ဟူး .... အခုမှပဲ အားတော့တယ် ... ၃ရက်ဆက်တိုက် Show ပွဲအတွက်ရော .. အဲဒါမတိုင်ခင် Rehersal လုပ်တာ ၁၀ရက်လောက်ရော ဆိုတော့မဘလော့နိုင်ဘူးဖြစ်သွားတယ် .... မောလည်းမောတယ် .. ပျော်ဖို့လည်းကောင်းတယ် ... နောက်ရက်မှ ဓါတ်ပုံတွေ တင်တော့မယ် ...
ခုရက်ပိုင်း မိုးတွေအုံ့နေပြီး ခဏခဏ မိုးရွာနေတယ် ... လမ်းမှာလည်း ဗွက်တွေဆိုတော့ သွားရလာရတာ သိပ်အဆင်မပြေလှဘူး ... ကိုယ်ပိုင်ကားလေးတစ်စီးလောက်ရှိရင်တော့ သိပ်ကောင်းမှာပဲလို့ တွေးမိတယ် ... ဆိုင်ကယ်နဲ့ဆိုတော့ ထီးဆောင်းလို့လည်းမရဘူးလေ ...
အိမ်မှာလည်း ပစ်ထားတဲ့အလုပ်တွေပုံနေပြီ .. တန်းစီပြီး တစ်ခုချင်းစီပြီး ဖြတ်ရမယ် ... မီးကလည်း ပျက်လိုက် မလာလိုက်နဲ့ တော်တော် စိတ်ညစ်ဖို့ကောင်းတယ် ... မီးလာရမယ့်ရက်ဆိုရင်လည်း ခဏခဏပျက်နေတယ် .. မီးလာပြီဆိုပြီး ၀မ်းသာအားရ ကွန်ပျူတာဖွင့် Window လည်း တက်ရော ... မီးကပြတ် ... အဲဒါနဲ့ သက်ပြင်းရှည်ကြီးချပြီး Shut Down လုပ်၊ UPS ကို ထိုးပိတ်လိုက်တော့ မီးက ပြန်လာ .... ကွန်ပျူတာပြန်ဖွင့် .... အလုပ်လုပ်မယ်ဆိုပြီး Photoshop ကို ဖွင့် ... မီးကပြတ်သွားပြန်ရော ... Photoshop ကို ပြန်ပိတ် .... မီးကပြန်လာပြန်ရော ... လူကို အရူးကျနေတာပဲ ... ဒီမီးနဲ့ အလုပ်လုပ်ရတာ .... ကျွန်တော်တို့ အဘိုးကြီးအိုဖြစ်ပြီး သေသွားချိန်အထိမှ လျှပ်စစ်မီးကို ဖောဖောသီသီ သုံးနိုင်ပါတော့မလားမသိပါဘူး ... စိတ်ညစ်တဲ့အထဲမှာ အဲဒါတွေလည်းပါဒယ် ..........

No comments:
Post a Comment