စိတ်သွားတိုင်း ကိုယ်ပါတဲ့ မန်းဒလေးကို ပြန်ပြေးချင်လာနေမိတယ် ... ရန်ကုန်မှာ နေတာကြာတဲ့သူတွေကတော့ ဒါက အဆန်းလား ... ကျွန်တော့်အဖို့တော့ သွားရလာရတာ အဆင်မပြေဘူးပေါ့ဗျာ ... အချိန်ကလည်း သိပ်ကုန်တာဗျ ... လိုရင်းကို မရောက်နိုင်ဘူး ... ကိုယ်ပိုင်ကားလေးတစ်စီးနဲ့ ဒရိုင်ဘာကောင်းကောင်းတစ်ယောက်ရှိမှပဲ ... ရန်ကုန်မှာ နေတော့မယ် ... ဘာရယ်ဟုတ်ပါဘူး ... ဒီနေ့ မန်းဒလေးမပြန်ခင် ဘလော့ပေါ်မှာ ညဉ်းတွားကြည့်တာပါ ....
Sunday, October 28, 2007
ရန်ကုန် ရန်ကုန်
Saturday, October 27, 2007
Friday, October 26, 2007
သီတင်းကျွတ်လပြည့်နေ့
ငယ်ငယ်တုန်းက ဒီလိုနေ့မျိုးညတွေမှာ ရောင်စုံမီပုံးတွေ ထွန်းကြတယ်။ အ၀တ်အစားအသစ်တွေ ၀တ်စားပြီး နှစ်ဖက် အဖိုးအဖွားတွေ၊ ဆရာဆရာမတွေကို လိုက်ကန့်တော့ကြတယ်။ မုန့်ဖိုးတွေရကြတယ်။ ရတဲ့မုန့်ဖိုးတွေနဲ့ မီးရှုးပန်းတွေ၊ ဗြောက်တွေဝယ်ပြီး သူငယ်ချင်းတွေနဲ့ အတူတူ ကစားကြတယ်။ အိမ်တွေအိမ်တွေမှာ ထွန်းညှိထားကြတဲ့ ရောင်စုံမီးပုံး မျိုးစုံကြောင့် တစ်မြို့လုံးဟာ လှပလို့နေပါတယ်။
ချမ်းအေးတဲ့ရာသီမှာ တစ်မြို့လုံးပတ်ပြီး လိုက်ကြည့်ခဲ့ကြတယ်။ တောင်ထိပ်ပေါ်မှာတည်ရှိတဲ့ ချမ်းသာကြီးဘုရား၊ ဖောင်တော်ဦးဘုရားနဲ့ လေးမျက်နှာဘုရားတို့မှာ ပြိုးပြိုးပြက်ပြက် မီးရောင်စုံအလှတွေ ထွန်းညှိပူဇော်ထားကြတယ်။ ကောင်းကင်ကြီးဟာ ၀င်းပနေတဲ့လအရောင်ကြောင့် ထိန်လင်းနေပြီး တိမ်များလည်း ကင်းစင်နေကြတယ်။ လွှတ်တင်ထားကြတဲ့ မီးပုံးပျံများဟာလည်း ကောင်းကင်ကို တန်ဆာဆင်လျက်ရှိပါတယ်။
အဲဒါက ကျွန်တော်ငယ်ငယ်က ကြုံခဲ့ရတဲ့ သီတင်းကျွတ်ပါ ...။ ခုတော့ လူတွေက ဖယောင်းတိုင်နဲ့ မီးပုံးထွန်းတာ နည်းသွားခဲ့ပါပြီ ...။ မီးဘေးစိုးရိမ်ရတာကိုး ...။ တရုတ်ကလာတဲ့ လျပ်စစ်မီးရောင်စုံတွေက နေရာတိုင်းကို နေရာယူသွားခဲ့ပါပြီ။
သီတင်းကျွတ်ရောက်တိုင်း ငယ်ငယ်တုန်းကလို မီးတွေထွန်းမယ်လို့ စိတ်ကူးတွေ အကြိမ်ကြိမ်ယဉ်ခဲ့ပေမယ့် တကယ်တမ်း သီတင်းကျွတ်ရောက်တဲ့အခါတိုင်း အခြားတစ်နေရာရာကို ခရီးလွန်နေတာများပါတယ် ..။ ဘယ်လိုအကြောင်းပဲရှိရှိ သီတင်းကျွတ်ရောက်ရင် ခရီးသွားစရာတစ်ခုခု ပေါ်လာပြီး တခြားမြို့မှာပဲ သီတင်းကျွတ်လိုက်ရတော့တာပေါ့ဗျာ ...။
ငယ်ငယ်တုန်းက ရောင်စုံသီတင်းကျွတ်ညတွေကို လွမ်းမိတယ် ....။

Wednesday, October 24, 2007
ကျော်ကြားသူတို့ လက်မှတ်များ
www.lexiconstar.com
Friday, September 21, 2007
ငါးမွေးခြင်းနှင့် ကျွန်တော်
ကျွန်တော်ငါးမွေးတာကို ၀ါသနာပါတယ်။ တကယ်တမ်း ပြောရရင် ငါးမှမဟုတ်ဘူး...။ ဘာအကောင်ပလောင်ပဲဖြစ်ဖြစ် သတ္တ၀ါတွေကို မွေးရတာ ၀ါသနာပါတယ်လေ။ ကျွန်တော်ငယ်ငယ် မိုးကုတ်မှာနေတုန်းက ရွှေငါးလှလှလေးတွေ မွေးချင်တာ ထွန့်ထွန့်ကိုလူးနေတာပဲ ... ။ အဲဒီတုန်းက မိုးကုတ်မှာ ရွှေငါးက ရှားတယ်ဗျ။ ရာသီဥတုကအေးတော့ ရွှေငါးတွေက အအေးဒဏ်မခံနိုင်ပဲ သေကုန်ကြလို့ မွေးတဲ့သူ၊ ရောင်းတဲ့သူ မရှိသလောက်ပါပဲ ...။ ငါးကန်ကလည်း မရှိ၊ ငါးကလည်းမရှိတော့ ရှေးရှေးတုန်းက ဟောလစ် ပုလင်းကြီးထဲကို ရေထည့်၊ သဲတွေကျောက် လှလှလေးတွေထည့်ပြီး မြောင်းထဲက ငါးဖားလောင်းတွေထည့်ပြီး တယုတယ မွေးခဲ့ဖူးသေးတယ်လေ ....။
