Facebook ပေါ်မှကူးယူထားတဲ့ Post တစ်ခုကို ပြန်တင်လိုက်ပါတယ်။
မူရင်းရေးထားတဲ့ ရေးသားသူနဲ့ ဘာသာပြန်ပေးသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။
သင်သည် ယောကျာင်္းလေး တစ်ဦးဖြစ်ပြီး ဖြစ်ပြီး ကောင်မလေးတွေအတွက် sexy ကျသော ဆွဲဆောင်မှုရှိသော ကောင်လေးတစ်ဦး ဖြစ်ချင်နေပါလား….)
မူရင်းရေးထားတဲ့ ရေးသားသူနဲ့ ဘာသာပြန်ပေးသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။
သင်သည် ယောကျာင်္းလေး တစ်ဦးဖြစ်ပြီး ဖြစ်ပြီး ကောင်မလေးတွေအတွက် sexy ကျသော ဆွဲဆောင်မှုရှိသော ကောင်လေးတစ်ဦး ဖြစ်ချင်နေပါလား….)
Wash your hair at least every other day
သင်ရဲ့ ဆံပင်တွေကို တစ်နေ့မဟုတ်တနေ့တော့ လျှော်ပါ။ မိန်းကလေးအများစုဟာ ကောင်လေးများဆီက ကောင်းမွန်သော ရနံ့ကို အလိုရှိကြပါတယ်။ ဒါလေးနဲ့ သင့်ရဲ့ ပုံရိပ်ကို သူတို့ရဲ့ အာရုဏ်မှာ ထိန်းသိမ်းတတ်ပါတယ်။ ဆီတွေရွှဲနေသော ဆံပင်များဟာ ကောင်လေးတွေတိုင်းအတွက် မသင့်တော်ပါဘူး စေးကပ်ကပ်ဖြစ်နေတာ ပိုဆိုးပါတယ်။ (Brad Pitt) နဲ့တုနေတာတောင် ရုပ်ဆိုးသွားစေပါတယ်။ သင့်ရဲ့ ဆံပင်တွေကို ဂရုပြုခြင်းဖြင့် သင်ကိုယ်ကိုသင် ဂရုပြုကြောင်း အနည်းငယ်ဖြစ်ဖြစ် ပေါ်လွင်စေပါတယ်။
Make sure of your Hygine
တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပါ။ သွားကြားရှင်းကြိုးမျှင်ဖြင့် (၁) ခါရှင်းပါ။ သင့်ရဲ့သွားတွေဟာ ညီညာမှုမရှိ လိမ်ကောင်နေမယ် ရွဲ့နေမယ်ဆိုရင် သွားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Roll On လိုမျိုးအနံ့ပျောက်စေသော အရာကို နေ့စဉ်သုံးသင့်ပါတယ်။ ကိုယ်သင်းရနံ့ မရှိရင် သင့်ဆီမှာ ဘယ်သူမှ ကြာကြာမနေချင်ကြဘူး။ ဒီနည်းလမ်းဟာ သင့်ကို သင့်မိတ်ဆွေတွေ သူငယ်ချင်းတွေရယ် သူစိမ်းတွေရယ်ဆီမှာ ကောင်းမွန်သော အဆင်ပြေမှုကိုရစေသော ရိုးရှင်းသော နည်းလမ်း တစ်ခုပါ။ သို့သော် များစွာအသုံးပြုချင်းဟာ လူများနှာခေါင်းရှုံ့စရာ ဖြစ်တတ်ပါတယ်။
သင့်မျက်နှာပေါ်က အမွှေးအမျှင်များကို စနစ်တကျ ရိတ်ခြင်း ပြုလုပ်ရပါမယ်။ ဒါမှသာ ဘိုသီဘတ်သီဖြစ်ခြင်း ကင်းပြီး တောက်ပသောမျက်နှာကို ရနိုင်မှာပါ။ အမွှေးအမျှင်ငုတ်တိုများ ဟိုတစ်စ ဒီတစ်စ ရှိနေခြင်းဟာ မသပ်မရပ်ဖြစ်စေပါတယ်။
သင့်ရဲ့မျက်နှာကို ဖြစ်နိုင်ရင် အပြင်မှပြန်လာတိုင်း စနစ်တကျသစ်ပေးပါ။ ခေတ်ပေါ် မျက်နှာသစ် ဆပ်ပြာများဖြင့် အသုံးပြုရင် ပိုကောင်းပါတယ်။
သင်ဟာ ဆက်ကျော်သက်ကောင်လေး ဖြစ်တယ်ဆိုရင် သင်ရဲ့မျက်နှာပေါ်မှာ ၀က်ခြံတွေ ရှိနေတတ်ပါတယ်။ ဒါတွေကို သင်ကညှစ်ထုပ်တာတွေ မလုပ်ရပါဘူး ရင့်မှည့်လာမှ ရေနွေးလေးဖြင့် အ၀တ်ကိုစွတ်ပြီး ပွတ်ရပါမယ်။ မရင့်မှည့်သေးပဲ ညှစ်ထုပ်ခြင်းဟာ ပြင်းစွာသော နာကျင်မှုကိုသာမက ကြာရှည်သော အမာရွတ်များပါ ကျန်စေတတ်ပါတယ်။ သာမာန်လောက်သာရှိသော ၀က်ခြံများအတွက် သန့်ရှင်းသော လက်ဖြင့်သာမျက်နှာကို ကိုင်တွယ်ခြင်း မျက်နှာသစ်သောအခါ အနည်းငယ်နွေးသော ရေဖြင့် သစ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ (၀က်ခြံနှင့်ပက်သက်သော အကြောင်းအရာကို နောက်တွင် ထပ်မံဆွေးနွေးပါမည်။)

Use cologne sparingly, because it can be very strong!
