မန္တလေးမြို့ လမ်း၈၀ပေါ်မှာ လမ်းတစ်လမ်းလုံး ပိတ်ပြီး တရုတ်အသုဘ တစ်ခု ကျင်းပလျက်ရှိတာ ဒီနေ့ဆိုရင် ၃ရက်ရှိသွားပါပြီ ...။ အသွားအလာများတဲ့ ၁၉နဲ့၂၀လမ်းကြားမှာရှိတဲ့ လမ်း၈၀ လမ်းမကြီးပေါ်မှာဖြစ်ပြီး အသုဘဖြစ်တဲ့အိမ်ရှိတဲ့ ပလက်ဖောင်းကနေ လမ်းလယ်ခေါင် ပန်းခုံအထိ လမ်းပိတ်ပြီး မဏ္ဍပ်ကြီး ဆောက်လုပ်ထားပါတယ် ...။ ခေတ္တလမ်းလွှဲထားပါသည် လို့ ဆိုင်းဘုတ်ရေးထားပြီး လာသမျှ ကား၊ဆိုင်ကယ်၊စက်ဘီးတွေကို အခြားတစ်လမ်းက သွားခိုင်းထားပါတယ်။ ... ယာဉ်သွားယာဉ်လာများ ကြပ်သိပ်စွား သွားလာနေရပြီး ယာဉ်ထိန်းရဲလည်း မတွေ့ရပါဘူး ...။ ခမ်းနားလှတဲ့ ဂုဏ်သရေရှိ တရုတ်အသုဘကို လာကြတဲ့ နောက်ဆုံးပေါ် ကားရောင်စုံဟာလည်း လမ်းပေါ်မှာ ပြည့်လျက်ရှိပါတယ်။
တရုတ်ထုံးစံအတိုင်း ကျင်းပကြတာမို့ လမ်းပေါ်မှာထိုးထားတဲ့ မဏ္ဍပ်ထဲမှာ အရက်ဝိုင်း၊ ဖဲဝိုင်းများနဲ့ စည်ကားလို့နေပါတယ်...။ ကားအရုပ်၊ဆိုင်ကယ်အရုပ်တွေအပြင် ချမ်းသာတဲ့ တရုတ်အသုဘတွေမှာ ပြင်ဆင်လေ့ရှိတဲ့ တိုးလို့တွဲလောင်း စာတန်းတွေ၊ အရုပ်တွေနဲ့ ပြည့်နှက်လို့နေပါတယ် ...။ ကျုံးဘေး ဖြစ်တဲ့ တစ်ဖက်လမ်း ပလက်ဖောင်းပေါ်မှာတော့ အိုးကြီးအိုးငယ် တွေနဲ့အတူ စားသောက်ဖွယ်ရာများကို ချက်ပြုတ်နေကြပါတယ် ...။ မန္တလေးကို ရောက်တာကြာပြီဖြစ်ပေမယ့် ဒီလောက်ကြီးကျယ်တဲ့ အသုဘမျိုး တစ်ခါမှ မတွေ့ဖူးတာ အမှန်ပါ ...။
ကျွန်တော် သိချင်တာတွေရှိပါတယ် ...
