ပြီးခဲ့တဲ့ရက်တွေက ကျွန်တော်တို့အခုနေတဲ့ရပ်ကွက်က ဘုရားပွဲပေါ့ .. ..။ ဇါတ်ပွဲကို တစ်ခါမှ မကြည့်ဖူးတဲ့ ကျွန်တော် ဆိုင်းသံတွေကြားတာနဲ့ စိတ်ဝင်စားပြီး သွားကြည့်ဖြစ်ပါတယ်။ ကတဲ့ ဇါတ်က လှိုင်ဘွားအောင် ဇါတ်ပါ။ အရင် မိုးကုတ်မှာနေတုန်းကတော့ တပေါင်းပွဲဆိုရင် မန္တလေးက ဇါတ်ပွဲတွေ လာကကြတယ်။ ဒါပေမယ့် ကြည့်တဲ့သူအများစုက မန္တလေးနယ်ဘက်ကတွေ၊ တချို့ရွာကတွေ လာကြည့်ကြတာများတယ်။ ကျွန်တော်တို့ ကတော့ ဇါတ်ပွဲကို ခေါင်းထဲတောင် မထည့်ခဲ့ဘူး၊ စိတ်လည်း မ၀င်စားဘူးပေါ့ဗျာ။ မိဘတွေကလည်း လိုက်မှ မပြပဲကိုး။ ခုမန္တလေးမှာနေတာကြာလာတော့ ဘုရားပွဲတိုင်း ဘုရားပွဲတိုင်း ဇါတ်ပွဲငှားဖို့၊ ကြည့်ကြဖို့ကို တော်တော် လုံးပန်းကြတာကို ရပ်ကွက်တိုင်းမှာတွေ့ရတယ်။ စိတ်ဝင်စားတာနဲ့ ဇါတ်ပွဲစကတည်းကရင်း ဆုံးတဲ့ အထိ ကြည့်ဖို့ အားတင်းထားပေမယ့် မနက်ပိုင်း နှစ်ပါးသွားကနေတုန်း မိုးရွာလို့ပွဲသိမ်းသွားတာနဲ့ ဆုံးအောင် မကြည့်လိုက်ရဘူးပေါ့ဗျာ.......။ ကိုကျော်သူ ရဲ့ blog မှာ ပြောထားသလိုပဲ .. မြန်မာလူမျိုးတစ်ယောက်ဟာ မြန်မာယဉ်ကျေးမှုကို သိထားနားလည်သင့်ပါတယ်။ ဇါတ်ပွဲသွားကြည့်တယ်လို့ ပြောတော့ တချို့သူငယ်ချင်းတွေက နှာခေါင်းရှုံ့ကြတယ်။ အောက်တယ်ပေါ့ဗျာ...။ သူတို့ကိုယ်သူတို့ ခေတ်မှီလှပြီပေါ့ဗျာ...။ မြန်မာလူမျိုးဖြစ်ပြီး .. မြန်မာယဉ်ကျေးမှုနဲ့ ပါတ်သတ်တဲ့ အဆို၊အက ဆိုရင် သူတို့တတွေ ဝေးဝေး ရှောင်ကြတာ .. ရင်နာစရာပါပဲ။ ဘယ်သူတွေဘာပဲပြောပြော ... အနောက်တိုင်း တေးဂီတ ဘယ်လိုပဲ လွှမ်းမိုးလွှမ်းမိုး၊ HipHop တွေ RAP တွေ ဘယ်လိုပဲ ခေတ်စား ခေတ်စား ... မန္တလေးမှာတော့ မြန်မာ့ယဉ်ကျေးမှု ဇါတ်သဘင်များဟာ အခိုင်အမာ ရှင်သန်နေဦးမှာ အသေအချာပါပဲ .......။
3 comments:
သိပ်မှန်တာတော့
အဲဒီ နှာခေါင်းရှုံတဲ့လူတွေက လဘာဂျာ တွေ။
you are right , ZMA, your friends who didn't like Zart pyoe were idiots... all myanmar people must have known a lilttle bit about our myanmar arts.
Post a Comment