ဘုရားဒကာ ကျောင်းဒကာ ဆိုလို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတွေတည် ကျောင်းတွေဆောက်နေတဲ့ ဘုရားဒါယိကာကြီး လို့မထင်လိုက်ကြပါနဲ့ ...။ စက္ကူနဲ့ ဘုရားတည်တယ် .. ကျောင်းဆောက်တယ် ... သံဃာတော်တွေ အများကြီး သီတင်းသုံးကြတယ် ... ကျောက်စာတောင် ထိုးထားလိုက်သေးတယ် ... ပြာလဲ့နေတဲ့ကောင်းကင်ကြီးနဲ့အတူ စေတီပုထိုး၊ဘုရားကျောင်းကန်တွေကို နောက်ခံထားပြီး မနက်စောစော တန်းစီပြီး ဆွမ်းခံထွက်ကြတဲ့ သံဃာတော်တွေပုံကို စက္ကူတွေနဲ့ ဖြတ်ညှပ်ကပ်ပြီး ရုပ်ကြွဖြစ်အောင် ဖန်တီးထားတာပါ ... အားလုံးက စက္ကူတွေချည်းပါ ... ၃ရက်လောက် အားတဲ့အချိန်တိုင်း စိတ်ပါလက်ပါ ကြိုးစားလိုက်တဲ့အခါ ပုံမှာမြင်ရတဲ့ ဘုရားကျောင်းကန်ဇရပ်တွေနဲ့ ချစ်စရာ မြန်မာ့ရှုခင်းလေးတစ်ခု ရလာတော့တာပေါ့ဗျာ ....။
Monday, November 19, 2007
ဘုရားဒကာ ကျောင်းဒကာ

Friday, November 16, 2007
ဘ၀နေ၀င်ချိန်
သည်းထန်စွာရွာနေသော မိုးရေများထဲတွင် ခေါင်းငိုက်စိုက်ချလျက် စိတ်ပျက်လက်ပျက် ထိုင်နေသော အဖွားအိုတစ်ယောက်ကို မြင်တွေ့နိုင်သည်။ သူမ၏ ပါးပြင်ပေါ်မှ စီးကျနေသော အရည်များသည် မိုးရေများ သို့မဟုတ် မျက်ရည်များ ဖြစ်နေနိုင်သည်။ ပင်ပန်းဆင်းရဲကြီးစွာသော ဘ၀ကြီးကို စီးမျောရင်း သေခြင်းတရားကို စောင့်လို့နေသည်။
လူသူစည်ကားရာ ဘုရားပရ၀ုဏ်အပြင်ဘက်ရှိ ပလက်ဖောင်းပေါ်တွင် ခွက်တစ်လုံးဆွဲကာ တောင်းရမ်းနေရသော အဖွားအိုများစွာရှိသည်။ ငယ်စဉ်က ပညာမတတ်ခဲ့၍သော်လည်းကောင်း၊ သားသမီးများ၏ စွန့်ပစ်ခြင်း ခံရ၍သော်လည်းကောင်း၊ ဘ၀ကုသိုလ်ကံ အကျိုးပေး မကောင်း၍သော်လည်းကောင်း အရိုးပေါ် အရေတင်ဖြစ်ကာ ကြီးစွာသော ဆင်းရဲဒုက္ခ ခံစားကြရသည်။
ဟောင်းနွမ်းနေသည့် ဆိုက်ကားတစ်စီးကို ကုန်အပြည့် တင်လျက် တကျွိကျွိ နင်းလာသူမှာ အိုမင်းလှသော အဖိုးအို တစ်ဦးသာဖြစ်သည်။ နေပူမရှောင် မိုးရွာမရှောင် ရုန်းကန်လှုပ်ရှားရသဖြင့် သူ၏အသားအရည်သည် မည်းခြောက်လျက်ရှိသည်။ သူ၏ ရာဘာဖိနပ်သည် ပြတ်လုပြီ ...။ ၀မ်းတွင်းမှ တကျုတ်ကျုတ် မြည်အောင် ဆာလောင်လျက်ရှိသည်။
