သူရစ္စာ သန္တာစပါလို့ ထာဝရစဉ်လာ၊ ပဏာမ တင်စရာငယ်၊ တသညာမှတ်ထား၊ စန္ဒရချိန်အညီဝယ်၊ စိန်ရတီမှတ်သား။ နေ့ဘောမ ပုလဲဖြာသည် အကဲမှာတင်ထား၊ ဗုဒ္မနံကြောင်ကိုထားပါလို့၊ နောင်လူများသညာ၊ ဂေါ်မုတ်ခေါ် သောရီပြု၊ လောကီမှုထားတော့စဉ်လာ၊ ရွှေဂုရုမြဖန်သည်၊ ဟိုင်းမင်းနံ ဥဿဖျားငယ်နှင့် သောကြာက နီလာတင်ထားတော့၊ စီစဉ်အလယ်က ပတ္တမြားတင်လျှင်ကိုးပါး နန်းစဉ်တော် သုံးပါကွဲ့လေး ....။
၎င်းတေးထပ်၏ အဓိပါယ်မှာ မဟာဘုတ်လှည့်နည်း
သူရစ္စ၊ သောကြ၊ ဗုဒ္မ၊ စန္ဒာရော၊ သောရီ၊ ဂုရု၊ ဘောမ
သူရစ္စ - တနင်္ဂနွေ
သောကြ - သောကြာ
ဗုဒ္မ - ဗုဒ္မဟူး
စန္ဒရော - တနင်္လာ
သောရီ - စနေ
ဂုရု - ကြာသပတေး
ဘောမ - အင်္ဂါ
ရာဟု - ဟိုင်းမင်း
ပုံတွင်ပြထားသည့်အတိုင်း တနင်္ဂနွေထောင့်မှာ သန္တာက စပါသည်။ တနင်္လာမှာ စိန်၊ အင်္ဂါမှာ ပုလဲ၊ ဗုဒ္မဟူးမှာ ကြောင်၊ စနေမှာ ဂေါ်မုတ်၊ ကြာသပတေးမှာ မြ၊ ရာဟု(ခ)ဟိုင်းမင်းမှာ ဥဿဖျား၊ သောကြာမှာ နီလာ၊ အလယ်မှ ပတ္တမြား ထား၍ စီရင်ကြပါသည်။
ရှေးဟောင်းသူတို့၏ အဆိုအမိန့်မှာ ရွှေပန်းထိမ်ဆရာက န၀ရတ်ကိုးပါးလက်စွပ်ကို စပြီး လုပ်သည့်အခါ ပွဲတစ်ပွဲ ပြင်ရပါသည်၊ ငှက်ပျောသုံးဖီး၊ အုန်းသီးတစ်လုံးနှင့် န၀ရတ် နတ်မင်းကြီးကို ရည်မှန်း၍ ပသထားရပါသည်၊ အထည် ပြီးသောအခါ အုန်းညှာတွင် န၀ရတ် လက်စွပ်ကို စွပ်၍ ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကား သိဒ္မိ၊ မဏီနီလာ မေတ္တာကဲချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖျားကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ကိုးဂုဏ်ဝေသည် ကိုးထွေန၀ရတ်စွမ်းရည် ဆိုသည်နှင့် အညီ ကိုးပါးန၀ရတ် တန်ခိုးထက်မြက်အောင် မစပါ .. န၀ရတ်နတ်မင်းကြီး ... ဟု ပူဇော်ရပါသည်။
(မသန့်သောနေရာ မ၀တ်ရဟု မှာထားပါသည်။)
ရွှေပန်းထိမ်ဆရာကြီး မော်ကျွန်းဥာဏ်ရွှေ (မော်လမြိုင်မြို့)

ဒီရက်ပိုင်း အလုပ်တွေရှုပ်နေလို့ အသစ်မတင်ဖြစ်တာပါ။ ဒီနေ့တော့ အသိတစ်ယောက်က န၀ရတ်ကိုးပါး လက်စွပ်အကြောင်း သိချင်တယ်ဆိုတာနဲ့ ရေးမှတ်ထားတဲ့ စာအုပ်ပုံတွေထဲ ပြန်ရှာပြီး blog ပေါ်ကို တခါတည်း တင်လိုက်တာပါ။ သိချင်တဲ့သူရှိတော့ အကျိုးရှိတာပေါ့ ... ။
၎င်းတေးထပ်၏ အဓိပါယ်မှာ မဟာဘုတ်လှည့်နည်း
သူရစ္စ၊ သောကြ၊ ဗုဒ္မ၊ စန္ဒာရော၊ သောရီ၊ ဂုရု၊ ဘောမ
သူရစ္စ - တနင်္ဂနွေ
သောကြ - သောကြာ
ဗုဒ္မ - ဗုဒ္မဟူး
စန္ဒရော - တနင်္လာ
သောရီ - စနေ
ဂုရု - ကြာသပတေး
ဘောမ - အင်္ဂါ
ရာဟု - ဟိုင်းမင်း
ရှေးဟောင်းသူတို့၏ အဆိုအမိန့်မှာ ရွှေပန်းထိမ်ဆရာက န၀ရတ်ကိုးပါးလက်စွပ်ကို စပြီး လုပ်သည့်အခါ ပွဲတစ်ပွဲ ပြင်ရပါသည်၊ ငှက်ပျောသုံးဖီး၊ အုန်းသီးတစ်လုံးနှင့် န၀ရတ် နတ်မင်းကြီးကို ရည်မှန်း၍ ပသထားရပါသည်၊ အထည် ပြီးသောအခါ အုန်းညှာတွင် န၀ရတ် လက်စွပ်ကို စွပ်၍ ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကား သိဒ္မိ၊ မဏီနီလာ မေတ္တာကဲချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖျားကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ကိုးဂုဏ်ဝေသည် ကိုးထွေန၀ရတ်စွမ်းရည် ဆိုသည်နှင့် အညီ ကိုးပါးန၀ရတ် တန်ခိုးထက်မြက်အောင် မစပါ .. န၀ရတ်နတ်မင်းကြီး ... ဟု ပူဇော်ရပါသည်။
(မသန့်သောနေရာ မ၀တ်ရဟု မှာထားပါသည်။)
ရွှေပန်းထိမ်ဆရာကြီး မော်ကျွန်းဥာဏ်ရွှေ (မော်လမြိုင်မြို့)
ဒီရက်ပိုင်း အလုပ်တွေရှုပ်နေလို့ အသစ်မတင်ဖြစ်တာပါ။ ဒီနေ့တော့ အသိတစ်ယောက်က န၀ရတ်ကိုးပါး လက်စွပ်အကြောင်း သိချင်တယ်ဆိုတာနဲ့ ရေးမှတ်ထားတဲ့ စာအုပ်ပုံတွေထဲ ပြန်ရှာပြီး blog ပေါ်ကို တခါတည်း တင်လိုက်တာပါ။ သိချင်တဲ့သူရှိတော့ အကျိုးရှိတာပေါ့ ... ။
2 comments:
အဲဒီလက်စွတ်ကို ၀တ်တော့ဝတ်ချင်တယ် ... ဒါပေမဲ့ ဆောင်ရန် ရှောင်ရန်တွေကြောင့်
အဲဒီလက်စွပ်မျိုးကို တကယ့်အဖိုးတန်တာတွေနဲ့ပဲ စီခြယ်ပြီး ၀တ်ထားတဲ့ သွားလေသူ ဘဘရဲ့ လက်စွပ် ဘယ်ရောက်သွားပီလဲမသိ ....
Post a Comment