မန္တလေးကိုရောက်တော့ ကျွန်တော့် စိတ်ကူးတွေ အကောင်အထည် ဖော်လို့ရပြီပေါ့ ...။ ငါးကန်တစ်ကန်ဝယ် ရွှေငါး၊ ဒေါင်းငါး၊ ပလက်တီ၊ မော်လီ၊ ဇီးဘရား၊ တိုင်းဂါး၊ အိမ်ဂျယ် ရှိသမျှ မြင်သမျှငါးတွေကို မုန့်ဖိုးတွေ ပြုတ်ပြုတ်ပြုန်းအောင် ၀ယ်ထည့်ပြီး မွေးခဲ့တယ်လေ ...။ အမွေးမတတ်တော့သေကုန်ကြပြန်ရော။ အဲဒါနဲ့ မွေးတဲ့သူတွေကို မေးမြန်း၊ စာအုပ်လေးဘာလေးဖတ်တော့ နည်းနည်းတော့ စနစ်ကျလာတော့တာပေါ့။ လွန်ခဲ့တဲ့ ၂နှစ်ကစပြီး ရွှေငါးတွေ မမွေးတော့ဘဲ ဖလားဝါးဟွန်းသေးသေးလေး စမွေးလိုက်တာ တဖြည်းဖြည်း ကြီးလာတဲ့အချိန် ... အဲဒီငါးက ကန်ထဲက ခုန်အထွက်၊ နွေးနွေးဆိုတဲ့ ကြောင်မကြီးက ဂျွတ်ဂျွတ်မြည်အောင် ၀ါးအစား၊ ကွက်တိပဲ ...။
အဲဒီတုန်းက နွေးနွေးကို တွေ့သမျှနဲ့ ကောက်ပေါက်ပြီး လိုက်ရိုက်တော့ ကြောင်မကြီးက တော်တော်နဲ့ အိမ်ပြန်မလာတော့ဘူး ...။ နောက်တစ်ကောင် ၀ယ်ပြီး ထပ်မွေးလိုက်တာ တော်တော်ကြီးနေမှ ဟို အရင်တစ်လက သေသွားရှာတယ်လေ ...။ စိတ်ကုန်ပြီး မမွေးတော့ဘူးကွာဆိုပြီး ငါးကန်တွေ သိမ်းပစ်လိုက်တယ်။ ကျောက်ခဲတွေ၊ ရေမှော်ပင် အတုတွေကို အကုန်လုံး အိတ်ထဲထည့်ထားလိုက်တယ်။ (အပေါ်ပုံက ငါးက နွေးနွေး ၀ါးစားလိုက်တဲ့ ငါးကြီးပေါ့)
ဒီနေ့တော့ သူငယ်ချင်း MgWunna ကို အလှမွေးငါးဆိုင်တွေ လိုက်ပို့ရင်းနဲ့ ရောဂါက ပြန်ဝင်လာတယ်လေ ...။ Wunna က ဖလားဝါးဟွန်း ငါးပိစိကွေးလေး နှစ်ကောင် လက်ဆောင်ဝယ်ပေးပြန်တော့ ပိုဆိုးတော့တာပေါ့။ အိမ်ရောက်တော့ ငါးကန်ကို ပြန်ထုတ်၊ ရေတွေပြန်ထည့်၊ ကျောက်ခဲတွေသဲတွေအပင်တွေပြန်ထည့်ပြီး မွေးထားလိုက်တော့တယ်။ ဒီတစ်ခေါက်တော့ ဒီနှစ်ကောင်ကို သေချာမွေးမယ်၊ အကြီးစားကြီး ဖြစ်တဲ့အထိပေါ့။ ကျွေးဖို့ဆေးတွေလည်း ၀ယ်ခဲ့ပြီလေ ...။ ခုတော့ ငါးကန်လေးက လှနေပြီပေါ့...။
ကျွန်တော့်အဖို့တော့ ငါးမွေးရတာ ပျော်တယ်ဗျာ။ စိတ်ညစ်တဲ့အခါ ကန်ထဲက ငါးလေးတွေက ကျွန်တော့်အတွက် အဖော်ပါပဲ။ ကြည်လင်ရှင်းသန့်ပြီး အေးမြတဲ့ရေထဲမှာ ကူးခတ်နေတဲ့ငါးလေးတွေက စိတ်ကို တကယ်ပဲ ကြည်လင်စေပါတယ်။
နောက်ရက်ကျတော့မှ ငါးကန်ပုံတွေ တင်တော့မယ်။ ခုတော့ ရိုက်ရသေးဘူးလေ။
မန္တလေးကိုရောက်တော့ ကျွန်တော့် စိတ်ကူးတွေ အကောင်အထည် ဖော်လို့ရပြီပေါ့ ...။ ငါးကန်တစ်ကန်ဝယ် ရွှေငါး၊ ဒေါင်းငါး၊ ပလက်တီ၊ မော်လီ၊ ဇီးဘရား၊ တိုင်းဂါး၊ အိမ်ဂျယ် ရှိသမျှ မြင်သမျှငါးတွေကို မုန့်ဖိုးတွေ ပြုတ်ပြုတ်ပြုန်းအောင် ၀ယ်ထည့်ပြီး မွေးခဲ့တယ်လေ ...။ အမွေးမတတ်တော့သေကုန်ကြပြန်ရော။ အဲဒါနဲ့ မွေးတဲ့သူတွေကို မေးမြန်း၊ စာအုပ်လေးဘာလေးဖတ်တော့ နည်းနည်းတော့ စနစ်ကျလာတော့တာပေါ့။ လွန်ခဲ့တဲ့ ၂နှစ်ကစပြီး ရွှေငါးတွေ မမွေးတော့ဘဲ ဖလားဝါးဟွန်းသေးသေးလေး စမွေးလိုက်တာ တဖြည်းဖြည်း ကြီးလာတဲ့အချိန် ... အဲဒီငါးက ကန်ထဲက ခုန်အထွက်၊ နွေးနွေးဆိုတဲ့ ကြောင်မကြီးက ဂျွတ်ဂျွတ်မြည်အောင် ၀ါးအစား၊ ကွက်တိပဲ ...။
