မန္တလေးမှာ အရင်က Cyber Cafe ၃ခုလောက်သာ ရှိခဲ့ရာကနေ အခုဆိုရင် PAC (Public Access Center) တွေ တော်တော်များလာပါတယ်...။ Center တွေ များလာတာနဲ့အမျှ သူတို့ပေးတဲ့ ၀န်ဆောင်မှုဟာလည်း အပြိုင်အဆိုင် ဖြစ်လာကြပါတယ်။ ဈေးနှူန်းတွေ အပြိုင်အဆိုင် လျှော့ချကြသလို ပေးတဲ့ Facilities တွေကိုလည်း ပိုပိုပြီးပေးနိုင်အောင် ကြိုးစားလာကြပါတယ်။ မီးမလာလို့ စက်နိုးပြီး လုပ်ကိုင်ရတာကြောင့် မကိုက်ဘူးလို့ ညဉ်းတွားကြတဲ့ လုပ်ငန်းရှင်တွေကိုလည်း တွေ့ရပါတယ်...။ ဘာပဲပြောပြော မန္တလေးမှာတော့ အရင့်အရင်ကထက် ပိုပိုပြီး တိုးတက်နေပါတယ် ... ။ PAC ဖွင့်တဲ့လူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကြုံလို့ ကူးယူ ဖော်ပြလိုက်ပါတယ်...။
Public Access Center ဖွင့်လှစ်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ
၁။ လာရောက်အသုံးပြုသူများ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား ကြည့်ရှုစစ်ဆေး၍ အမည်၊ မှတ်ပုံတင်အမှတ် (Passport Number) ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ် စသည်တို့ကို မှတ်ပုံတင်ထားရှိရမည်။
၂။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်း (Date,Time,Screen Shot, URLs,) အား နှစ်ပတ်တစ်ကြိမ် Myanmar Info-Tech သို့ CD ဖြင့် ရေးသားပေးပို့ရမည်။
၃။ အလားတူ မိမိတို့ထံတွင်လည်း Backup အား သိမ်းဆည်းထားရှိရမည်။
၎။ Screen Shot များကို ငါးမိနစ်တစ်ကြိမ် ရယူထားရမည်။
၅။ မော်နီတာများအား အများမြင်သာသည့်ဘက်သို့ မျက်နှာမူ ထားရှိရမည်။
၆။ မြန်မာနိုင်ငံအတွင်း တရားဝင် အသုံးပြုလျက်ရှိသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးထားသော Email များနှင့် Mail4U များကိုသာ သုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားရမည်။
၇။ Tunnelling Website/ Software များအား သုံးစွဲခွင့်မရှိကြောင်း ဖော်ပြထားရမည်။
၈။ Cyber Crimes (Hacking, Virus Distribution, Port Scanning and etc) မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော ကိစ္စများဆောင်ရွက်ခြင်းတို့အား တားမြစ်ကြောင်း ရေးသားဖော်ပြထားရမည်။
၉။ နိုင်ငံရေးနှင့် ပါတ်သက်သော Website များအား ကြည့်ရှုခွင့်မပြုရ။
၁၀။ PAC အတွင်း (Online/Offline) လောင်းကစားအမျိုးမျိုးအား ပြုလုပ်ခွင့်မပြုရ။
၁၁။ PAC အတွင်း အရက်သေစာနှင့် မူးယစ်စေသော ဆေးဝါးနှင့် ပစ္စည်းများ သုံးစွဲရောင်းချခွင့်မပြု။
၁၂။ PAC အတွင်း Speaker သုံးစွဲခွင့်မပြု၊ Head Phone များကိုသာ အသုံးပြုရမည်။
၁၃။ PAC အတွင်းရှိ Computer များ၏ Floppy Drive, CD Drive, USB Port များအား သုံးစွဲခွင့်မပြုရ။
၁၄။ Internet မှ download ပြုလုပ်ရရှိလိုပါက ဆိုင်တွင်မှတ်ပုံတင်၍ ရေးကူးပေးရမည်။
၁၅။ PAC အား ည ၁၁း၀၀နာရီထက် ကျော်လွန်၍ ဖွင့်လှစ်ခွင့်မပြု။
၁၆။ မီးဘေးကာကွယ်မှုအတွက် ကြိုတင်စီစဉ်ထားရမည်။
၁၇။ PAC များတွင် ချမှတ်ထားသော စည်းကမ်းများကို ချိုးဖောက်သည့် User များ တွေ့ရှိခဲ့လျင် Myanmar Info-Tech သို့ ချက်ချင်းအကြောင်းကြားရမည်။
