နွေဝင်စအချိန်မို့ လေရူးလေးများ တိုက်ခတ်လျှက်ရှိသည်၊ သစ်ရွက်ခြောက်များ ကြွေကျပြီး လေနှင့်အတူ ဟိုဟိုဒီဒီ ပြေးလွှားလို့နေသည်။ တဖြည်းဖြည်း ပူနွေးလာသည့် ရာသီဥတုက နွေ၏သရုပ်ကို ပီပြင်စေရန် နိဒါန်းပျိုးလျက် ရှိသည်။
ထိုနေ့ညတစ်ည၊ ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် အိပ်နေသော မေမေ့အနားတွင် အမနှစ်ယောက် သည်းထန်စွာ ငိုကြွေးနေကြသည်။ ကျွန်တော် ၀င်လာသည်ကို သိသော အမနှစ်ယောက်က မေမေ့အနားမှ ခွာပေးသည်။ မေမေကျွန်တော့်ကို လှမ်းကြည့်သည်၊ မေမေ့အနားသို့ တိုးကပ်သွား၍ တိုးတိုးညှင်သာပြောနေသော စကားများကို အာရုံစိုက်နားထောင်သည်။ “သား .. လိမ်လိမ်မာမာ နေနော် .. ” မေမေ့၏ ရင်ခွင်သည် နှိမ့်ချည်မြင့်ချည်ဖြင့် အသက်ကို လု၍ရှုနေရသည်။ “မေမေ့ပါးကို ငယ်ငယ်တုန်းကလို နမ်းပါဦး ...” မေမေက နောက်ဆုံး တောင်းဆိုခြင်းဆိုသော မျက်နှာမျိုးဖြင့် ပြောသည်။ မေမေ့ပါးပြင်ကို ဖွဖွလေးနမ်းရင်း ကျွန်တော်၏ ကြွေလုဆဲဆဲ မျက်ရည်စက်များသည် မေမေ့ပါးပြင်ပေါ်သို့ ကျဆင်းသည်။ ကျွန်တော် မေမေ့ကို စွန့်လွှတ်ရတော့မည်။ တစ်သက်လုံး ဘယ်တော့မှ မြင်ရတော့မည်မဟုတ်၊ ကျွန်တော့်ရင်တွေ အောင့်သည်၊ အသက်ရှုကျပ်သည်၊ ကလေးငယ်တစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်၊
ငိုရှိုက်ရင်း အိပ်မက်က လန့်နှိုးသည်၊ ပါးပြင်ပေါ်တွင် မျက်ရည်များ စိုရွှဲလျက်ရှိသည်။

5 comments:
အဲဒါမျိုး အပြင်မှာတကယ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်ဗျာ။
ကိုစစ်အိမ် ... အဲဒီအဖြစ်မျိုးက ပြီးခဲ့တဲ့ ၈လတုန်းက တကယ်ပဲ ခါးသီးစွာ ကြုံခဲ့ရပါတယ် ....။ ရှေ့လ ၇ရက်နေ့ဆိုရင် မေမေဆုံးတာ ၉လပြည့်ပြီဗျာ ... ဒါပေမယ့် မနေ့တနေ့ကလိုပဲ .စိတ်ကစွဲပြီး ... အဲဒီလိုအိပ်မက်မျိုးတွေ ခဏခဏ မက်နေတယ် .....
Hi Zaw Moe Aung,
Deepest condolence
for the loss of your loved Mum.
Dee
ကျွန်တော့်ဘ၀မှာ မကြုံချင်ဆုံးက အဲဒီလို ကိစ္စတွေပဲ ဒါပေမဲ့ မကြုံလို့မှ မရတာကိုး .. ကိုယ်ချင်းစာပါတယ်ဗျာ
I feel so sorry for you after reading this post
I understand it was like a disaster for u
there is one thing left i wanna say to you
that you are a good writer according to this post
Even though it is short ....... :)
Post a Comment