အဲဒီတုန်းက နွေးနွေးကို တွေ့သမျှနဲ့ ကောက်ပေါက်ပြီး လိုက်ရိုက်တော့ ကြောင်မကြီးက တော်တော်နဲ့ အိမ်ပြန်မလာတော့ဘူး ...။ နောက်တစ်ကောင် ၀ယ်ပြီး ထပ်မွေးလိုက်တာ တော်တော်ကြီးနေမှ ဟို အရင်တစ်လက သေသွားရှာတယ်လေ ...။ စိတ်ကုန်ပြီး မမွေးတော့ဘူးကွာဆိုပြီး ငါးကန်တွေ သိမ်းပစ်လိုက်တယ်။ ကျောက်ခဲတွေ၊ ရေမှော်ပင် အတုတွေကို အကုန်လုံး အိတ်ထဲထည့်ထားလိုက်တယ်။ (အပေါ်ပုံက ငါးက နွေးနွေး ၀ါးစားလိုက်တဲ့ ငါးကြီးပေါ့)ဒီနေ့တော့ သူငယ်ချင်း MgWunna ကို အလှမွေးငါးဆိုင်တွေ လိုက်ပို့ရင်းနဲ့ ရောဂါက ပြန်ဝင်လာတယ်လေ ...။ Wunna က ဖလားဝါးဟွန်း ငါးပိစိကွေးလေး နှစ်ကောင် လက်ဆောင်ဝယ်ပေးပြန်တော့ ပိုဆိုးတော့တာပေါ့။ အိမ်ရောက်တော့ ငါးကန်ကို ပြန်ထုတ်၊ ရေတွေပြန်ထည့်၊ ကျောက်ခဲတွေသဲတွေအပင်တွေပြန်ထည့်ပြီး မွေးထားလိုက်တော့တယ်။ ဒီတစ်ခေါက်တော့ ဒီနှစ်ကောင်ကို သေချာမွေးမယ်၊ အကြီးစားကြီး ဖြစ်တဲ့အထိပေါ့။ ကျွေးဖို့ဆေးတွေလည်း ၀ယ်ခဲ့ပြီလေ ...။ ခုတော့ ငါးကန်လေးက လှနေပြီပေါ့...။
ကျွန်တော့်အဖို့တော့ ငါးမွေးရတာ ပျော်တယ်ဗျာ။ စိတ်ညစ်တဲ့အခါ ကန်ထဲက ငါးလေးတွေက ကျွန်တော့်အတွက် အဖော်ပါပဲ။ ကြည်လင်ရှင်းသန့်ပြီး အေးမြတဲ့ရေထဲမှာ ကူးခတ်နေတဲ့ငါးလေးတွေက စိတ်ကို တကယ်ပဲ ကြည်လင်စေပါတယ်။
နောက်ရက်ကျတော့မှ ငါးကန်ပုံတွေ တင်တော့မယ်။ ခုတော့ ရိုက်ရသေးဘူးလေ။
၅၂၈ နဲ့ ၁၅၀၀
အချစ်မေတ္တာနဲ့ ပါတ်သတ်ပြီး ၅၂၈ နဲ့ ၁၅၀၀ ဆိုပြီး ကွဲပြားတယ်လို့ ကျွန်တော်သိထားတော့ ကြာပြီပေါ့လေ ...။ မောင်နှမချစ်၊ သူငယ်ချင်းချစ်၊ မိဘနဲ့သားသမီးချစ် ... အဲဒီအချစ်တွေကို ၅၂၈ ဖြူစင်ရှင်းသန့်တဲ့အချစ် လို့သိခဲ့ရပြီး ရည်းစားချစ်၊ လင်မယားချစ် တွေကတော့ တဏှာရာဂပါတဲ့ ၁၅၀၀ အချစ် လို့သိခဲ့တယ်လေ ...။ အခု အဲဒီ ၅၂၈ နဲ့ ၁၅၀၀ ဆိုတာက အချက်အလက် ၅၂၈ခု၊ ၁၅၀၀ကလည်း အချက် ၁၅၀၀ အခုရှိလိမ့်မယ်လို့ ထင်မိတော့ အဲဒါတွေကို အသေးစိတ် သိချင်လာမိတယ်။ လောလောဆယ်တော့ သိချင်တာပဲ ရှိသေးတာပေါ့ ...။ ဘယ်သူ့ကိုမေးရမှန်းလည်း မသိတော့ ဘလော့ပေါ် ရောက်တော့တာပေါ့ ...။ သိတဲ့သူများရှိရင် နည်းနည်းလောက် သင်ပြပေးကြပါဦးဗျာ ...။
Sunday, September 16, 2007
ကျွန်တော်ကြိုက်တဲ့အရောင်
ကိုယ်ဘာအရောင်ကြိုက်တယ်ဆိုတာ ဆန်းစစ်ကြည့်လို့ရတဲ့ Quiz တစ်ခုကို မောင်ဥပက္ခာမှတ်တမ်း ဆိုတဲ့ ဘလော့မှာတွေ့လို့ ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ...
ကျွန်တော်ဟာ အပြာရောင်ကြိုက်ပါတယ်တဲ့။
ဟုတ်ပါတယ်၊ ကျွန်တော် အပြာရောင်ကို ကြိုက်ပါတယ်၊ ငယ်ကတည်းက မေမေက အင်္ကျီဝယ်ပေးဖို့ ဆိုင်ကို ခေါ်သွားတဲ့အခါတိုင်း အပြာရောင်ကိုပဲ လက်ညိုးထိုးမိခဲ့ပါတယ်။ ကြီးပြင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလည်း ၀ယ်မိတဲ့ ပစ္စည်း၊ ရွေးမိတဲ့ အရာတော်တော်များများဟာလည်း အပြာရောင်နဲ့ ဆက်စပ်နေတတ်ပါတယ်။ စိတ်ဝင်စားရင် ဖြေကြည့်လိုက်ပါဦး ....။
| BLUE |
You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.
