Friday, November 09, 2007

ယနေ့မန္တလေး

မန္တလေးမှာ ဆောင်းရာသီကို ရောက်လာတာကြောင့် မနက်ပိုင်းနဲ့ ညပိုင်းမှာ အေးစပြုလာပါပြီ ...။ မန္တလေးကိုရောက်ခါစက အအေးပိုင်းက လာတဲ့သူဖြစ်လို့ မန္တလေးဆောင်းတွင်းကို အထင်သေးထားမိပါတယ်။ တကယ်တမ်းကြုံတဲ့အခါမှာတော့ ကမ်းကုန်အောင် လမ်းစုံကဟစ်ချင်ရဲ့ လို့ သင်ဖူးခဲ့တဲ့ ကဗျာထဲကလိုပဲ ... အေးလွန်းလို့တောင် ဟစ်ဖို့ လမ်းပေါ်မထွက်နိုင်တော့ပါဘူး ...။ အခုလည်း အစွမ်းကုန်အေးတော့မယ့် ဒီဇင်ဘာကို ရောက်တော့မှာကြောင့် အနွေးထည်တွေ ပြင်ဆင်နေရပါပြီ ....။

မနေ့က (၈.၁၁.၂၀၀၇)မှာ ဆီဒိုးနားဟိုတယ်မှာ သျှင်နေမင်း ဦးစီးကျင်းပတဲ့ မင်္ဂလာဝတ်စုံပြပွဲနဲ့ ကုန်ပစ္စည်းအရောင်းပွဲတော်ကို ရောက်ခဲ့ပါတယ်။ မန္တလေးက တချို့ မော်ဒယ်လ်များနဲ့အတူ အေးမြတ်သူ၊ ခရစ္စတီးနား၊ မိုးပြည့်ပြည့်မောင်နဲ့ အယ်လ်ဆိုင်းဆီ တို့က မင်္ဂလာဝတ်စုံများကို ၀တ်ဆင် သရုပ်ပြခဲ့ကြပါတယ်။ အဲဒီပြပွဲကို၈ရက် ၉ရက် နှစ်ရက်ကျင်းပမှာဖြစ်ပါတယ်။

အရင့်အရင်နှစ်တွေက ဒီလိုရာသီဆိုရင် စူပါမားကတ်တွေ၊ ရပ်ကွက်တွေ၊ ဘုရားတွေမှာ ပွဲပေါင်းများစွာ ကျင်းပကြပါတယ်။ ဘုရားပွဲ၊ တရားပွဲ၊ ကုန်စည်ပြပွဲ .... ။ ဒီနှစ်ကတော့ တချို့ ရပ်ကွက်တွေမှာ ဘုရားပွဲကျင်းပပေမယ့် ဇါတ်တွေမထည့်ကြတော့ပါဘူး ...။ ဟိုတယ်တွေမှာ ကျင်းပမယ့် ဖက်ရှင်ရှိုးတွေနဲ့ ပွဲအမျိုးမျိုးဟာလည်း ရက်နောက်ဆုတ်ပြီးရင်း နောက်ဆုတ်ရင်းသာ နေပါတယ်။

1 comment:

theint said...

ရွယ်တူတွေဆိုတော့ ဇော်ဇော် လို့ပဲခေါ်မယ်နော်။
ဟုတ်တယ်...မန္တလေးဆောင်းရာသီရဲ့အေးပုံက
ကိုယ်တိုင်ကြုံတွေ့ခံစားဖူးမှသိတာ။အလယ်ပိုင်း
ဆိုတော့ပူရင်လည်းတအားပူပြီး အေးရင်လည်း
တအားအေးတာ။ဒါပေမဲ့ ကျွန်တော်ကတော့ကြိုက်
တယ်။ကျွန်တော်တို့မြင်းခြံကလည်းမန္တလေးနဲ့ရာသီ
ဥတုချင်းတူတယ်။ ကျွန်တော့်ဘလောဂ်ကိုလည်း
လာလည်ပါအုံး။(thuthu-theint.blogspot.com)