Thursday, August 10, 2006

ဆန္ဒနဲ့ဘဝ

ဆန္ဒနဲ့ ဘ၀နဲက ထပ်တူမကျဘူးဆိုတာ သိပ်မှန်တာပဲ။ ကျွန်တော့် ဆန္ဒက တစ်မျိုး၊ ဖြစ်နေတဲ့ ဘ၀က တစ်မျိုးနဲ့ တကယ်ပဲ ထပ်တူမကျ ဖြစ်နေတယ်။ ဒါပေမယ့် ဒီရက်ပိုင်း လုပ်ချင်တာတွေ လျှောက်လုပ်မိနေတယ်။ အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝါသနာပါရာကို ဇောက်ချ မလုပ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် အခု အဲဒါတွေကို အားတက်သရောလုပ်နေမိတယ်။ လူတွေက ကျွန်တော့်ကို ဟားကြမလား၊ ဒါမှမဟုတ် ကွယ်ရာမှာ လှောင်ပြောင်ကြမလား၊ လုပ်ချင်ရင်တော့ အဆုံးထိ အောင်မြင်အောင် လုပ်လို့ ပြောတဲ့ ဖေဖေ့ရဲ့စကားကို အားကိုးပြီး ဆက်လျှောက်တော့မယ်။ ဘယ်သူတွေ ဘာတွေပဲပြောကြပါစေ .. ဂရုစိုက်နေလို့တော့ မဖြစ်တော့ဘူး။ အခြေအနေတစ်ခုခု၊ အတိုင်းအတာ တစ်ခုအထိ ရောက်တဲ့အချိန်ထိပေါ့ ။