ကျွန်တော်ဟာ အပြာရောင်ကြိုက်ပါတယ်တဲ့။
ဟုတ်ပါတယ်၊ ကျွန်တော် အပြာရောင်ကို ကြိုက်ပါတယ်၊ ငယ်ကတည်းက မေမေက အင်္ကျီဝယ်ပေးဖို့ ဆိုင်ကို ခေါ်သွားတဲ့အခါတိုင်း အပြာရောင်ကိုပဲ လက်ညိုးထိုးမိခဲ့ပါတယ်။ ကြီးပြင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလည်း ၀ယ်မိတဲ့ ပစ္စည်း၊ ရွေးမိတဲ့ အရာတော်တော်များများဟာလည်း အပြာရောင်နဲ့ ဆက်စပ်နေတတ်ပါတယ်။ စိတ်ဝင်စားရင် ဖြေကြည့်လိုက်ပါဦး ....။
Saturday, September 15, 2007
အတိတ်ကို အရောင်ချယ်ခြင်း
လွန်လေပြီးသော အတိတ်ကာလက မှိုတက်နေတဲ့ ရှေးဟောင်းပုံကြီး တစ်ပုံကို ကာလာထည့်ပေးဖို့ လာအပ်တာနဲ့ Photoshop ထဲမှာ ကြိုးစားပြီး အရောင်ချယ်လိုက်တာ ဒီလိုပုံကြီး ထွက်လာတယ် ... ။ ပန်းချီဆွဲထားသလိုကြီး ဖြစ်နေတယ်နော် ...။ ပြင်လွန်းဖင်ချွန်းသွားတာလားတော့ မသိဘူး။ အနောက်က ပုံက ဗားကရာကျောင်းတိုက်ကို ရောက်တုန်းက ရိုက်ထားတဲ့ပုံကို နောက်ခံထားလိုက်ပြီး အဲဒီကျောင်းတိုက်က တိုင်လုံးတွေနဲ့ ပန်းကနုတ်တွေကို ယူသုံးထားတယ်လေ ...။

အမှန်အတိုင်း ပြောရရင် ဒီပုံကြီး လုပ်ရတာ ၃လလောက်ကြတယ်။ ခက်ခဲလွန်းလို့မဟုတ်ဘူး၊ လုပ်ရမှာပျင်းလို့ ။ မအားတာလည်း ပါတာပေါ့။ ခုဆို ဒီလို ရှေးဟောင်းပုံကို ကာလာထည့်ပြီး ပြန်ထုတ်တာ ဒုတိယအကြိမ်ပေါ့ .. ဓါတ်ပုံထဲက အမျိုးသမီးကြီး တမလွန်ကနေ ဒီပိုစ့်က ပုံကို တွေ့ရင် ဘယ်လောက်များ ၀မ်းသာရှာလေမလဲနော် ...။
Thursday, September 13, 2007
ဝမ်းနည်းရပါသည်။
သူငယ်ချင်း ဖိုးချမ်းရဲ့ ချစ်မေမေ (၁၁.၉.၂၀၀၇)နေ့၊ ထိုင်းနိုင်ငံ ဘန်နွန်ဂရက်ဆေးရုံမှာ ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရလို့ ဖိုးချမ်းမိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်။ ဒီလိုအဖြစ်မျိုးကို မကြုံချင်ပေမယ့် မကြာသေးခင်က ကြုံခဲ့ရတဲ့ကျွန်တော်၊ ဖိုးချမ်းရဲ့ ခံစားမှုတွေကို ကိုယ်ချင်းစာပါတယ်။ လူတိုင်း လူတိုင်း သေခြင်းတရားဟာ အနှေးနဲ့ အမြန် ဆိုသလို မဖြစ်မနေ ကြုံတွေ့ကြရဦးမှာပါ။ ကျန်ရစ်သူအဖို့ကတော့ မိခင်ရဲ့ ကျေးဇူးတရားကို ပြန်လည် အောက်မေ့ပြီး သွားလေသူအတွက် ကောင်းမှုကုသိုလ်ပြုလုပ် အမျှဝေခြင်းသာ အကောင်းဆုံး ကျေးဇူးဆပ်နည်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဖိုးချမ်းရဲ့ ချစ်မေမေ အန်တီအေး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Monday, September 10, 2007
Miss MD Contest 2007, မုံရွာ၊လားရှိုး
ခရီးအစကနေ အဆုံးအထိ မမိုး(မတင်မိုးလွင်) အပါအ၀င် T&M က ၁၀ယောက်၊ တော်ဝင်သဇင် Co.,Ltd. နဲ့ MD Co., Ltd. က အမတွေ၊ မိတ်ကပ်ခင်စန်းဝင်းအဖွဲ့က မိတ်ကပ်ပညာရှင်၊ ဒီဇိုင်နာ ပြည်စိုးအောင် အဖွဲ့က ၀တ်စုံဒီဇိုင်းပညာရှင်တွေ၊ စုစုပေါင်း ၂၅ယောက်လောက် ပါတယ် ... အဲဒီ ပွဲ၂ပွဲ ပြီးတော့ ၁၀ရက်နေ့ မန္တလေးကို ချောချောမောမော အဆင်ပြေပြေ ပြန်ရောက်ခဲ့ကြပါတယ်....။ ဓါတ်ပုံတွေ နောက်ရက်ကျ တင်ပါဦးမယ် ....
Sunday, September 02, 2007
ကျေးဇူးပြု၍ နားဆင်ပါရှင်
လူကြီးမင်း ၀င်ရောက်ကြည့်ရှုသော ဘလော့၏ ဖန်တီးသူ ဘလော့ဂါသည် မုံရွာနှင့် လားရှိုးသို့ ခေတ္တ ခရီးထွက်သွားပါသဖြင့် ပိုစ့်အသစ်မတင်နိုင်သေးပါရှင် ... မှာစရာရှိပါက Cbox တွင် မှာခဲ့နိုင်ပါတယ်။
ပုံ/
လွှဲအပ်ညွန်ကြားချက်အရ
မဘရဏီထွဋ်ခေါင်
အတွင်းရေးမှူး
www.zawmoeaung.blogspot.com
Saturday, September 01, 2007
မနေ့ကကျင်းပတဲ့ Blog for All Seminar
31.8.2007 နေ့မှာကျရောက်တဲ့ World's Blog Day မှာ Blog for All ခေါင်းစဉ်နဲ့ Seminar လေးတစ်ခု မန္တလေး YCC Conference Hall မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားလေး ဖြစ်မြောက်ဖို့အတွက် Blogger များအားလုံး စုစုစည်းစည်းနဲ့ စီစဉ်ခဲ့ကြသလို ကူညီပံ့ပိုးတဲ့ Company များကြောင့်လည်း ထင်ထားတာထက်ပိုပြီး အောင်မြင်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ တက်ရောက်လာတဲ့ Blogger ၅၀ ကို မဲနိုက်ပြီး ၁၀ယောက်လောက်ကို ကျွန်တော်က Interview လုပ်ပါတယ်။ ကျွန်တော်က မေးလိုက်၊ blogger က ဖြေလိုက်နဲ့ တကယ်ပဲ ပျော်စရာကောင်းပါတယ်။ ကူညီပံ့ပိုးတဲ့ Company များ၊ ၀ိုင်းဝန်းစီစဉ်ကြတဲ့ Blogger များ၊ တက်ရောက်အားပေးကြတဲ့ စာနယ်ဇင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျောင်းသားကျောင်းသူများနဲ့ လေ့လာသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောင်နှစ် World's Blog Day မှာ ဒီထက် Blogger တွေ တိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ဒီထက်ပိုပြီး ဓါတ်ပုံတွေကြည့်ချင်ရင်တော့ Mdyblogshow မှာ ကြည့်နိုင်ပါတယ်။
Thursday, August 30, 2007
အကြိုက်ဆုံး Post ၅ခု
Potato က Tag ထားတယ်ဆိုလို့ ဘာများလဲလို့ သွားကြည့်လိုက်တော့ နည်းနည်းတောင် မြှောက်သွားတယ်။ ကျွန်တော့်ဘလော့ကြီးကို လှလှပပ ဘလော့ကြီးလို့ တင်စားထားတာ ဖတ်ပြီးတော့ပေါ့ ....။ ကျေးဇူးပါ Potato ရေ ...။ ဒီကနေ့ကျရောက်တဲ့ World's Blog Day မှာ ကျွန်တော်ကြိုက်တဲ့ ပိုစ့်တွေအများကြီးထဲက ၅ခုကို ဖော်ပြရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။
၁။ ထူးဆန်းပါပေ့
နတ်ကိုးကွယ်မှု တစ်ဖက်စွန်းရောက်ပြီး ကိုကြီးကျော် နဲ့ လက်ထပ်ထိမ်းမြားတဲ့ မတင်ရီ တို့ရဲ့ စံခမ်းဝင်မင်္ဂလာဖိတ်ကြားလွှာ ဆိုတဲ့ ဖိတ်စာကို မမြင်ဖူးသူတွေ မြင်ရအောင်လို့ ဝေမျှတဲ့ Post ဖြစ်ပါတယ်။
၂။ မိုးကြိုးသွား သို့မဟုတ် ...