ဘ၀နေ၀င်ချိန်ရောက်သည်အထိ ပင်ပန်းဆင်းရဲလှစွာသော၊ ကံအကြောင်းမလှရှာသော၊ ဒုက္ခကြီးလှစွာသော သက်ကြီးရွယ်အိုများကို မြင်မိတိုင်း စိတ်မကောင်းဖြစ်မိသည်။ တတ်နိုင်သလောက် ကူညီချင်သည်။ ငွေကြေးပြည့်စုံ ချမ်းသာကြသူများ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေနိုင်ကြသူများ၏ မဆိုစလောက်သော အကူအညီတစ်ခုသည် ငတ်မွတ် တောင့်တနေသူများအတွက် အတိုင်းထက် အလွန်ပင် ဖြစ်ပါလိမ့်မည်။ တစ်နေ့နေ့တစ်ချိန်ချိန်ကို မျှော်လင့်လျက်ရှိပါသည်။ လမ်းဘေးရောက်၍ ဒုက္ခပင်လယ်ဝေနေကြရှာသော ၊ သားသမီးစွန့်ပစ်ခြင်းခံရရှာသော၊ ကံမကောင်းအကြောင်းမလှ၍ ဆင်းရဲဒုက္ခရောက်ရရှာသော သက်ကြီးရွယ်အိုများ၏ ကျန်ရှိမည့် ဘ၀နေ၀င်ချိန်တွင် အေးချမ်းခြင်း၊ ငြိမ်းအေးခြင်း နှင့် မေတ္တာတရားကို အမှန်တကယ် ပေးစွမ်းနိုင်သော ဂေဟာတစ်ခု မိမိစိတ်ထဲတွင် ဖြစ်တည်လျက်ရှိပါသည်။ သို့သော် ...
တစ်နေ့နေ့တစ်ချိန်ချိန်တော့ ဖြစ်လာလိမ့်မည်၊ ဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု ........
အထက်ပါပုံအား ကိုလွင်မိုး ထံမှ ယူသုံးပါသည်။
Sunday, November 11, 2007
လမ်း၈၀ပေါ်က တရုတ်အသုဘ
မန္တလေးမြို့ လမ်း၈၀ပေါ်မှာ လမ်းတစ်လမ်းလုံး ပိတ်ပြီး တရုတ်အသုဘ တစ်ခု ကျင်းပလျက်ရှိတာ ဒီနေ့ဆိုရင် ၃ရက်ရှိသွားပါပြီ ...။ အသွားအလာများတဲ့ ၁၉နဲ့၂၀လမ်းကြားမှာရှိတဲ့ လမ်း၈၀ လမ်းမကြီးပေါ်မှာဖြစ်ပြီး အသုဘဖြစ်တဲ့အိမ်ရှိတဲ့ ပလက်ဖောင်းကနေ လမ်းလယ်ခေါင် ပန်းခုံအထိ လမ်းပိတ်ပြီး မဏ္ဍပ်ကြီး ဆောက်လုပ်ထားပါတယ် ...။ ခေတ္တလမ်းလွှဲထားပါသည် လို့ ဆိုင်းဘုတ်ရေးထားပြီး လာသမျှ ကား၊ဆိုင်ကယ်၊စက်ဘီးတွေကို အခြားတစ်လမ်းက သွားခိုင်းထားပါတယ်။ ... ယာဉ်သွားယာဉ်လာများ ကြပ်သိပ်စွား သွားလာနေရပြီး ယာဉ်ထိန်းရဲလည်း မတွေ့ရပါဘူး ...။ ခမ်းနားလှတဲ့ ဂုဏ်သရေရှိ တရုတ်အသုဘကို လာကြတဲ့ နောက်ဆုံးပေါ် ကားရောင်စုံဟာလည်း လမ်းပေါ်မှာ ပြည့်လျက်ရှိပါတယ်။
တရုတ်ထုံးစံအတိုင်း ကျင်းပကြတာမို့ လမ်းပေါ်မှာထိုးထားတဲ့ မဏ္ဍပ်ထဲမှာ အရက်ဝိုင်း၊ ဖဲဝိုင်းများနဲ့ စည်ကားလို့နေပါတယ်...။ ကားအရုပ်၊ဆိုင်ကယ်အရုပ်တွေအပြင် ချမ်းသာတဲ့ တရုတ်အသုဘတွေမှာ ပြင်ဆင်လေ့ရှိတဲ့ တိုးလို့တွဲလောင်း စာတန်းတွေ၊ အရုပ်တွေနဲ့ ပြည့်နှက်လို့နေပါတယ် ...။ ကျုံးဘေး ဖြစ်တဲ့ တစ်ဖက်လမ်း ပလက်ဖောင်းပေါ်မှာတော့ အိုးကြီးအိုးငယ် တွေနဲ့အတူ စားသောက်ဖွယ်ရာများကို ချက်ပြုတ်နေကြပါတယ် ...။ မန္တလေးကို ရောက်တာကြာပြီဖြစ်ပေမယ့် ဒီလောက်ကြီးကျယ်တဲ့ အသုဘမျိုး တစ်ခါမှ မတွေ့ဖူးတာ အမှန်ပါ ...။
ကျွန်တော် သိချင်တာတွေရှိပါတယ် ...
