(ယုံကြည်ချက်နှင့် သတ္တိ)
များစွာသောလူများနှင့် အခက်အခဲ ပြဿနာများသည် ပန်းတိုင်သို့ မရောက်မချင်း လုံးထွေးနေနိုင်၏။ အခက်အခဲများသည် ပန်းတိုင်သို့ သွားရာ လမ်းခရီးတွင် အဟန့်အတားများ ဖြစ်စေနိုင်ပါ၏။ သို့သော် သင်သည် အခက်အခဲ အားလုံးကို ကျော်လွှားနိုင်သော သတ္တိ ရှိသည်ကို မမေ့ပါနှင့်။ သို့သော် သင့်တွင် အခက်အခဲကို မကျော်လွှားနိုင်သော အဆိုးဝါးဆုံးအရာတစ်ခု ရှိနေသည် ဆိုသည့် အချက်ကို မမေ့ပါနှင့်။ ယင်းအဆိုးဝါးဆုံးအချက်သည် သင်၏ ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်စီးစေနိုင်သော အရာကား သင့်ကိုယ်သင် မယုံကြည်ခြင်း ဖြစ်ပါ၏။ သင်လုပ်ချင်သော အရာမှန်သမျှကို သင်ယုံကြည်လျှင်၊ သင့်၌ လုပ်ချင်သော ဆန္ဒရှိလျှင် အမှန်ပင် လုပ်နိုင်ပါ၏။ ရှိတ်စပီးယားက ကျွန်ုပ်တို့တွင် ရှိသော သံသယစိတ်များသည် သစ္စာဖောက်များ ဖြစ်ကြ၏။ ယင်းတို့သည် ကြိုးစားလုပ်ဆောင်ရန် ကြောက်ရွံ့စေခြင်းဖြင့် အခွင့်အလမ်းကောင်းများကို မကြာခဏ လက်လွတ်ကုန်ရသည်။ ဟု ပြောဆိုခဲ့ပါ၏။ ယနေ့မှစ ငါသည် ငါ၏ အစွမ်းကို မယုံကြည်သော မဖြစ်နိုင် ဟု ပြောဆိုတတ်သည့် ပုဂ္ဂိုလ်များ၏ သြဇာမှ လွတ်မြောက်အောင် ကြိုးစားမည်။
ဘ၀ကို မကြောက်ပါနှင့်။ ဘ၀သည် နေထိုင်ရှင်သန်ရကျိုးနပ်သော အရာဟု ယုံကြည်ပါ။ သင့်အား ထိုအချက် မှန်ကြောင်း ကူညီဖန်တီးပေးမည့် အရာများ ပေါ်ပေါက်လာပါလိမ့်မည်။
ဇစ်ဇဂလာ
ယနေ့မှစ ငါသည် တံခါးမကြီး ပိတ်သွားမိသော အဖြစ်နှင့် ကြုံပါက ပွင့်နေသော အခြား ပြတင်းပေါက် တစ်ခုကို ရှာဖွေမည်။
ချစ်စံဝင်း

2 comments:
thanks bro! I will try :)
ပို့ ကိုဖတ်ပြီးတော့ အားတွေတောင်ရှိလာသလိုဘဲ။ အဲလိုဘဲ တစ်ခုခုလုပ် မယ်ဆို မကောင်းတာနဲ့ ကောင်းတာက လွန်ဆွဲနေတယ်။ အဲလို စိတ်ဓာက်မြှင့်တင်တဲ့ ပို့ တွေများများဖတ် ဖို့ လိုတယ်။ ကျေးဇူးဘဲ။
Post a Comment