ကျွန်တော့်မှာ ရှိတဲ့ ဘိုးဘွားဘီဘင် အဆက်ဆက်က ထိန်းသိမ်းလာတဲ့ ဘာမှန်းမသိတဲ့ ပစ္စည်းတစ်ခု (သို့) အများက မိုးကြိုးသွားလို့ ခေါ်တဲ့ ကြေးခေတ်က ကြေးလက်နက်တစ်မျိုးအကြောင်း ဖြစ်ပါတယ်။
၃။ မန္တလေး - မိုးကုတ်
မိုးကုတ်ကနေ မန္တလေးကို အလာ ကားပေါ်မှာ အဘွားအိုကြီးတစ်ယောက်နဲ့အတူ ကားရှေ့ခန်းမှာ ကြပ်သိပ်ပြီး စီးခဲ့ရတဲ့ ဒုက္ခကို ဖွဲ့နွဲ့ပြီး ရေးကြည့်ထားတာ ဖြစ်ပါတယ်။
၎။ ဝေးလွင့်အိပ်မက်
သူငယ်ချင်းတွေ ဘွဲ့နှင်းသဘင်ကို မိသားစုစုံစုံညီညီ တက်ကြတဲ့အချိန်မှာ မေမေမရှိတော့တဲ့အတွက် ဘွဲ့နှင်းသဘင်ကို မတက်တော့ဘူးလို့ ဆုံးဖြတ်ပြီး ခံစားရတဲ့ ခံစားချက်ကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ Teen မဂ္ဂဇင်းမှာ ပြန်လည်ဖော်ပြခံရတဲ့ Post ဖြစ်ပါတယ်။
၅။ လွန်ခဲ့သော ၁၉၈၃
ကျွန်တော့်ကို လူလောကထဲ စပြီးရောက်လာတဲ့နေ့၊ မိုးတွေထစ်ချုန်းရွာတဲ့နေ့၊ အဲဒီအချိန်က မိဘနှစ်ပါးရဲ့ ပျော်ရွှင်မှု၊ ပင်ပန်းဆင်းရဲမှု၊ အားပြိုင်မှု၊ စိန်ခေါ်မှု စတာတွေကို ဖော်ကြူးရေးသားထားပြီး ကျွန်တော် ၂၃နှစ်ပြည့်ပြီ ... ဒီနေ့ဟာ မွေးနေ့ဖြစ်ပါတယ်လို့ ရေးမယ့်အစား blog ပေါ်မှာ မိဘကျေးဇူးကို ပြန်လည် အောက်မေ့ထားတဲ့ Post ဖြစ်ပါတယ်။
ကျွန်တော်ရေးတာ နောက်ကျနေလို့ ဘယ်သူ့ကို TAG မလုပ်တော့ပါဘူးဗျာ :)
အားလုံးပျော်ရွှင်ပါစေ ...။

Saturday, August 25, 2007
အိုးပုတ်ပွဲ
နှစ်စဉ် ၀ါခေါင်လဆန်း (၈)ရက်ရောက်တိုင်း၊ တစ်ရက်တည်းသာ ကျင်းပတဲ့ အိုးပုတ်ပွဲ(ခ) အိုးပုတ်ခိုးပွဲပါ ...။ ကြားသာကြားဖူးပြီး တစ်ခါမှ မရောက်ဖူးလို့ ဘလော့အတွက် သတင်းယူရင်း ရောက်အောင်သွားခဲ့ပါတယ် ...။ မြောက်ပြင် ၇၆လမ်း၊ စည်သာလမ်းတည့်တည့် မြောက်ဘက်တန်းတန်းကို သွားလိုက်ရင် အိုးပုတ်ပွဲကျင်းပရာနေရာကိုရောက်ပါတယ်။ အိုးတွေ အကြီးကြီးကနေ ကလေးကစားတဲ့ အိုးပုတ် သေးသေးလေးအထိ ချရောင်းတဲ့ ဈေးသည်တော်တော်များများကို တတန်းကြီး တွေ့လိုက်ရပါတယ် ...။

အိုးတွေ၊ ပန်းအိုးတွေ၊ စဥ့်အိုးတွေ၊ အလှထိုးမြေပန်းအိုးတွေကို ဈေးသည်တွေကလည်း အာပေါင်အာရင်းသန်သန်နဲ့အော်ဟစ်လို့ရောင်း ..... ၀ယ်သူတွေကလည်း ကလေးတွေ တစ်သီကြီးနဲ့ အိုးတွေ ၀ယ်ကြနဲ့ ... အိုးပုတ်ပွဲဟာ စည်ကားလို့နေပါတယ် ...။

“တကယ်တော့ ဒီပွဲက ဘုရားပွဲမဟုတ်၊ နတ်ပွဲမဟုတ်တဲ့ ပွဲပေါ့ ... အရင်တုန်းက ဒီကနေ တောင်ပြုန်းပွဲကို သွားကြ၊ ပြန်ကြတဲ့နေရာဆိုတော့ အိုးသည်တွေ အခြေချ ရောင်းကြတဲ့နေရာပေါ့ ... ခုတော့ဒီနေရာ ရေလမ်းကနေ မသွားကြတော့ပေမယ့် အိုးပုတ်ပွဲကတော့ အစဉ်အလာကြီး တစ်ခုလို ဖြစ်သွားတာ” လို့ အိုးရောင်းတဲ့ အမကြီးက ပြောပြပါတယ်။