မိန်းကလေးတော်တော်များများဟာ အလွန်မွှေးသော ရနံ့သုံးသော ကောင်လေးတွေကို မနှစ်သ်ာကိပါဘူး။ သတိထားပြီး Masculine ဆန်သော ရနံ့များကိုသာ ဆွတ်ဖျန်းသင့်ပါတယ်။
Confident
မိမိကိုယ်ကို မိမိ ယုံကြည်မှုရှိသော ကောင်းလေးများကိုသာ ပိုစိတ်ဝင်စား ခံရတတ်ပါတယ်။ ယုံကြည်မှုရှိသောသူများသာ ဦးဆောင်နေသူများဖြစ်နေကြပါတယ်။ ဒါပေမဲ့ မာနကြီးနေခြင်း၊ ဘ၀င်မြင့်နေခြင်းနှင့်တော့ မတူညီနေစေရန် အထူးဂရုပြုပါ။ ထိုအရာများက သင့်ကို လူမုန်းများစေပ်တယ်။ လွန်ကဲစွာ မျက်လုံးကစားခြင်း ခြေလက်အင်္ဂါများကို ကြောင်းမဲ့ လှုပ်နေခြင်း တွေဝေမှန်းမောနေခြင်း စကားအလွန်များခြင်း အစရှိသောအရာများကို ရှောင်ကြည်ရပါမယ်။ လူကြီးလူကောင်းဆန်သော အပြုအမူမျိုးဖြင့် နေထိုင်ရပါမယ်။
Wear Nice Clothes
သင်ဝတ်ဆင်ထားသော အ၀တ်အထည်များက သင့်၏အကျင့် အလေ့အထနှင့် စရိုက်များကို ပေါ်လွင်စေတတ်သောကြောင့် သတိထားဖို့လိုပါတယ်။ မည်သည့် အ၀တ်အထည်များကို ၀တ်ဆင်သည်ဖြစ်စေ သန့်ရှင်းပြီးသပ်ရပ်နေစေရန် လျှော်ဖွတ်ထားရပါမယ်။ အချို့သောအ၀တ်များကို မီးပူတိုက်ပြီးမှ ၀တ်သင့်ပါတယ်။ အတွင်းခံများကို ရွေးချယ်ရာတွင် Pants များထက် Boxer များကို ပိုမိုရွေးသင့်ပါတယ်။ သင်ဟာ Stylepan (or) လုံချည်များကို ၀တ်ဆင်ရာတွင် ပိုမိုအဆင် ပြေစေပါတယ်။ ထိုအရာများက သင့်ကို အတွင်းခံအရေးအကြောင်းပေါ်ခြင်း ကင်းဝေးစေပြီး pants များထက် ကောင်မလေးတွေကို ပိုမိုဆွဲဆောင်နိုင်ပါလိမ့်မယ်။ အ၀တ်ရွေးချယ်ရာတွင်လည်း မိမိနှင့် အဆင်ပြေနိုင်သော Size ကိုသာ ရွေးသင့်ပါတယ်။ ချောင်နေခြင်း ကျပ်နေခြင်းများဟာ ကြည့်ရသူအတွက် မျက်စိပသာဒ မဖြစ်စေပါ။ ခန္ဓာကိုယ် ပိန်သေးသူများက T-shirt များဝတ်ချင်း ဂျိုင်းပြတ်များဝတ်ခြင်းကို ရှောင်ရပါမယ်။ Alter-shirt ကဲ့သို့သော ခါးပိုင်းတွင် အနည်းငယ် သိမ်သောအ၀တ်များက အဆင်ပြေစေပါလိမ့်မယ်။ အရောင်တောက်လွန်းသော အ၀တ်များကို အပြင်ဆုံး အဖြစ်မ၀တ်သင့်ပါ။ အတွင်းT-shirt များဆိုလျှင်တော့ ကောင်းပါသည်။ အပေါ်အောက် လိုက်ဖက်ညီရန် ခက်ခဲသော အရောင်များကို မရွေးသင့်ပေ။ European-Suit များမှလွဲ၍ အခြာသော ၀တ်စုံများအတွက် အပေါ်အောက် (၁)ရောင်တည်းသုံးခြင်းကို ရှောင်ကြည်ပါ။ မလိုအပ်ပဲ အနက်ရောင် ၀မ်းဆက်ဝတ်ခြင်းကို မပြုပါနှင့်။ ရာသီဥတုနှင့် လိုက်လျောညီထွေသော အ၀တ်များကိုသာ ရွေးချယ်သင့်သည်။ မလိုအပ်ပဲ အပေါ်မှ အင်္ကျီများထပ်ဝတ်ခြင်းကို ရှောင်ပါ။ လူကြားတွင် ချွေးများပျံကာ ရုပ်ပျက်စေတတ်ပါသည်။