အဲဒီ ကျုံးဘေး လမ်း၈၀ပေါ်က အိမ်တွေက နာရေးဖြစ်တိုင်း အဲဒီလို အများသူငါ သွားလာနေတဲ့ လမ်းကို ၂၄နာရီပိတ်ပြီး အသုဘမဏ္ဍပ်ထိုးလို့ရပါသလား ...။
အဲဒီလို လမ်းပိတ်ပြီး မဏ္ဍပ်ဆောက်လို့ရပါတယ် ဆိုရင်ကော .. အဲဒီ နာရေးရှင်ဟာ ဘယ်လို လူမျိုးမို့လို့ပါလဲ ...။
တကယ်သိချင်ပါတယ် ....။
ဒီကနေ့ သိခဲ့ရတာတစ်ခုကတော့ အဲဒီနာရေးဟာ ကြီးကျယ်လှစွာသော ဘဏ်လုပ်ငန်းရှင်ဟောင်းကြီးတစ်ဦးရဲ့ မိခင်ဖြစ်ပါသတဲ့ ...။

Friday, November 09, 2007
ယနေ့မန္တလေး
မနေ့က (၈.၁၁.၂၀၀၇)မှာ ဆီဒိုးနားဟိုတယ်မှာ သျှင်နေမင်း ဦးစီးကျင်းပတဲ့ မင်္ဂလာဝတ်စုံပြပွဲနဲ့ ကုန်ပစ္စည်းအရောင်းပွဲတော်ကို ရောက်ခဲ့ပါတယ်။ မန္တလေးက တချို့ မော်ဒယ်လ်များနဲ့အတူ အေးမြတ်သူ၊ ခရစ္စတီးနား၊ မိုးပြည့်ပြည့်မောင်နဲ့ အယ်လ်ဆိုင်းဆီ တို့က မင်္ဂလာဝတ်စုံများကို ၀တ်ဆင် သရုပ်ပြခဲ့ကြပါတယ်။ အဲဒီပြပွဲကို၈ရက် ၉ရက် နှစ်ရက်ကျင်းပမှာဖြစ်ပါတယ်။
အရင့်အရင်နှစ်တွေက ဒီလိုရာသီဆိုရင် စူပါမားကတ်တွေ၊ ရပ်ကွက်တွေ၊ ဘုရားတွေမှာ ပွဲပေါင်းများစွာ ကျင်းပကြပါတယ်။ ဘုရားပွဲ၊ တရားပွဲ၊ ကုန်စည်ပြပွဲ .... ။ ဒီနှစ်ကတော့ တချို့ ရပ်ကွက်တွေမှာ ဘုရားပွဲကျင်းပပေမယ့် ဇါတ်တွေမထည့်ကြတော့ပါဘူး ...။ ဟိုတယ်တွေမှာ ကျင်းပမယ့် ဖက်ရှင်ရှိုးတွေနဲ့ ပွဲအမျိုးမျိုးဟာလည်း ရက်နောက်ဆုတ်ပြီးရင်း နောက်ဆုတ်ရင်းသာ နေပါတယ်။
Thursday, November 08, 2007
ဘိုးတော် ဘွားတော်
ဟေ့သူငယ် ... ဘိုးတော်ရှိလား
မျက်နှာစိမ်း ဧည့်သည်တစ်ဦးက ဆော့ကစားနေတဲ့ ကျွန်တော့်ကို မေးလိုက်တာပါ။
မရှိဘူး
ကျွန်တော် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်တဲ့အခါ အဲဒီလူ ပြည်လှည့်ထွက်သွားပါတယ်။
အမှန်တော့ ကျွန်တော့် ဖေဖေ အိမ်ခန်းထဲမှာရှိနေပါတယ်။ ဖေဖေ့ကို ဘိုးတော်လို့ သုံးနှုန်းတဲ့ အသုံးအနှုန်းကြောင့် ကျွန်တော် မကျေနပ်ဘဲ မရှိဘူးလို့ပြောလိုက်တာပါ။
အမှန်တော့ ကျွန်တော့် ဖေဖေ အိမ်ခန်းထဲမှာရှိနေပါတယ်။ ဖေဖေ့ကို ဘိုးတော်လို့ သုံးနှုန်းတဲ့ အသုံးအနှုန်းကြောင့် ကျွန်တော် မကျေနပ်ဘဲ မရှိဘူးလို့ပြောလိုက်တာပါ။
ငါ့သားကလည်းကွာ ... မင်းအဖေက ဘိုးတော်အရွယ်မို့ ဘိုးတော်လို့ခေါ်တာပေါ့ကွ .. ဟားဟားဟား