အိုးပုတ်ခိုးပွဲလို့ ခေါ်ကြတာနဲ့ ပတ်သတ်ပြီး မေးကြည့်တော့ “ဟို ရှေးတုန်းကတော့ အိုးပုတ်လေး တစ်ခုစ၊ နှစ်ခုစ ကို အပျော်သဘောနဲ့ စကြနောက်ကြတဲ့ သဘောပါ ... ခုတော့ ဈေးရောင်းရတာက တစ်ဖက် ... အခိုးခံရမှာ ကြည့်ရတာ တစ်ဖက်နဲ့ ....” လို့ သူမက ဆက်ပြောပါတယ် ....။ ပြောရင်းဆိုရင်း လူတစ်ယောက်က ပန်းအိုးတစ်လုံးကို ခပ်တည်တည်နဲ့ ကောက်မသွားတာတွေ့တော့ စောစောက အမျိုးသမီးကြီး က အိုးပေါ် ထိုင်နေရာကနေ စွေ့ကနဲ ခုန်ဆင်းပြီး ပန်းအိုး မ သွားတဲ့ လူနောက်ကို လိုက်ပါတော့တယ် ...။ ၄င်းနောက် မကျေမချမ်းပြောဆိုနေသံကိုလည်း ကြားရပါသေးတယ် ...။

အိုးပုတ်ပွဲကို အမှီပြုလို့ ချားရဟတ်တွေ၊ မုန့်ဆိုင်တွေနဲ့ အရုပ်ဆိုင်တွေနဲ့ စည်ကားလို့နေပါတယ် ...။ ပွဲရက်က တစ်ရက်တည်းပေမယ့် နောက်ရက်တွေမှာလည်း အိုးတွေကို ဆက်ပြီး ရောင်းချကြပါသေးတယ် ...။ အိုးရောင်းသူတွေ အပြိုင်အဆိုင် ရောင်းချကြတာမို့ ဈေးချိုချိုနဲ့ပဲ ရောင်းချကြပါတယ် ...။ ဒီပွဲကို လာသူတွေက အပျော်သဘောနဲ့ လှေငါးပြီး စီးကြပါသေးတယ် ... ဧရာဝတီမြစ်ဘေးမဟုတ်ပေမယ့် မြစ်ရေတွေဝင်နေတဲ့နေရာတွေမှာ တောင်တန်းတွေ၊ စေတီတွေ၊ ထန်းပင်တွေကို နောက်ခံထားပြီး ပျော်ပျော်ပါးပါးလှေစီးနေကြပုံက ပန်းချီကားတစ်ချပ်နဲ့ တူနေပါတော့တယ် ...။
ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေကို အမှတ်တရ တင်လိုက်ပါတယ် ...။

Friday, August 24, 2007
အကြွေမရှိလို့
ညနေခင်း ဈေးသိမ်းချိန်၊ ဈေးအရှေ့ဘက် လမ်းကြားတစ်နေရာ ...၊
`လေထိုးနိုင်သည်၊ ကပ်ခွာဖြင့် ဘီးပေါက်ဖာသည်။ ´ အဲဒီစာသားကို သုံးထပ်သားအဟောင်းတစ်ချပ်ပေါ်မှာ မြေဖြူနဲ့ရေးပြီး သစ်ပင်မှာ ချိတ်ထားတဲ့ စက်ဘီးပြင်ဆိုင် တစ်ဆိုင်မှာပေါ့ ...။ ဆိုင်ပိုင်ရှင်လို့ ထင်ရတဲ့ ထင်ရတဲ့ ညင်းသိုးသိုး လူကြီးတစ်ယောက် အိပ်မောကျနေတယ် ...။
စက်ဘီးလေမရှိလို့ တွန်းလာတဲ့ အမျိုးသားတစ်ယောက် ... ။ အဲဒီဆိုင်ရှေ့အရောက်မှာ ကွမ်းကို ဗလုံးဗထွေးစားရင်း လေထိုးတံကိုယူပြီး သူ့စက်ဘီးကို လေထိုးတယ် ...။ အိပ်နေတဲ့ ပုဂ္ဂိုလ်ကြီးက မျက်လုံးကို မေးစင်းပြီးကြည့်နေတယ် ...။ လေထိုးလို့အပြီးမှာတော့
`ဘယ်လောက်လဲ ... ´
`ငါးဆယ် ... ´
`အနူတ်မရှိလို့ နောက်တစ်ခေါက်မှ ပေါင်းယူလိုက်တော့ဗျာ ... နော် ... ´
`မရဘူးဟေ့ ... ဒါမျိုးတွေရိုးနေပြီ ... ငါ@#$´
`ဒါဆိုလည်း ရော့ဗျာ .. တစ်ထောင်တန် ... ပိုတာ ပြန်အမ်း ...´
`ရတယ် ... ရော့ ကိုးရာ ... ´
`ဟာ ... ခင်ဗျား ... လေထိုးတာ ငါးဆယ် ကျတာကို ကိုးရာ့ငါးဆယ် အမ်းရမှာပေါ့ .. ခင်ဗျား ... လူပါးမ၀နဲ့နော် @$%^´
`ဟေ့ ..ဒီမှာ ... ငါးဆယ် အနူတ်ပေးရင်ပေး ... တစ်ထောင်တန်ပေးရင် အမ်းဖို့အနူတ်ကခက်လို့ .. လေထိုးခ တစ်ရာကျတယ် ...´
`ဘာဆိုင်လဲဗျ ... ငါးဆယ်ဟာ ငါးဆယ်ပဲပေါ့ ... ခင်ဗျာကြီး လူလည်မကျနဲ့နော် ... ကျုပ်ကို ဘာမှတ်နေလဲ ...´
`ဟေ့ကောင် ... ဒီလောက် အနူတ်ရှားတာ .. မအမ်းနိုင်ဘူးကွာ ... အနူတ်မပါရင် အစကတည်းက လေမထိုးနဲ့ပေါ့ကွ ... မေ@လေး´
`ခင်ဗျား ... မဆဲနဲ့နော် .. သတ္တိရှိရင် တစ်ယောက်ချင်းချမယ် ... ထွက်ခဲ့ ...´
`အောင်မာ .. မင်းက ဘာကောင်လဲ လာလေ ... !@#@#$%´
ခွပ် .... ဘုန်း ... အား .... ဒုတ် .... အွတ် .... အိုး .....