Be Funny
မိန်းကလေးတော်တော်များများက ပျော်ရွှင်စွာ ရယ်မောရသည်ကို နှစ်သက်ပါတယ်။ ဒါ့ကြောင့်သင်ဟာ ရယ်စရာဟာသများကို အနည်းအကျဉ်း လေ့လာထားသင့်သည်။ သူတို့အား ပျော်ရွှင်ရယ်မော စေခြင်းဖြင့် ယုံကြည်မှုကို ရရှိစေနိုင်သည်။
Smiles
တန်ဖိုးအရှိဆုံးသော ပေါပေါများများရနိုင်သည့် သင့်အပြုံးတွေကို သူတို့ကို ဖွင့်ပြသင့်ပါသည်။ ဒါဟာသင့်ရဲ့ အလှတစ်ခု ဖြစ်နေပါတယ်။
Talk to the Girl, especially if she’s on her own
သင်ဟာ သူတို့တွေနဲ့ အတန်းအတူတက်ရတယ်ဆိုရင် သူတို့နှင့် မလှမ်းမကမ်းမှာ ထိုင်ပါ။ သင်ခန်းစာများကို ဂရုပြုနေရာမှ သူတို့အား (၁) ချက် (၁) ချက်လှမ်းကြည့်ပါ။ သူမ၏ အရိပ်အရောင်ကိုကြည့်ပြီး သူမနှင့် စကာပြောကြည့်ပါ။ သူမပြောသမျှကို ဂရုတစိုက်နားထောင်ပေးပါ။ မေးတာတွေကို အတတ်နိုင်ဆုံး ကောင်းမွန်စွာဖြေပါ။ စကားနားထောင်နေရာမှ သူမ၏ မျက်လုံးကို ၅ မိနစ်-(သို့) ၁၀- မိနစ်လောက် တစ်ခါ ရိုးရိုးလေးကြည့်ပေးပါ။ လူအများကြားတွင်တော့ မလုပ်ရပါ။ လူသူနည်းပါးမှသာ စကားပြောပါ။ နှစ်ယောက်ထည်းရှိနေတာမျိုးကိုမဆိုလိုပါ။ ကြီးမားသော လူစုဝေးနေရာမရွေးရန်သာ။ မိမိကပြောရန်ကြုံလာသောအခါ သူမပြောသွားသော အကြောင်းအရာကိုနင်း၍ စပြောရပါမယ်။ အစ်ကိုတစ်ယောက်က ညိမလေး (သို့) အစ်မ ကို ပြောနေသလို စေတနာပါပါပြောပါ။ လိုအပ်သောအကူအညီ အချို့ကို ပေးနိုင်သလောက်ပေးပါ။ (နောက်အဆင့်တွေကိုတော့ နောက်မှပေါ့ဗျာ။)
Body
ကောင်မလေးအများစုဟာ ကိုယ်ခန္ဓာ ပြည့်သောသူကိုပိုမိုနှစ်သက်တတ်ကြပ်တယ်။ ဒါကြောင့် ဆွဲဆောင်မှုရှိသော သူဖြစ်လိုရင် မိမိတွင်ရှိသော ကြွက်သားအချို့ကို အတိုင်းအတာတစ်ခု အဖြစ်ရှိနေရန် လေ့ကျင့်ထားသင့်သည်။ ယခုဆိုလျှင် အားကစားခန်းတော်တော်များများတွင် လူငယ်များပါဝင်လာတာတွေနိုင်ပေသည်။ ရုပ်ရည်ထက် ပိုမိုကာ ဆွဲဆောင်နိုင်သောအရာက ထိုအရာဖြစ်ပေသည်။ အနည်းဆုံး (၁) ပတ်ကို ၃-၄ ရက် ခန့် (၁) ကြိမ်လျှင် မိနစ် ၂၅-၃၀ လောက်တော့ လေ့ကျင့် ကစားသင့်သည်။ ၃-၄ လကြောသောအခါ သင့် ရင်အုံ၊ လက်မောင်း၊ ပေါင်၊ တင် များသည် ဆွဲဆောင်မှုရှိသော ကောင်လေးတစ်ဦအဖြစ် ပန့်ပိုးပေးလိမ့်မည်။( သင့်ကြိုးစားမှုပေါ် မူတည်သည်။)
