Wednesday, August 08, 2007

မိတ္ထီလာကုန်စည်ပြပွဲနှင့်ဈေးရောင်းပွဲတော်

ပိုင်အောင် Trading Co., Ltd. က ကြီးမှူးကျင်းပတဲ့ ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို မိတ္ထီလာမြို့မှာ ၅ရက်နေ့ကနေ ၉ရက်နေ့အထိ ကျင်းပနေပါတယ် ...။ ကျွန်တော်တို့ ၅ရက်ကနေ ၇ရက်နေ့အထိ Talents & Models နဲ့အတူ Model show, Dancing များနဲ့ မိတ္ထီလာ ပရိတ်သတ်ကြီးကို ဖျော်ဖြေခဲ့ကြပါတယ်။ နယ်မှာလုပ်တဲ့ပွဲကို ပထမဦးဆုံးကြုံဖူးတဲ့ ကျွန်တော့်အတွက် ပွဲစစချင်းရက်တွေမှာ ပရိတ်သတ်ကြီးကို ကြောက်နေခဲ့တာပါ ...။ နယ်ပရိတ်သတ်ရဲ့ အားပေးမှုကတော့ ကြောက်ခမန်းလိလိပါပဲ ... ။ ဘာပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းပါတယ်...။ မိတ္ထီလာမြို့ရဲ့ ကန်တော်မင်္ဂလာခန်းမမှာ တစ်ရက်ကို ၃ပွဲ ဖျော်ဖြေပြီး ပန်ကာမရှိ၊ အဲယားကွန်းမရှိတဲ့အတွက် ချွေးတွေရွှဲပြီး တော်တော်ပင်ပန်းခဲ့ပါတယ် ...။ မန္တလေးမှာ ကိစ္စတွေရှိသေးလို့ ပွဲမပြီးခင် ပြန်ခဲ့ကြတယ်...။ ၉ရက်နေ့ထိတော့ ဖျော်ဖြေရေးက ရှိဦးမှာပါ ...။

ဒါနဲ့စကားမစပ် ... ကြော်ငြာဝင်လိုက်ဦးမယ် :P ... ကျွန်တော်တို့တည်းတဲ့ ရွှေလမင်းမိုတယ် နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ထမင်းဆိုင်လေးက အရမ်းစားလို့ကောင်းတယ်ဗျာ ... ခုတောင် လွမ်းနေသေးတယ်...။ ၀ယ်စားတဲ့ ထမင်းဟင်းအပြင် စေတနာ မေတ္တာ ဗလပွနဲ့ ချကျွေးတဲ့ ဟင်းတွေ၊ အသီးအနှံတွေကလည်း အလျှံအပယ်ပါပဲ ... ပြီးတော့ ရောင်းတဲ့ အစ်မလေးက တော်တော်ချောတယ်ဗျ ... ။ မိတ္ထီလာကို ရောက်လို့ ကြုံရင် အဲဒီဆိုင်မှာ စားကြည့်လိုက်ကြဗျာ ..

1 comment:

MYO HAN HTUN said...

ဘုရားလည်းဖူး လိပ်ဥလည်းတူးခဲ့တာလား .. :P