% $ @ # # $ % ^ & & % % $ # # @ # % ^ ^ & & * *
Saturday, August 18, 2007
အစားအတွက် အမှားမဖက်ရန်
ဒီရက်ပိုင်း ဘာတွေရှုပ်လို့ ရှုပ်နေမှန်းကို မသိပါဘူး၊ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ ပေါ်လာသမျှကိစ္စကလည်း တစ်ခုမှ အလွတ်မပေးချင်တော့ ကိုယ်ပဲ မောရတော့တာပေါ့ ...။ ဘလော့ကလည်း မတင်တာကြာနေတော့ နေလို့ထိုင်လို့ကမကောင်း၊ ဆီဈေးတွေက မပြောမဆိုကြီး ခုန်တက်သွားတော့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ဘူးပေါ့ ...။ ဒုက္ခ ဒုက္ခ .... ။
ဒီနေ့ Copy Mandalar Vinyl Printing ကို သွားရင်းနဲ့ သူတို့ထုတ်ထားတဲ့ ပုံက အကြောင်းအရာတွေက ကျွန်တော့်ကို ဂယောက်ဂယက် ဖြစ်စေပြန်တယ်လေ ...။ အဲဒါက ဘာလဲဆိုတော့ အစာအဆိပ်သင့်မှာ ကြောက်တဲ့ ကျွန်တော့်ရောဂါကြောင့်ပေါ့ ... အသွားမတော် တစ်လှမ်း၊ အစားမတော်တစ်လုပ်၊ အစားအတွက် အမှားမဖက်ရန်ဆိုပြီး တွဲဖက်မစားသင့်တဲ့ အစာတွေအကြောင်းးကို ပုံတွေနဲ့တကွ ထုတ်ထားတာ ကြည့်ရင်း အရင်ကထက်တောင် ပိုပြီး လန့်လာမိတယ်လေ ...။ ဟုတ်လားမဟုတ်လားတော့ မသိဘူး၊ တခါတစ်လေတော့ တွဲပြီး စားခဲ့မိဘူးသလိုလိုပဲ ....။ ခုထိ ဘလော့ရေးနိုင်နေသေးတော့ မသေသေးလို့ပေါ့နော ....။ မတည့်တဲ့အစားအစာတွေကို ကူးပြီး ဖော်ပြလိုက်ပါတယ်...။ ပုံတွေကတော့ လေးမှာစိုးလို့ တင်တော့ဘူး ...။
အစားအတွက် အမှားမဖက်ရန်
တမာရွက် - ကြက်ဥ (အကြောတက်)
မျှစ်ချဉ် - ပီလောပီနံဥ (သေ)
ဖရုံသီး - ခိုသား (သေ)
လက်ဂဏန်း - မှို (သေ)
ဝက်သား - ကြာစွယ် (သေ)
ခိုသား - ချင်း(ဂျင်း) (သေ)
အာလူး - ကြက်ဟင်းခါးသီး (အော့အန်/သေ)
သခွားသီး - ရေခဲချောင်း (ရင်ကျပ်)
ကြက်သား - ကြက်ဟင်းခါးသီး (အောာ့အန်)
ရှိန်းခို - ဒူးရင်းသီး (သေ)
သပြေသီး - ထန်းလျက် (သေ)
ကြက်သား - ကြောင်လျှာသီး (သေ)
ချောကလက် - ပဲမြစ် (သေ)
စောင်းလျားသီး - ချောကလက် (သေ)
ကျွဲကောသီး - သံပရာသီး (သေ)
ဖားသား - မှို (သေ)
ကျွဲခေါင်းသီး - လက်ဖက် (သေ)
မင်းဂွတ်သီး - သကြား (သေ)
ငါးသေတ္တာ - ကြောင်လျှာသီး (သေ)
အုန်းသီး - ပျားရည် (သေ)
ဘူးသီး - ကျေးသား (သေ)
ဂွေးသီး - ရေခဲချောင်း (သေ)
ငှက်ပျောသီး - ထန်းသီး (သေ)
ရေခဲမုန့် - ချင်းသုတ် (သေ)
ရှောက်သီး - နွားနို့ (သေ)
ခရု - အမဲသား (သေ)
ဂွေးသီး - အာဒါလွတ် (သေ)
ပျားရည် - သြဇာသီး (သေ)
ဝက်သား - ထန်းရည် (သေ)
စိမ်းစားဥ - ရေခဲချောင်း (ရင်ကျပ်)
ဇီးသီး - စားတော်ပဲ (၀မ်းလျော)
ဒူးရင်းသီး - ဒညင်းသီး (အော့အန်/သေ)
ဖရဲသီး - ဘဲဥ (သေ)
ဝက်သား - နွားနို့ (သေ)
ကင်းပုံရွက်သီး - နှမ်း (သေ)
ပဲမြစ် - မိုင်လို (သေ)
ရက်ပိုင်းအတွင်း ဆေးဖျန်းထားသော အသီး၊ အရွက်၊အဖူးများနှင့် ငါးသေတ္တာများကို စားမိပါက အဆိပ်ဖြစ်ပြီး လူကို သေစေနိုင်သည်။ ယင်နားစာ မစားပါနှင့်၊ ရေကို ကြိုချက်သောက်ပါ၊ အမှည့်လွန်သော အသီးများကို မစားပါနှင့်၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ၊ ကရင်နီကိုက်လျှင် ပရုပ်ဆီ မလိမ်းပါနှင့်၊ ခါချဉ်ကိုက်လျှင် တေဇောဘမ်း မလိမ်းပါနှင့်၊ လူသေတတ်သည်။

Wednesday, August 08, 2007
မိတ္ထီလာကုန်စည်ပြပွဲနှင့်ဈေးရောင်းပွဲတော်
ပိုင်အောင် Trading Co., Ltd. က ကြီးမှူးကျင်းပတဲ့ ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို မိတ္ထီလာမြို့မှာ ၅ရက်နေ့ကနေ ၉ရက်နေ့အထိ ကျင်းပနေပါတယ် ...။ ကျွန်တော်တို့ ၅ရက်ကနေ ၇ရက်နေ့အထိ Talents & Models နဲ့အတူ Model show, Dancing များနဲ့ မိတ္ထီလာ ပရိတ်သတ်ကြီးကို ဖျော်ဖြေခဲ့ကြပါတယ်။ နယ်မှာလုပ်တဲ့ပွဲကို ပထမဦးဆုံးကြုံဖူးတဲ့ ကျွန်တော့်အတွက် ပွဲစစချင်းရက်တွေမှာ ပရိတ်သတ်ကြီးကို ကြောက်နေခဲ့တာပါ ...။ နယ်ပရိတ်သတ်ရဲ့ အားပေးမှုကတော့ ကြောက်ခမန်းလိလိပါပဲ ... ။ ဘာပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းပါတယ်...။ မိတ္ထီလာမြို့ရဲ့ ကန်တော်မင်္ဂလာခန်းမမှာ တစ်ရက်ကို ၃ပွဲ ဖျော်ဖြေပြီး ပန်ကာမရှိ၊ အဲယားကွန်းမရှိတဲ့အတွက် ချွေးတွေရွှဲပြီး တော်တော်ပင်ပန်းခဲ့ပါတယ် ...။ မန္တလေးမှာ ကိစ္စတွေရှိသေးလို့ ပွဲမပြီးခင် ပြန်ခဲ့ကြတယ်...။ ၉ရက်နေ့ထိတော့ ဖျော်ဖြေရေးက ရှိဦးမှာပါ ...။
ဒါနဲ့စကားမစပ် ... ကြော်ငြာဝင်လိုက်ဦးမယ် :P ... ကျွန်တော်တို့တည်းတဲ့ ရွှေလမင်းမိုတယ် နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ထမင်းဆိုင်လေးက အရမ်းစားလို့ကောင်းတယ်ဗျာ ... ခုတောင် လွမ်းနေသေးတယ်...။ ၀ယ်စားတဲ့ ထမင်းဟင်းအပြင် စေတနာ မေတ္တာ ဗလပွနဲ့ ချကျွေးတဲ့ ဟင်းတွေ၊ အသီးအနှံတွေကလည်း အလျှံအပယ်ပါပဲ ... ပြီးတော့ ရောင်းတဲ့ အစ်မလေးက တော်တော်ချောတယ်ဗျ ... ။ မိတ္ထီလာကို ရောက်လို့ ကြုံရင် အဲဒီဆိုင်မှာ စားကြည့်လိုက်ကြဗျာ ..

