ဘုရားဒကာ ကျောင်းဒကာ ဆိုလို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတွေတည် ကျောင်းတွေဆောက်နေတဲ့ ဘုရားဒါယိကာကြီး လို့မထင်လိုက်ကြပါနဲ့ ...။ စက္ကူနဲ့ ဘုရားတည်တယ် .. ကျောင်းဆောက်တယ် ... သံဃာတော်တွေ အများကြီး သီတင်းသုံးကြတယ် ... ကျောက်စာတောင် ထိုးထားလိုက်သေးတယ် ... ပြာလဲ့နေတဲ့ကောင်းကင်ကြီးနဲ့အတူ စေတီပုထိုး၊ဘုရားကျောင်းကန်တွေကို နောက်ခံထားပြီး မနက်စောစော တန်းစီပြီး ဆွမ်းခံထွက်ကြတဲ့ သံဃာတော်တွေပုံကို စက္ကူတွေနဲ့ ဖြတ်ညှပ်ကပ်ပြီး ရုပ်ကြွဖြစ်အောင် ဖန်တီးထားတာပါ ... အားလုံးက စက္ကူတွေချည်းပါ ... ၃ရက်လောက် အားတဲ့အချိန်တိုင်း စိတ်ပါလက်ပါ ကြိုးစားလိုက်တဲ့အခါ ပုံမှာမြင်ရတဲ့ ဘုရားကျောင်းကန်ဇရပ်တွေနဲ့ ချစ်စရာ မြန်မာ့ရှုခင်းလေးတစ်ခု ရလာတော့တာပေါ့ဗျာ ....။
Monday, November 19, 2007
ဘုရားဒကာ ကျောင်းဒကာ

Subscribe to:
Post Comments (Atom)
6 comments:
လက်ရာမြောက်တဲ့ အနုပညာတစ်ခုပါ
တော်တော်လေးကောင်းတယ်ဗျာ !
ကြည်ညိုစရာကောင်းပါတယ်။
စက္ကူနဲ့လုပ်ထားတယ်လို့ကိုမထင်ရဘူး
တစ်ခုလိုနေသလိုလိုပဲ ဇော်မိုးအောင် ရ .. ဘုရားအုတ်တံတိုင်းဘေးမှာ .. “ဇော်မိုးအောင် နှင့် မ ........ မိသားစု ကောင်းမှု” ဆိုတဲ့ ကဗျည်းလေးနေမှာပဲ .. ဟီး ဟီး
ကိုတိုး
ဦးဇော်မိုးအောင်ရေ အရမ်းလှတယ် လက်ဝင်မယ်နော်။ စိတ်ကူးကောင်းသလို အနုပညာလဲ မြောက်တယ်ဗျာ။
လှတယ်
အများကြီးထုတ်ပါ ရောင်းပါ
Post a Comment