Don’t swear
ဆဲရေးတိုင်းထွာသော ကြမ်းတမ်းသော စကားများပြောခြင်းကို ရှောင်ကြည်ပါ။ အထူးသဖြင့် ပစ္စည်းများ ပြုတ်ကျသောအခါ အသံတစ်ခုကို ကျယ်လောင်စွာ ကြားရသောအခါ ညစ်ညမ်းစွာ ယောင်ခြင်းကို အထူးဂရုပြုပါ။ ယဉ်ကျေးသော စကားလုံများကို ပြောဆိုခြင်းက သင့်အား ကောင်မလေးတွေက သဘောကျစေသော အရာတစ်ခုဖြစ်သည်။ ရိုသေလေးစားတတ်သော အကျင့် စရိုက်ကိုလည်း ထိန်းသိမ်းအပ်ပေသည်။
Try to go slowly
မိန်းကလေးများအား ဘယ်တော့မှ စောလျှင်စွာ ချစ်ရေးမဆိုပါနှင့်။ ပြီး အခွင့်အရေးကို ရတိုင်းမယူပါနှင့် မိန်းကလေးများ၏ အခွင့်အရေးသည် ပေးတိုင်းမယူသင့်သော အရာတစ်ခု အဖြစ် မှတ်ထားသင့်သည်။
ဒါလေးက လက်ဆောင်ပါ။
မိန်းကလေးတစ်ဦးက သင့်ကို ၃လတိတိ လုံဝ တုံပြန်မှုမရှိရင် နောက်တစ်ယောက် စဉ်းစားပါ။
သင်ဟာ ခေါင်းလျှော်ရတာပျင်းရင် ဆံပင်ရှည်ရှည်မထားပါနှင့် ဆ့ပင်တိုတိုထားပြီး အပြင်သွားခါနီးတိုင်း ဆံပင်ကိုရေအနည်းငယ်ဆွတ်ပြီး ဂျယ်လိမ်းသွားရင် ရပါတယ်။
ကိုယ့်ကိုကိုယ် confidence ရှိလာအောင် အားကစားလေ့ကျင့်ပါ။ အချိန်သတ်မှတ်ချက်ဖြင့် အလုပ်တေါကိုပြီးအောင်လုပ်ပါ။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါ။ ကြိုးစားအားထုတ်ရသော အားကစားကစားပါ။ ဥပမာ Basket ball …၊ အိမ်တွင်း (သို့) ခြံတွင်း ပြပြင်ရန်လိုသောအရာများကို ပြုပြင်ပါ။ ဥပမာ သံရိုက်ခြင်း၊ မီးခလုတ်ပြင်ခြင်း၊ လျှပ်စစ်ပစ္စည်းပြင်ခြင်း။
ကောင်မလေး(ချစ်သူ) လိုချင်ရင် အရင်ဆုံး စကာစပြောပါ။ မိတ်ဆက်တာဖြစ်ဖြစ်ပေါ့။…..
သူမတစ်ယောက်ထည်းသာမက သူမနှင့်ပတ်သက်သော အဖွဲ့ကိုပါ ဂရုပြုရင် သူမက ပိုနှစ်သက်လိမ့်မည်။
သူမဆီကို ဖြေးညင်းစွာ ချည်းကပ်ပါ။ အရမ်းနှေးလိန်းတာတော့ မဖြစ်စေနှင့်။ သူမကသင့်ကို ပြသနာရှိနေတယ်လို့ ထင်လာမှပြောပါ။
သူမ၏ ဆံပင်များကို သပ်တင်ပေးခြင်း၊ ပခုံးပေါ်လက်တင်ခြင်း၊ လက်ချင်းထိကိုင်ခြင်း စသည်တို့လောက်သာ သူမကိုအခွင့်အရေးယူပါ။
မှီငြမ်း(Mike Massaroli)၏ how to begin a sexy boy

No comments:
Post a Comment