အခုတလော ကင်ဆာဆိုတဲ့ စကားလုံးဟာ တော်တော်ကြားနေရတယ်။ ကိုယ့်ပါတ်ဝန်းကျင်၊ မိသားစုနဲ့ ကိုယ့်ကိုပါခြောက်လှန့်နေတဲ့ အဲဒီကင်ဆာရောဂါဟာ တော်တော်ကြောက်ဖို့ကောင်းပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ဖခင်က တစ်သက်လုံး သားသတ်လွတ်စားပြီး ဘာသာတရားအလွန်ကြည်ညိုတဲ့ သူပါ။ သူက အသည်းကင်ဆာခံစားရပြီး ဆုံးပါးခဲ့ပါတယ်။ ဆရာမတစ်ယောက်ရဲ့ ဖခင်ကလည်း အသည်းကင်ဆာနဲ့ပဲ ကွယ်လွန်ခဲ့ပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ ဖခင်ကလည်း အဲဒီရောဂါပဲ ခံစားခဲ့ရပြီး ဆုံးပါးခဲ့တာပါ။ ကျွန်တော့် မွေးသမိခင် ကိုယ်တိုင်လည်း အသည်းကင်ဆာကို ခါးသီးစွာ ခံစားပြီး လောကကြီးထဲက အပြီးအပိုင် ထွက်ခွာသွားရတာပါ။ အခုလောလောဆယ် အိမ်ဘေးက အမေကြီးတစ်ယောက်ရဲ့ ဆေးစစ်ချက်ကလည်း အသည်းကင်ဆာလို့ အဖြေထွက်ပါသတဲ့ ........။
အရင်တုန်းက သိထားခဲ့တဲ့ ဗဟုသုတအရဆိုရင်တော့ အသည်းကင်ဆာဟာ အရက်သောက်တဲ့ သူတွေမှာပဲ ဖြစ်တယ်လို့ သိထားတာပါ။ ခုဖြစ်ကြတဲ့သူတွေက စီပိုးကြောင့်ဖြစ်ရတယ်လို့ သမားတော်ကြီးတွေက ပြောပါတယ်။ အရင်က အသည်းရောင် အသားဝါ နှစ်ခါ ဖြစ်ဖူးသူတွေမှာ အသည်းကင်ဆာဖြစ်ဖို့ အလားအလာရှိတယ်လို့ ပြောကြပါတယ်။ အသည်းကင်ဆာလို့ အဖြေတပ်လိုက်ပြီဆိုရင်တော့ အမြန်ဆုံး အသက်ဆုံးရှုံးရမှာဖြစ်ပြီး ကင်ဆာတကာ့ ကင်ဆာတွေထဲမှာ အသည်းကင်ဆာဟာ အမြန်ဆုံးပဲလို့ မိသားစုဆရာဝန်ကပြောပါတယ်။ ကျွန်တော့်အမေကတော့ ဘာမှ လက္ခဏာမပြဘဲ ညာဖက်နံရိုးအောက်က မခံမရပ်နိုင်အောင် အောင့်လို့ အထူးကုကိုသွားပြတဲ့အခါ ဆီးစစ်၊သွေးစစ်၊ အထရာဆောင်းရိုက်ပြီး အသည်းကင်ဆာလို့ အဖြေတပ်ခဲ့တာပါ။ သွေးထဲမှာ ရှိနေတဲ့ AFP Level ဟာ သိပ်ကိုများနေတယ်လို့ Result မှာပြပါတယ်။ ပြီးတော့ HCC Positive လို့လည်း ပြပါသေးတယ်။ နောက်တော့ Chemo (ကင်ဆာဆေး) သွင်းရင်း သုံးကြိမ်မြောက်မှာ ကွယ်လွန်ခဲ့တာပါ။
ကင်ဆာလို့ အဖြေတပ်လိုက်ရင်တော့ အသက်ရှင်နေထိုင်ခွင့်ဟာ HIV ရောဂါပိုးကူးစက်ခံရတဲ့သူထက် အသက်ဆုံးရှုံးဖို့ မြန်ပါတယ်။ လူတိုင်းလူတိုင်း ကင်ဆာရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေဗျာ။

3 comments:
ကိုဇော်မိုးအောင် ရေ
အစားအသောက် အလေ့အကျင့်နဲ့လည်းဆိုင်မယ် ထင်တယ်ဗျ။ ရှမ်းပြည်တို့ မိုးကုတ်တို့ဘက်ကစားကြတဲ့ မုန်ညှင်းချဉ် တို့ ဆီတို့ဖူး တို့ တို့မှာ ပါတဲ့ မှိုဓါတ်တွေ က ကြာလာရင် အသည်းထိနိုင်တယ် လို့ ဖတ်ဖူးတယ်။ဆရာ လေသူရဲတစ်ဦး ဆောင်းပါးမှာ လည်း ပါခဲ့ဘူးတယ်။ မစားဘဲ မနေနိုင်ရင်တောင်မှ ဆင်ခြင်ပြီး နည်းနည်းပဲစား ရင် ပိုကောင်းမလားပဲ။ လူငယ်ဘ၀မှာ မသိနိုင်ပေမယ့် လူကြီးဖြစ်လာရင် ထိလာနိုင်တယ် လို့ ထင်ပါတယ်။
ဟုတ်တော့ဟုတ်မယ်ဗျ....။ မုန်ညင်းချဉ်၊ ဆီတိုဟူး၊ ပဲပုပ်၊ အဲဒီလို အပုပ်အစပ်တွေကလည်း တအားစားကြတယ်ဗျ......
အဲဒါတွေ အကုန်ကြိုက်တယ်. ဘယ်လိုလုပ်မလဲ
Post a Comment