Wednesday, June 07, 2006

မေမေသို့လွမ်းချင်း

ဒီနေ့ ဂျွန်လ ၇ရက်ဆိုရင် မေမေ လောကကြီးက ထွက်ခွာသွားတာ ၄လ တိတိ ပြည့်မြောက်ခဲ့ပါပြီ ...။ မေမေနဲ့ အတူတူ ဘ၀ကို ရုန်းကန်လှုပ်ရှား ရင်ဆိုင်ခဲ့ကြတာတွေဟာ မကြာသေးတဲ့ မနေ့တစ်နေ့ကလိုပါပဲ ..။ အဖြစ်အပျက်တွေဟာ သိပ်ကို မြန်ဆန်လှပါတယ်....။ ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစု ဘ၀လေး အခြေမကျခင်မှာပဲ ကံကြမ္မာက ရက်စက်လွန်းလှပါတယ် ....။ လောကကြီးကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းဖို့ မေမေ ပေးခဲ့တဲ့ သွေးတွေ၊ အားမာန်တွေ ကျွန်တော့်ကိုယ်ထဲမှာ အပြည့်ပါပဲ ...။ တိုးတိုးညှင်သာ ဆုံးမ ပြောဆိုခဲ့တဲ့ မေမေ့ရဲ့ ဂရုဏာသံတွေဟာလည်း ခုထိ ကြားယောင်ဆဲပါပဲ မေမေ .....။ ခုတော့ ကျွန်တော့်မှာ မေမေ လို့ခေါ်စရာ မရှိတော့ဘူးဆိုပြီး မျက်ရည်တွေ တွင်တွင် စီးကျခဲ့ရတဲ့ ညတွေ မရေတွက်နိုင်အောင်ပါပဲ ...။ ကျွန်တော်တို့တော့ မပြီးဆုံးသေးတဲ့ ခရီးလမ်းကြီးကို ဆက်ပြီး လျှောက်လှမ်းရဦးမှာပါပဲ ... မေမေ ....မေမေ ကောင်းရာသုဂတိလားပါစေ ..

မေမေကွယ်လွန်ခြင်း ၄လပြည့် အမှတ်တရ

No comments: