မနိုင်းနိုင်းစနေ ရဲ့ Blog မှာ ဖော်ပြထားတဲ့ ညနေခင်းလက်ဖက်ရည် တည်ခင်းနည်းများကို ဖတ်ပြီး ဗဟုသုတရလို့ ကျွန်တော့်Blog ပေါ်မှာ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ဟိုစပ်စပ်ဒီစပ်စပ် သိချင်တဲ့ ကျွန်တော်တို့အတွက် မျှဝေပေးလို့ မနိုင်းနိုင်းစနေကို ကျေးဇူးတင်ပါတယ်။
ညနေခင်းလက်ဖက်ရည် တည်ခင်းနည်းများ
(၁) ထုံးတမ်းစဉ်လာအရ လက်ဖက်ရည် တည်ခင်းချိန်ဟာ ညနေခင်း (၄)နာရီဖြစ်တယ်။ (Low Tea လို့လည်း ခေါ်ကြတယ်)
(၁) ထုံးတမ်းစဉ်လာအရ လက်ဖက်ရည် တည်ခင်းချိန်ဟာ ညနေခင်း (၄)နာရီဖြစ်တယ်။ (Low Tea လို့လည်း ခေါ်ကြတယ်)
(၂) ၀ီတိုရိယခေတ်မှာ အမျိုးသားတွေက ပျံလွှားငှက်မြီး သဏ္ဍာန် ကုတ်အင်္ကျီ(swallowtail coat) ကိုဝတ်ပြီး အမျိုးသမီးတွေက ဂါဝန်ရှည်ကြီးတွေ ၀တ်ကြတယ်။ အင်္ဂလန်နိုင်ငံမှာရှိတဲ့ Buckingham Palace မှာ နှစ်စဉ် ကျင်းပတဲ့ ညနေခင်း လက်ဖက်ရည်ဝိုင်းမှာလည်း အမျိုးသားတွေဟာ ငှက်မြီးသဏ္ဍာန် ကုတ်အင်္ကျီနဲ့ ဦးထုတ် ရှည်ကို ဆောင်းပြီး လက်ထဲမှာ ထီးတစ်လက်ကိုင်ထားတယ်။ အမျိုးသမီးတွေက အဖြူရောင် ဂါဝန်ရှည်ဝတ်ပြီး ဦးထုတ်ကိုတော့ မဖြစ်မနေ ဆောင်းကြရတယ်။
(၃) အိမ်ရှင်မက ကြွရောက်လာတဲ့ ဧည့်သည်တွေကို ကိုယ်တိုင်တည်ခင်း ဧည့်ခံရမှာဖြစ်တယ်။ ကိုယ်တိုင် ဧည့်ခံခြင်းဖြင့် ဧည့်သည်တွေကို ပိုမိုလေးစားရာ ရောက်တယ်။ တကယ့်လိုအပ်မှသာ အစေခံတွေရဲ့ အကူအညီကို ယူကြတယ်။
No comments:
Post a Comment