လို့ ဖေဖေက ပြောပေမယ့်လည်း အဲဒီလိုခေါ်တာကို စော်ကားတယ်လို့ မြင်မိတဲ့ကျွန်တော် အခုအချိန်ထိ အဲဒီ အသုံးအနှုန်းကို လက်မခံနိုင်သေးပါဘူး ....။
သူငယ်ချင်းတချို့နဲ့တွေ့ကြတဲ့အခါ အိမ်က ဘိုးတော်ကကွာ ... ရည်လည်ကွိုင်ရှာတယ် .... ဘွားတော်ကလည်း ဒီပိုက်ဆံလေးပေးဖို့ကို ... တွန့်နေတာပဲ ... စသဖြင့် ခဏခဏ ကြားရတဲ့အခါတိုင်းလည်း စိတ်ထဲမှာ မသက်မသာဖြစ်ရပါတယ်။ တကယ်တော့ ကိုယ့်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ပြီး အခက်အခဲတွေတွေ့ရင်လည်း အားပေးနှစ်သိမ့်တတ်တဲ့ ကိုယ့်ရဲ့ မိဘနှစ်ပါးကို အဲဒီလို ခေါ်ဝေါ် သုံးနှုန်းလိုက်တာဟာ ... အင်မတန်ရိုင်းတဲ့ အပြုအမူဖြစ်ပါတယ်။ သူငယ်ချင်းတွေကြားမှာ အိမ်ကိုကြောက်နေရတဲ့သူမျိုး မပြလိုခြင်းကြောင့်သော်လည်းကောင်း၊ လူငယ်ဆန်သည့် စကားမျိုး ပြောချင်ခြင်းကြောင့်သော်လည်းကောင်း .. အဲဒီလို သုံးနှုန်းတတ်ကြပါတယ်။ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ဖြစ်တဲ့ မိဘနှစ်ပါးကို မိမိစိတ်က စော်ကားလိုခြင်း အလျဉ်းမရှိသော်လည်း ဘိုးတော် ဘွားတော်ဟု ရင့်သီးစွာ ပြောဆိုလိုက်တာဟာ နားထောင်ရတဲ့ တစ်ဖက်လူအဖို့ ကိုယ့်ကို အထင်သေးစရာဖြစ်သွားနိုင်ပါတယ်။ ကိုယ်ကလည်း တစ်ဖက်လူရဲ့ ဖခင်အကြောင်းကို မေးရင်လည်း မင်း ဘွားတော် နေကောင်းလား ... ဘိုးတော်ရော .. ပြန်ရောက်ပြီလား လို့ မေးလိုက်တာဟာ တစ်ဖက်သားရဲ့ရင်ကို အောင့်ကနဲ ဖြစ်သွားစေပါတယ်။

ဒါကြောင့် ကိုယ့်မိဘကိုရည်ညွှန်းပြီးပဲဖြစ်ဖြစ်၊ တခြားသူရဲ့ မိဘဘိုးဘွားကိုပဲဖြစ်ဖြစ် ... ဘိုးတော်၊ ဘွားတော် လို့ မခေါ်ဝေါ် မသုံးနှုန်းသင့်ပါကြောင်း ကျွန်တော့်ရဲ့ အမြင်ကို ရေးသားလိုက်ပါတယ်။
Sunday, October 28, 2007
ရန်ကုန် ရန်ကုန်
စိတ်သွားတိုင်း ကိုယ်ပါတဲ့ မန်းဒလေးကို ပြန်ပြေးချင်လာနေမိတယ် ... ရန်ကုန်မှာ နေတာကြာတဲ့သူတွေကတော့ ဒါက အဆန်းလား ... ကျွန်တော့်အဖို့တော့ သွားရလာရတာ အဆင်မပြေဘူးပေါ့ဗျာ ... အချိန်ကလည်း သိပ်ကုန်တာဗျ ... လိုရင်းကို မရောက်နိုင်ဘူး ... ကိုယ်ပိုင်ကားလေးတစ်စီးနဲ့ ဒရိုင်ဘာကောင်းကောင်းတစ်ယောက်ရှိမှပဲ ... ရန်ကုန်မှာ နေတော့မယ် ... ဘာရယ်ဟုတ်ပါဘူး ... ဒီနေ့ မန်းဒလေးမပြန်ခင် ဘလော့ပေါ်မှာ ညဉ်းတွားကြည့်တာပါ ....