Saturday, August 04, 2007
စိတ်ကူးယဉ်လေတိုင်း ...
၂၀၀၅လောက်တုန်းကရင်း Photoshop နဲ့ လျှောက်လုပ်ရင်းဖြစ်သွားတဲ့ပုံလေးပေါ့ဗျာ ...။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်မြို့နဲ့တစ်မြို့ကို အဲဒီလို တံခါးဖွင့်ပြီး ၀င်သွားလိုက်ရုံနဲ့ ရောက်နိုင်ရင် သိပ်ကောင်းမှာပဲလို့ ကလေးဆန်ဆန် စိတ်ကူးပြီး ဖန်တီးထားတာပေါ့ဗျာ ...။ ဖေဖေက ပြောတယ်..။ မင်းအတွေးအခေါ်တွေက တစ်ခါတလေကျတော့ သိပ်ကလေးဆန်တာပဲတဲ့ ...။ သိဘူးဗျာ ...။ ကျွန်တော်ကတော့ လွတ်လွတ်လပ်လပ် စိတ်ကူးချင်တိုင်း စိတ်ကူးပစ်တာပဲ ... ပိုက်ဆံပေးရတာမှတ်လို့ .....
စကားမစပ် .... ၅ရက်နေ့မှာ ကျွန်တော်တို့ ပွဲတစ်ခုရှိလို့ မိတ္တီလာကို သွားစရာ ရှိတယ်ဗျ ... တံခါးလေးဖွင့်ပြီး သွားမှာတော့ဟုတ်ဘူး၊ ကားနဲ့ပဲ သွားရမှာပေါ့ဗျာ။ ပြန်လာမှပဲ ပိုစ့်အသစ်တွေ တင်တော့မယ်။ ၈ရက်နေ့ပြန်ရောက်မှာပါ။

တာ့တာ
Thursday, August 02, 2007
မိန်းကလေးများသတိထားစရာ
ဒီဂျစ်တယ်ကင်မရာတွေ၊ အမ်ပီဖိုးတွေ ပေါများလာပြီး လူတိုင်းနီးပါးသုံးစွဲလာနိုင်တာနဲ့အမျှ ညစ်ညမ်းဗီဒီယိုကားတွေလည်း ၄င်းတို့နဲ့အတူ ပေါများလာပါတယ်။ နာမည်ကြီး မိန်းကလေး သရုပ်ဆောင်တွေရဲ့ ဟိုကား၊ ဒီကားဆိုပြီး ခိုးကူးစီဒီတွေရောင်းတဲ့ ဆိုင်တွေမှာ ပေါ်တင်ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။ ကိုယ့်ချစ်သူကို ယုံလို့ပုံအပ်ပြီး ဟိုတယ်၊ တည်းခိုခန်းကို လိုက်တဲ့ မိန်းကလေးများ သတိထားစရာပါ။ ကိုယ့်ကိုယ်ကို လုံခြုံလှပြီလို့ ထင်ပေမယ့် အစွမ်းထက်လှတဲ့ ကင်မရာတွေ၊ ဟမ်းဖုန်းတွေကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့တာပါပဲ ..။
ဒီလိုဇါတ်လမ်းတွေက ခဏခဏ ကြားဖူးနေကြတာကြောင့် မိန်းကလေးများ အနေအထိုင် ဆင်ခြင်သင့်လှပါတယ်။ တစ်ဆိတ်ကို တစ်အိတ်လုပ်ချင်တဲ့ လူတွေရဲ့ သဘာဝကြောင့် ပြသနာက ပိုပြီး ကြီးကျယ်သွားတတ်ပါတယ်။ မော်ဒယ်ရှိုးပွဲတွေနဲ့ စင်မြင့်ဖျော်ဖြေပွဲတွေမှာလည်း စကပ်ဝတ်ထားတဲ့ မိန်းကလေးများရဲ့ အောက်ကနေ ကင်မရာနဲ့ ပင့်ပြီး ရိုက်တာတွေလည်း မြင်နေရပါတယ်။ ဘယ်သူမှလည်း အရေးယူခြင်း မရှိပါဘူး။ ဒီလိုကိစ္စတွေကို သည်းကြီးမည်းကြီးလိုက်ပြီး သတင်းဖြန့်တတ်တဲ့ မုဆိုးတွေဟာ နေရာတကာမှာ ရှိနေနိုင်တာကြောင့် မိန်းကလေးများ အစစအရာရာမှာ သတိထားပါမှ တော်ရာကျမှာဖြစ်ပါတယ်။ လက်သည်းခွံလောက်ရှိတဲ့ ကင်မရာကို အိမ်သာထဲမှာတပ်ထားတာတို့၊ ဟိုတယ်အခန်းတွေမှာ လျို့ဝှက်ကင်မရာပါပြီး တစ်နေရာရာကနေ စောင့်ကြည့်နေတာတို့ဟာ ခဏခဏကြားရ မြင်ရပါတယ်။
စက်ပစ္စည်းတွေ ခေတ်မှီတိုးတက်လာပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်မရွေး အင်တာနက်က ဆက်သွယ်နေနိုင်တာဟာလည်း ပျက်စီးသော မိန်းကလေးတို့အတွက် အသုံးချစရာတစ်ခုဖြစ်နေပါပြီ။ မိန်းကလေးတို့အိနြေ္ဒ၊ ရွှေပေးလို့မရ၊ ခြေတစ်လှမ်းကုဋေတစ်သန်း စတဲ့ စကားများဟာ မြန်မာမိန်းကလေးတိုမိမိတို့ရဲ့ အိနြေ္ဒနဲ့ သိက္ခာကို တန်ဖိုးထားကြောင်းပြဆိုနေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မြန်မာမိန်းကလေးများ အစစအရာရာမှာ တွေးဆဆင်ခြင်ပြီး အန္တရယ်ကို ရှောင်ကွင်းနိုင်ကြဖို့ အရေးကြီးပါတယ်။
Subscribe to:
Posts (Atom)