မန္တလေးမှာ တောင်ပြုံးပွဲအချိန်ဆိုတော့ စည်ကားနေတာပဲ။ ကားဂိတ်တွေမှာ နေ့ရောညရော အနယ်နယ်အရပ်ရပ်က လာကြတဲ့သူတွေကို ပြည့်နေတာပါပဲ။ မနေ့က နာရေးတစ်ခု လိုက်ပို့ရင်းနဲ့ တောင်ပြုံးလမ်းနားက ဖြတ်သွားတော့ တောင်ပြုံးသွားတဲ့ ကားတန်းကြီးကို တန်းစီနေတယ်။ လမ်းမှာ ပိုက်ဆံချဲပါဗျို့လို့ အော်နေတဲ့ ကလေးတွေကိုလည်းတွေ့ရတယ်။ နေပူကျဲကျဲအောက်မှာ မိန်းမကြီး၊လတ်၊ငယ် တို့ သနပ်ခါးအဖွေးသားနဲ့၊ ၀တ်ကောင်းစားလှတွေ ၀တ်ပြီး သပြေပန်းတွေကိုင်လို့ ပန်းသွားဆက်ကြမယ် ပြောတယ်။ တစ်နှစ်တစ်ခါ မသွားလို့ မရဘူးလို့ သူတို့ကပြောတယ်။ မိန်းမလျှာတွေလည်း အရွယ်မျိုးဆုံ၊ ဆိုက်မျိုးစုံ အများကြီးပဲ ....။ ပွဲတော်ရက်က လပြည့်နေ့မှ စပေမယ့် လူများလွန်းတာကြောင့် ၄/၅ရက် ကြိုတင်သွားကြတယ်လို့ ပြောတယ်။ ဒီပွဲပြီးရင် နတ်ကနားတွေ၊ ၁၂ပွဲဈေးသည်တွေ၊ ချားရဟတ်တွေက အမရပူရက ရတနာ့ဂူပွဲကို ရွှေ့ကြမယ်တဲ့။ ပြောသာပြောရတယ်။ ကျွန်တော်လည်း တစ်ခေါက်မှ မရောက်ဖူးပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က မြန်မာကားတစ်ကားငှားကြည့်တာ ဂမ္ဘီရရွှေမိုး တဲ့...။ ထွန်းထွန်း (ExampleZ)၊ ခိုင်သင်းကြည်၊ အရိုင်း၊ ငှက်ပျော်ကြော်နဲ့ တော်တော်များများ သရုပ်ဆောင်ထားတဲ့ ပညာပေးကားတစ်ကားပါ။ နတ်တွေ၊ ဗေဒင်တွေ၊ နှစ်လုံး၊ သုံးလုံးတွေကို အဓိကရည်ရွယ်ပြီး ရိုက်ထားတာပါ။ ထွန်းထွန်းက သရုပ်ဆောင်တာ တော်တော်ပီတယ်။ လူငယ်တွေ ကိုးကွယ်ရာကို မမှားယွင်းကြဖို့ ၊ ဗေဒင်တို့ နတ်တို့ကို တဖက်စွန်းရောက် မယုံကြည်ကြဖို့ ပညာပေးထားတာပါ။
ကျွန်တော်တို့ အိမ်ဘေးက မာမီလိုလို လူကြီးတစ်ယောက်ကတော့ တောင်ပြုံးပွဲ မစခင်ကတည်းက အိမ်မှာ သီချင်းတွေ၊ နတ်ဆိုင်းဝိုင်းအသံတွေ ဖွင့်ထားလိုက်တာ ပွက်လောရိုက်လို့ပါပဲ ...။ ဘာတဲ့ ... “ဖေဖေကျော်ကို ချစ်လိုက်ပါတဲ့... မောင်းမတွေရယ် .... (သံပြိုင်) ဖေဖေကျော်ကိုချစ်လိုက်ပါတဲ့ .. မောင်းမတွေရယ်.....” ...
ကျွန်တော်တို့ အိမ်ဘေးက မာမီလိုလို လူကြီးတစ်ယောက်ကတော့ တောင်ပြုံးပွဲ မစခင်ကတည်းက အိမ်မှာ သီချင်းတွေ၊ နတ်ဆိုင်းဝိုင်းအသံတွေ ဖွင့်ထားလိုက်တာ ပွက်လောရိုက်လို့ပါပဲ ...။ ဘာတဲ့ ... “ဖေဖေကျော်ကို ချစ်လိုက်ပါတဲ့... မောင်းမတွေရယ် .... (သံပြိုင်) ဖေဖေကျော်ကိုချစ်လိုက်ပါတဲ့ .. မောင်းမတွေရယ်.....” ...
5 comments:
ဟားဟား....မာမီ blogger တွေသာရှိလို့ ဒီ post သာဖတ်မိရင်တော့ သူတို့ ထမင်းအိုးတုတ်နဲ့ထိုးတယ်ဆိုပြီး ကတ်ကတ်လန်ရန်တွေ့ကြတော့မယ်...ကိုဇော်မိုးအောင်ရေ...
ပြောလို့တော့ မရဘူး ရှိရင်ရှိနေမှာ။ ရှိလို့ကတော့ ကိုဇော်မိုးအောင်ကို ကိုင်ပလိုက်မှာ။ ဘာကိုကိုင် မလဲဆိုတာတော့ မတွေးရဲဘူး။ :)
အစ်မတော့ တောင်ပြုံးမရောက်ဖူးဘူး။ အခုတော့ ရွှေအမြုတေထဲက နုနုရည် (အင်းဝ)ရဲ့ “ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ” အခန်းဆက်က ဒေစီဂျိန်းကို သဘောကျနေတယ်။ ဇွန်လထိဖတ်ပြီးပြီ။
ကိုဇော်မိုးအောင်ကြောင့် တောင်ပြုန်းပွဲကို လွမ်းမိသွားပြန်ပြီဗျို့။
Excellent, love it! Washer lint filter Ambien detection drug tests cyanide and pits and cancer Wedding stationery bolton http://www.domain-for-sale-1.info/Match-texas-holdem-money-casino.html golf packages lake lure nc Top security programs Black teens naked and fucking Vermont local phone service http://www.football-gear-2.info/Bestgolfclubstore.html alpha soccer first for betting odds comparison service kia sorento 2006 rally pictures golf course whidbey island
Post a Comment