၁၈။ ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ၁၀.၇.၂၀၀၂ခုနှစ် ရက်စွဲဖြင့်ထုတ်ပြန်ထားသော Wide Area Network အသုံးပြု ကွန်ပျူတာကွန်ယက်ထူထောင်ခြင်း၊ ၀န်ဆောင်မှုပေးခြင်းနှင့် သက်ဆိုင်ရာ နည်းပညာ အသုံးပြုခြင်းတို့နှင့် စပ်လျဉ်းသည့် အမိန့်ကြေငြာစာအမှတ် (၃/၂၀၀၃)အား လိုက်နာဆောင်ရွက်ရမည်။
၁၉။ အခါအားလျော်စွာ Myanmar Info-Tech မှ ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်။

8 comments:
တော်ပြီဗျာ ။ မသုံးတော့ ဘူး ။ ဟီးဟီး :P
ဟုတ်တယ် ... ဘာလဲဟ ... ကိုယ့်ပိုက်ဆံနဲ့ကိုယ် အင်တာနက်သုံးတာတောင် လွတ်လွတ်လပ်လပ်မရှိဘူး။ မှတ်ပုံတင်ပြပြီး သုံးရမယ်တဲ့ အဓိပ္ပယ်မဲ့တာ ... အင်တာနက်သုံးတာနဲ့ မတူတော့ဘူး လူဝင်မှုကြီးကြပ်ရေးရုံးရောက်နေတာ ကျနေတာပဲ ... လေတယ်
Internet သုံးဖို့ လာတာပါ .. အေ။ ကိုယ်ရေးကိုတာတွေကို လူများပြရတာကတော့ ထုံးစံမရှိပါဘူး။
ဘယ်သူက ကျန်တဲ့ email တွေသုံးလို့တရားမ၀င်တော့ မှာလည်း .. email ကို တရားဝင်ရအောင်
email သုံးသူတွေကို အိမ်ထောင်စုဇယားထုတ်ပေးမှာလား။ Speaker ကတော့ ထားပါတော့ Floppy Drive, CD Drive, USB Port
တွေကိုသုံးခွင့်မပြုကတော့ လွန်လွန်းပြီထင်တယ်။ စည်းကမ်းချိုးဖောက်ရင် Myanmar Info-Tech က Computer တွေကို ဖုန်သုတ်ခိုင်းမှာလား .. ဟင် ..
ဟားဟား ........ ဟုတ်ပါ့ဗျာ။
“ဟယ်လို...”
“ဘယ်သူလဲ”
“ကိုပါ”
“ဘယ်က ကိုလဲ”
“မင်းက မသိရင် နေမယ်၊ ကိုယ်ကတော့ မင်းကို သိတယ်”
“ဘာတွေလာပြောနေတာလဲ၊ ဒီဖုန်းနံပါတ်ကို ဘယ်လိုရလဲ”
“ကိုပြောမယ်၊ မင်းနာမည်က ... ၊ မင်း မွေးရက်က ... ၊ မင်း အဖေအမေက ...၊ မင်း အဘိုးက ... ၊ ကဲ မင်း ဖုန်းနံပါတ်ရတာ မဆန်းပါဘူး”
“ရှင် ဘယ်လိုလုပ်သိတာလဲ”
“ဒါနဲ့ ကို မင်းသွားတတ်တဲ့ site လေးတွေသိတယ်၊ ရွတ်ပြရမလား။ အိုကွာ ရုတ်စွအဆုံး မင်း ဘယ်ဆိုဒ်ကို ဘာလော့ဂင် password နဲ့ ဝင်တယ်ဆိုတာတောင် ကိုသိတယ်”
“ရှင်”
“မရှင် နဲ့ နောက်တစ်ခါ မင်းလာရင် မင်းအသုံးဝင်မဲ့ software လေးတွေ install လုပ်ထားပေးမယ်”
“အို...ရပါတယ်”
“မရပါနဲ့... USB port လေးကိုလည်း ကိုယ့် အောက်မှာ အဲ့... ကိုထိုင်တဲ့ ခုံအောက်မှာ ထားပေးမယ်။ ထည့်ချင်ရင် လာထည့်လိုက်လေ USB ကို ပြောတာနော်”
“ခစ်..ခစ်..ခစ်”
“မင်းလေး ပျော်သွားပြီ မဟုတ်လား”
“ဒါနဲ့ ရှင် ဘယ်သူလဲ”
“ကိုက PAC က မန်နေဂျာလေ” :P
ကိုဇော်မိုးအောင်ရေ....ကျွန်တော်ပြောတယ်မဟုတ်လား......Anonymous....ပြောတာရေးတာတွေအရမ်းမိုက်တယ်.......အဖြစ်အပျက်ပုံစံရေးထားတာလည်းမိုက်တယ်.......အို...ပြောချင်တာကတော့ကြိုက်တယ်ဗျာ....ဒါပဲ.....
ကိုဇော်မိုးအောင်ရေ.. ကျနော်လာလည်သွားပါတယ်။ ဒီပို့စ်ရေးထားတာကို စိတ်ဝင်စားသလို ဒီပို့စ်ကို အခြေခံပြီး စာတပုဒ်ရေးချင်ပါတယ်။ ရေးပြီးရင် ကျနော့်ဘလော့မှာ တင်ချင်ပါတယ်။ ဒါပေမယ့် မူရင်းပိုင်ရှင် ကိုဇော်မိုးအောင်ရဲ့ ခွင့်ပြုချက်ရမှပါ။
လေးစားစွာဖြင့်
ကလိုစေးထူး
That poster is first seen in ..SONIC...one of the creators of shwesagar.com.......BUT they not restrict as that shown...Thank for that....
Post a Comment