်။ လက်သည်းခွံလောက်ရှိတဲ့ ကင်မရာကို အိမ်သာထဲမှာတပ်ထားတာတို့၊ ဟိုတယ်အခန်းတွေမှာ လျို့ဝှက်ကင်မရာပါပြီး တစ်နေရာရာကနေ စောင့်ကြည့်နေတာတို့ဟာ ခဏခဏကြားရ မြင်ရပါတယ်။
စက်ပစ္စည်းတွေ ခေတ်မှီတိုးတက်လာပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်မရွေး အင်တာနက်က ဆက်သွယ်နေနိုင်တာဟာလည်း ပျက်စီးသော မိန်းကလေးတို့အတွက် အသုံးချစရာတစ်ခုဖြစ်နေပါပြီ။ မိန်းကလေးတို့အိနြေ္ဒ၊ ရွှေပေးလို့မရ၊ ခြေတစ်လှမ်းကုဋေတစ်သန်း စတဲ့ စကားများဟာ မြန်မာမိန်းကလေးတိုမိမိတို့ရဲ့ အိနြေ္ဒနဲ့ သိက္ခာကို တန်ဖိုးထားကြောင်းပြဆိုနေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မြန်မာမိန်းကလေးများ အစစအရာရာမှာ တွေးဆဆင်ခြင်ပြီး အန္တရယ်ကို ရှောင်ကွင်းနိုင်ကြဖို့ အရေးကြီးပါတယ်။
4 comments:
ဒီကိစ္စတွေကို နိုင်ငံခြားမှာတော့ ရာဇ၀တ်မှုဆိုပြီး ဖမ်းပါတယ်။ လူထုကိုလည်း ပညာပေးပါတယ်။
ဒီမှာ အသိတစ်ယောက်ပြောတာကတော့ သူငယ်ချင်းတွေကို ကြွားရကနေ ပြန့်သွားတာများတယ်တဲ့။ ရာဇဝတ်မှု သင့်မသင့်တော့ မသိပေမယ့် ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ဆင်ခြင်သင့်တယ်။
ဟုတ်တယ် ။ အဲဒါတွေကမဖြစ်သင့်ဆုံးပဲ ။
မြန်မာမိန်းကလေးတွေ
ွဝတ်စားဆင်ယင်မှုတွေပြုပြင်သင်.ကြပြီ။
ကြာရင်လူမျိုးပျောက်လိမ်.မယ်။ပြီးတော.မိမိကိုယ်ကို
ထိန်းသိမ်းဘို.၊နာမည်ကြီးလာတာနဲ.လုပ်ချင်ရာအထိန်း
အကွပ်မရှိလုပ်တာဆင်ခြင်ကြဘို.၊ပညာပေးဘို.အများကြီးလိုလာပြီ၊လူညီရင်ဤတောင်ကျွဲဟုဖတ်တယ်၊
အများစုကလက်မခံရင်တဖြေးဖြေးပျောက်သွားမယ်။
ကိုဇော်မိုးတို.လိုလူငယ်တွေရဲ.အားအများကြီးလိုပါတယ်။
မမို
Post a Comment