မိုးကုတ်ကို မင်္ဂလာဆောင်ရှိလို့ အပြေးအလွှားသွားခဲ့ရပေမယ့် အေးလွန်းတဲ့ ရာသီဥတုကြောင့် တော်တော် ဒုက္ခရောက်ရပါတယ်..။ မန္တလေးမှာ နေသားကျနေတဲ့ ကျွန်တော် မိုးကုတ်ဆောင်းကို မခံနိုင်တော့တာကို အံ့သြမိပါတယ်...။ ငယ်ကတည်းကရင်း မန္တလေး - မိုးကုတ် ခရီးသွားရင် ကားနဲ့ သွားနေပေမယ့် ဒီတစ်ခေါက်တော့ ဆိုင်ကယ်နဲ့ မိုက်မိုက်ကန်းကန်းသွားခဲ့ပါတယ် .. ကားနဲ့ သွားတာလောက် မပင်ပန်းဘူးလေ ...။ လမ်းမှာ ညောင်းတဲ့နေရာ ရပ်လိုက် ... သွားလိုက်နဲ့ ဆိုတော့ ရှုခင်းတွေကို ဓါတ်ပုံရိုက်ချင်တဲ့ ကျွန်တော့် အတွက်တော့ အဆင်ပြေတာပေါ့ ...။ မိုးကုတ်မှာနေဖို့ ရက်က သိပ်မရတော့ ရတဲ့ အချိန်လေး အတွင်းမှာ အပြေးအလွှားသွားခဲ့ရတာ ဖတ်ဖတ်ကို မောနေတာပဲ ....။ ရာသီဥတုကတော့ အေးလွန်းလို့ သွေးတွေတောင် ခဲသွားပြီလား အောက်မေ့မိပါတယ်... အပြန်ခရီးကိုလည်း ဆိုင်ကယ်နဲ့ပဲ ဆင်းခဲ့ပါတယ် ...။ ဓါတ်ပုံတွေ နောက်ရက်မှ တင်ပေးတော့မယ် ..
မန္တလေးမှာတော့ သိပ်မအေးတော့ဘူးဗျ .. နည်းနည်း ပူနေပြီ ....။
4 comments:
အဲဒီလို ခရီးဝေးတွေကို ဆိုင်ကယ်နဲ့ သွားချင်နေတာကြာပြီ ဘယ်တော့မှ သွားဖြစ်မလဲ မသိဘူး ပြန်ရောက်ရင်တော့ မိုးကုတ်ကို လစ်မယ် :P
မင်္ဂလာဆောင်တာက ဘလောခ့်ဂါကြီး ကိုယ်တိုင်များလား :P သတင်းထူးရှိရင်လည်း အားလုံးသိအောင်ပြောပါဦး..
ဓာတ်ပုံတွေ ကြည့်ဖို့ စောင့်နေပါတယ်..
သြော်... မိုးကုတ်သားကြီးရယ်... မန္တလေးက ပူပြီပေါ့ ဟုတ်လား...
ဘုရားရေ.. မိုးကုတ်လမ်းက အကွေ့အကောက်သိပ်များတယ်လို့ကြားဖူးတယ်.. အဲဒါကို ဆိုင်ကယ်နဲ့သွားတယ်ဆိုတော့ ပိုမပင်ပန်းဘူးလားဗျ..
Post a Comment