အဲဒီ ကျုံးဘေး လမ်း၈၀ပေါ်က အိမ်တွေက နာရေးဖြစ်တိုင်း အဲဒီလို အများသူငါ သွားလာနေတဲ့ လမ်းကို ၂၄နာရီပိတ်ပြီး အသုဘမဏ္ဍပ်ထိုးလို့ရပါသလား ...။
အဲဒီလို လမ်းပိတ်ပြီး မဏ္ဍပ်ဆောက်လို့ရပါတယ် ဆိုရင်ကော .. အဲဒီ နာရေးရှင်ဟာ ဘယ်လို လူမျိုးမို့လို့ပါလဲ ...။
တကယ်သိချင်ပါတယ် ....။
ဒီကနေ့ သိခဲ့ရတာတစ်ခုကတော့ အဲဒီနာရေးဟာ ကြီးကျယ်လှစွာသော ဘဏ်လုပ်ငန်းရှင်ဟောင်းကြီးတစ်ဦးရဲ့ မိခင်ဖြစ်ပါသတဲ့ ...။

4 comments:
မြန်မာပြည်မှာ တရုတ်အချို့ ဓနအင်အားနဲ့ လုပ်ချင်သလို လုပ်နေကြတာကို လက်ခံပါတယ်။ အခု လတ်တလော ဖြစ်ခဲ့တဲ့ နိုင်ငံရေးကိစ္စတွေမှာ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ်အများစုက မပါဝင်ခဲ့တာရယ် တရုတ်နိုင်ငံရဲ့ သဘောထားတွေရယ်ကြောင့် အများစုက တရုတ်တွေကို ကြည့်မရတာလဲ ကျွန်တော် သဘောပေါက်ပါတယ်။ ကိုဇော်မိုးအောင် ပြောပြတဲ့ အသုဘအခန်းအနားက လုပ်တာ လွန်ကောင်းလွန်ပါလိမ့်မယ် ( ကျွန်တော်လဲ ကြည့်မရပါ ) ဒါပေမဲ့ ပြောချင်တာ တစ်ခုက ရိုးရာအရ ပြုလုပ်တဲ့ အသုဘတစ်ခုမှာ လမ်းပိတ်ပြီး (lane တစ်ခုဖြစ်ဖြစ်) လုပ်မယ်ဆိုရင် သက်ဆိုင်ရာကို ခွင့်ပြုချက်ရပြီး ပြုလုပ်တယ် ဆိုရင် လက်ခံသင့်တယ်လို့ ထင်ပါတယ်။ မြန်မာပြည်က ကျွန်တော်အပါအ၀င် တရုတ်အကြောင်းကို နောက်ကြုံရင် ကျွန်တော့် ဘလော့ဂ် မှာ တင်ပြပါဦးမယ်။ ခင်မင်လျှက်... မောင်သင်္ကြန်
ဒါ အသေးအမွှားလေးပဲ ရှိသေးတယ်ထင်တယ်...။
ပေါက်ဖော်တို့ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ပြည်ကြီးကရင်း အော်ဒါရှိထားတယ်လေ...။
ပြည်တွင်းက ပြည်သူတွေထက် ပေါက်ဖော်တွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် ထမ်းဆောင်ဖို့ တာဝန်ရှိကြတယ်...။
တိုင်းပြည်တိုးတက်ရေးအတွက် အနစ်နာခံ၊ ကိုယ်ကျိုးစွန့်လုပ်နေကြတဲ့လူတွေကိုတော့ နှိပ်ကွပ်သတ်ဖြတ်၊ တိုင်းပြည်က သယံဇာတတွေ ပြည်သူတွေကို ဂုတ်သွေးစုပ်နေကြတဲ့ သူတွေကိုတော့ အထူးအကာအကွယ်ပေးနေကြတယ်...။
ပြောရင်း ပြောရင်း ရင်ဘတ်ထဲက နာလာတယ်ဗျာ...။
ကိုဇော်မိုးရဲ.ဘလော.ကိုနိုင်ငံခြားရောက်မြန်မာ IT developer တစ်ဦးကအမရဲ.ဘလော.ကတဆင်. ၀င် ကြည်.ပြီးလမ်း၈၀အသုဘဆောင်းပါးကိုချီးမွမ်းနေတယ်၊congratulations ပါ၊ဒါနဲ.စကားမစပ်၊မြန်မာဘလော.ဒ် ဂါများလို.မသုံးဘဲမြန်မာဘလော.ဂါများလို.ဘဲသုံးရင်မကောင်းဘူးလား။
လမ်းပိတ်ဆို့ ရင် တိုင်လို့ ၇တယ်။
သက်ဆိုင်ရာ ကို ငွေ ပေးထားလို့ နေမှာပေါ့
Post a Comment