ညနေခင်း ဈေးသိမ်းချိန်၊ ဈေးအရှေ့ဘက် လမ်းကြားတစ်နေရာ ...၊
`လေထိုးနိုင်သည်၊ ကပ်ခွာဖြင့် ဘီးပေါက်ဖာသည်။ ´ အဲဒီစာသားကို သုံးထပ်သားအဟောင်းတစ်ချပ်ပေါ်မှာ မြေဖြူနဲ့ရေးပြီး သစ်ပင်မှာ ချိတ်ထားတဲ့ စက်ဘီးပြင်ဆိုင် တစ်ဆိုင်မှာပေါ့ ...။ ဆိုင်ပိုင်ရှင်လို့ ထင်ရတဲ့ ထင်ရတဲ့ ညင်းသိုးသိုး လူကြီးတစ်ယောက် အိပ်မောကျနေတယ် ...။
စက်ဘီးလေမရှိလို့ တွန်းလာတဲ့ အမျိုးသားတစ်ယောက် ... ။ အဲဒီဆိုင်ရှေ့အရောက်မှာ ကွမ်းကို ဗလုံးဗထွေးစားရင်း လေထိုးတံကိုယူပြီး သူ့စက်ဘီးကို လေထိုးတယ် ...။ အိပ်နေတဲ့ ပုဂ္ဂိုလ်ကြီးက မျက်လုံးကို မေးစင်းပြီးကြည့်နေတယ် ...။ လေထိုးလို့အပြီးမှာတော့
`ဘယ်လောက်လဲ ... ´
`ငါးဆယ် ... ´
`အနူတ်မရှိလို့ နောက်တစ်ခေါက်မှ ပေါင်းယူလိုက်တော့ဗျာ ... နော် ... ´
`မရဘူးဟေ့ ... ဒါမျိုးတွေရိုးနေပြီ ... ငါ@#$´
`ဒါဆိုလည်း ရော့ဗျာ .. တစ်ထောင်တန် ... ပိုတာ ပြန်အမ်း ...´
`ရတယ် ... ရော့ ကိုးရာ ... ´
`ဟာ ... ခင်ဗျား ... လေထိုးတာ ငါးဆယ် ကျတာကို ကိုးရာ့ငါးဆယ် အမ်းရမှာပေါ့ .. ခင်ဗျား ... လူပါးမ၀နဲ့နော် @$%^´
`ဟေ့ ..ဒီမှာ ... ငါးဆယ် အနူတ်ပေးရင်ပေး ... တစ်ထောင်တန်ပေးရင် အမ်းဖို့အနူတ်ကခက်လို့ .. လေထိုးခ တစ်ရာကျတယ် ...´
`ဘာဆိုင်လဲဗျ ... ငါးဆယ်ဟာ ငါးဆယ်ပဲပေါ့ ... ခင်ဗျာကြီး လူလည်မကျနဲ့နော် ... ကျုပ်ကို ဘာမှတ်နေလဲ ...´
`ဟေ့ကောင် ... ဒီလောက် အနူတ်ရှားတာ .. မအမ်းနိုင်ဘူးကွာ ... အနူတ်မပါရင် အစကတည်းက လေမထိုးနဲ့ပေါ့ကွ ... မေ@လေး´
`ခင်ဗျား ... မဆဲနဲ့နော် .. သတ္တိရှိရင် တစ်ယောက်ချင်းချမယ် ... ထွက်ခဲ့ ...´
`အောင်မာ .. မင်းက ဘာကောင်လဲ လာလေ ... !@#@#$%´
ခွပ် .... ဘုန်း ... အား .... ဒုတ် .... အွတ် .... အိုး .....
% $ @ # # $ % ^ & & % % $ # # @ # % ^ ^ & & * *
1 comment:
ဦးဇော်မိုးအောင် ဘယ်သူခံရလဲဟင် သိချင်လိုက်တာ :P
Post a Comment