Wednesday, June 28, 2006

ဝဋ်ကြွေး

သူတော်ကောင်းတို့သည် မိမိမှာ ကောင်းမှုကို ပြုနေသည်။ မကောင်းမှုကို မပြု။ ထို့ကြောင့် မကောင်းသော အရာတို့ကို မကြုံတွေ့ရဟု မယူဆနိုင် ...။ သံသရာတွင် ဘ၀များစွာ ကျင်လည်ခဲ့ပြီး ဖြစ်သည်။ ထိုအတွင်း မကောင်းကံတို့ကို မည်မျှပြုထားပြီးပြီ မသိ ..။ မကောင်းကံ ရှိသေးလျှင် လက်ရှိဘ၀တွင် ကောင်းမှုမည်မျှပင်ပြုစေ၊ ကျန်ရှိနေသည့် မကောင်းကံ ၀ဋ်ကြွေးကို ပေးဆပ်ကြရမည်သာ ဖြစ်သည် ... ။
သူတော်ကောင်း မဟုတ်သူတို့သည်လည်း မိမိမှာ မကောင်းမှုကိုသာ ပြုနေသည်။ ကောင်းမှုကို မပြု။ ထို့ကြောင့် ကောင်းသော အရာတို့ကို မကြုံတွေ့ရဟု မယူဆနိုင် ...။ သံသရာတွင် ဘ၀များစွာ ကျင်လည်ခဲ့ပြီး ဖြစ်သည်။ ထိုအတွင်း ကောင်းကံတို့ကို မည်မျှ ပြုထားပြီးပြီ မသိ ..။ ကောင်းကံရှိသေးလျှင် လက်ရှိဘ၀တွင် မကောင်းမှု မည်မျှပင်ပြုစေ၊ ကျန်ရှိနေသည့် ကောင်းကံ အကြွင်းကို ရယူကြရမည်သာ ဖြစ်သည် ... ။

မောင်လှိုင်ထွေး(ဥပဒေ)
မှုခင်းရောင်စုံမဂ္ဂဇင်း၊ မေလ၊ ၁၉၉၉ခု၊ စာမျက်နှာ ၂၀

No comments: