Thursday, September 07, 2006

ဘုရားပွဲများ

မန္တလေးမှာ အခုလက စပြီး ဘုရားပွဲများ စပါတော့မယ်။ ကျောက်တော်ကြီးဘုရားပွဲအတွက် ဆိုင်ခန်းတွေလည်း ဆောက်နေပြီ။ အရင်နှစ်တွေတုန်းကတော့ ၁၉လမ်းမှာနေတော့ ပွဲတွေချည်းတွေ့နေရတာပါ။ ပွဲက ရပ်ကွက်အမည်ခံသာ ပြောင်းသွားတာ။ ဈေးသည်တွေ၊ ရဟတ်တွေက မပြောင်းဘူး၊ အခုနေတဲ့ ရပ်ကွက်ကတော့ ဘုရားပွဲ မနက်ဖန်ဆို စတော့မယ်။ ဇါတ်စင်ကြီးလည်း ဆောက်နေကြပြီ။ ဒီကနေ့ညတော့ စည်တော်ကြီးတီးမယ်ဆိုလားပဲ။ မုန့်လင်မယားသည်တွေ၊ ကြာဇံကြော်သည်တွေ၊ အကြော်သည်တွေလည်း အများကြီးပဲ။ မိုးပျံပူဖေါင်းသည်လည်းပါရဲ့၊ ဇါတ်ကတော့ လှိုင်ဘွားအောင် ဆိုတဲ့ဇါတ်ပါ၊ မနက်ဖန်ည စကတော့မယ်။ ဇါတ်ငှားရတာ ၂ညကို ၆သိန်းခွဲ ပေးရတယ်ပြောတယ်။ အဲဒါကြောင့် ပွဲလက်မှတ်တွေလည်း ဈေးကြီးတယ်။ နောက်ရက်မှ ဓါတ်ပုံတွေ တင်ပေးမယ်။ နောက်ပြီး သီးသီးထုပွဲလည်း ရှိသေးတယ်တဲ့။ ကြားသာကြားဖူးတာ ...။ တစ်ခါမှမမြင်ဖူးဘူး...။ ရှေ့ဝါတွင်းတစ်တွင်းလုံးလည်း ရပ်ကွက်ဓမ္မာရုံတွေက ထွက်တဲ့ အလှူခံ ဆိုက်ကားတွေ တစီတတန်းကြီး မြင်နေရတယ်။ အဖိတ်၊ ဥပုသ်၊ တနင်္ဂနွေ ဆိုရင် သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက်က အလှူခံထွက်ကြတာ အပြိုင်အဆိုင်ပဲ။ တီးကြ၊ ဆိုကြ၊ ကကြနဲ့ ဟုတ်နေတာပဲ။ တချို့က တီးဝိုင်းနဲ့၊ တချို့က ဆိုက်ကားပေါ်မှာ TV တစ်လုံးတင်ပြီး CDOK နဲ့ ဆိုသွားကြတယ်။ တချို့က မိန်းမလို ၀တ်ပြီးက၊ တချို့က ဆင်အကနဲ့ မျိုးစုံအောင်ကို မြင်ရတယ်။ အဲဒါ မန္တလေးရဲ့ အငွေ့အသက်တွေ ထင်ပါရဲ့။ ခုလည်း တစ်ရပ်ကွက်လုံး ဘုရားပွဲအတွက် လုံးပန်းနေကြလေရဲ့။ လမ်းဘေးမှာလည်း အလှူရှင်တွေ လှူထားကြတဲ့ ပစ္စည်းတွေကို ပဒေသာပင်နဲ့ ချိတ်ပြီး တန်းစီထားတာ တစ်လုံးလမ်းပေါ့ဗျာ။

3 comments:

Chan Mya Soe said...

ပြန်ချင်အောင်များ လုပ်နေတာလား ... ကိုဇော်မိုးအောင်

Anonymous said...

good good good .. Mandalay is the ART and Heart of Myanmar.

မေ said...

မန်းက ဘုရားပွဲတွေကိုတော့ သတိရသား။