Saturday, October 27, 2007
Friday, October 26, 2007
သီတင်းကျွတ်လပြည့်နေ့
ငယ်ငယ်တုန်းက ဒီလိုနေ့မျိုးညတွေမှာ ရောင်စုံမီပုံးတွေ ထွန်းကြတယ်။ အ၀တ်အစားအသစ်တွေ ၀တ်စားပြီး နှစ်ဖက် အဖိုးအဖွားတွေ၊ ဆရာဆရာမတွေကို လိုက်ကန့်တော့ကြတယ်။ မုန့်ဖိုးတွေရကြတယ်။ ရတဲ့မုန့်ဖိုးတွေနဲ့ မီးရှုးပန်းတွေ၊ ဗြောက်တွေဝယ်ပြီး သူငယ်ချင်းတွေနဲ့ အတူတူ ကစားကြတယ်။ အိမ်တွေအိမ်တွေမှာ ထွန်းညှိထားကြတဲ့ ရောင်စုံမီးပုံး မျိုးစုံကြောင့် တစ်မြို့လုံးဟာ လှပလို့နေပါတယ်။
ချမ်းအေးတဲ့ရာသီမှာ တစ်မြို့လုံးပတ်ပြီး လိုက်ကြည့်ခဲ့ကြတယ်။ တောင်ထိပ်ပေါ်မှာတည်ရှိတဲ့ ချမ်းသာကြီးဘုရား၊ ဖောင်တော်ဦးဘုရားနဲ့ လေးမျက်နှာဘုရားတို့မှာ ပြိုးပြိုးပြက်ပြက် မီးရောင်စုံအလှတွေ ထွန်းညှိပူဇော်ထားကြတယ်။ ကောင်းကင်ကြီးဟာ ၀င်းပနေတဲ့လအရောင်ကြောင့် ထိန်လင်းနေပြီး တိမ်များလည်း ကင်းစင်နေကြတယ်။ လွှတ်တင်ထားကြတဲ့ မီးပုံးပျံများဟာလည်း ကောင်းကင်ကို တန်ဆာဆင်လျက်ရှိပါတယ်။
အဲဒါက ကျွန်တော်ငယ်ငယ်က ကြုံခဲ့ရတဲ့ သီတင်းကျွတ်ပါ ...။ ခုတော့ လူတွေက ဖယောင်းတိုင်နဲ့ မီးပုံးထွန်းတာ နည်းသွားခဲ့ပါပြီ ...။ မီးဘေးစိုးရိမ်ရတာကိုး ...။ တရုတ်ကလာတဲ့ လျပ်စစ်မီးရောင်စုံတွေက နေရာတိုင်းကို နေရာယူသွားခဲ့ပါပြီ။
သီတင်းကျွတ်ရောက်တိုင်း ငယ်ငယ်တုန်းကလို မီးတွေထွန်းမယ်လို့ စိတ်ကူးတွေ အကြိမ်ကြိမ်ယဉ်ခဲ့ပေမယ့် တကယ်တမ်း သီတင်းကျွတ်ရောက်တဲ့အခါတိုင်း အခြားတစ်နေရာရာကို ခရီးလွန်နေတာများပါတယ် ..။ ဘယ်လိုအကြောင်းပဲရှိရှိ သီတင်းကျွတ်ရောက်ရင် ခရီးသွားစရာတစ်ခုခု ပေါ်လာပြီး တခြားမြို့မှာပဲ သီတင်းကျွတ်လိုက်ရတော့တာပေါ့ဗျာ ...။
ငယ်ငယ်တုန်းက ရောင်စုံသီတင်းကျွတ်ညတွေကို လွမ်းမိတယ် ....။

Wednesday, October 24, 2007
ကျော်ကြားသူတို့ လက်မှတ်များ
www.lexiconstar.com
Friday, September 21, 2007
ငါးမွေးခြင်းနှင့် ကျွန်တော်
ကျွန်တော်ငါးမွေးတာကို ၀ါသနာပါတယ်။ တကယ်တမ်း ပြောရရင် ငါးမှမဟုတ်ဘူး...။ ဘာအကောင်ပလောင်ပဲဖြစ်ဖြစ် သတ္တ၀ါတွေကို မွေးရတာ ၀ါသနာပါတယ်လေ။ ကျွန်တော်ငယ်ငယ် မိုးကုတ်မှာနေတုန်းက ရွှေငါးလှလှလေးတွေ မွေးချင်တာ ထွန့်ထွန့်ကိုလူးနေတာပဲ ... ။ အဲဒီတုန်းက မိုးကုတ်မှာ ရွှေငါးက ရှားတယ်ဗျ။ ရာသီဥတုကအေးတော့ ရွှေငါးတွေက အအေးဒဏ်မခံနိုင်ပဲ သေကုန်ကြလို့ မွေးတဲ့သူ၊ ရောင်းတဲ့သူ မရှိသလောက်ပါပဲ ...။ ငါးကန်ကလည်း မရှိ၊ ငါးကလည်းမရှိတော့ ရှေးရှေးတုန်းက ဟောလစ် ပုလင်းကြီးထဲကို ရေထည့်၊ သဲတွေကျောက် လှလှလေးတွေထည့်ပြီး မြောင်းထဲက ငါးဖားလောင်းတွေထည့်ပြီး တယုတယ မွေးခဲ့ဖူးသေးတယ်လေ ....။
မန္တလေးကိုရောက်တော့ ကျွန်တော့် စိတ်ကူးတွေ အကောင်အထည် ဖော်လို့ရပြီပေါ့ ...။ ငါးကန်တစ်ကန်ဝယ် ရွှေငါး၊ ဒေါင်းငါး၊ ပလက်တီ၊ မော်လီ၊ ဇီးဘရား၊ တိုင်းဂါး၊ အိမ်ဂျယ် ရှိသမျှ မြင်သမျှငါးတွေကို မုန့်ဖိုးတွေ ပြုတ်ပြုတ်ပြုန်းအောင် ၀ယ်ထည့်ပြီး မွေးခဲ့တယ်လေ ...။ အမွေးမတတ်တော့သေကုန်ကြပြန်ရော။ အဲဒါနဲ့ မွေးတဲ့သူတွေကို မေးမြန်း၊ စာအုပ်လေးဘာလေးဖတ်တော့ နည်းနည်းတော့ စနစ်ကျလာတော့တာပေါ့။ လွန်ခဲ့တဲ့ ၂နှစ်ကစပြီး ရွှေငါးတွေ မမွေးတော့ဘဲ ဖလားဝါးဟွန်းသေးသေးလေး စမွေးလိုက်တာ တဖြည်းဖြည်း ကြီးလာတဲ့အချိန် ... အဲဒီငါးက ကန်ထဲက ခုန်အထွက်၊ နွေးနွေးဆိုတဲ့ ကြောင်မကြီးက ဂျွတ်ဂျွတ်မြည်အောင် ၀ါးအစား၊ ကွက်တိပဲ ...။
အဲဒီတုန်းက နွေးနွေးကို တွေ့သမျှနဲ့ ကောက်ပေါက်ပြီး လိုက်ရိုက်တော့ ကြောင်မကြီးက တော်တော်နဲ့ အိမ်ပြန်မလာတော့ဘူး ...။ နောက်တစ်ကောင် ၀ယ်ပြီး ထပ်မွေးလိုက်တာ တော်တော်ကြီးနေမှ ဟို အရင်တစ်လက သေသွားရှာတယ်လေ ...။ စိတ်ကုန်ပြီး မမွေးတော့ဘူးကွာဆိုပြီး ငါးကန်တွေ သိမ်းပစ်လိုက်တယ်။ ကျောက်ခဲတွေ၊ ရေမှော်ပင် အတုတွေကို အကုန်လုံး အိတ်ထဲထည့်ထားလိုက်တယ်။ (အပေါ်ပုံက ငါးက နွေးနွေး ၀ါးစားလိုက်တဲ့ ငါးကြီးပေါ့)
ဒီနေ့တော့ သူငယ်ချင်း MgWunna ကို အလှမွေးငါးဆိုင်တွေ လိုက်ပို့ရင်းနဲ့ ရောဂါက ပြန်ဝင်လာတယ်လေ ...။ Wunna က ဖလားဝါးဟွန်း ငါးပိစိကွေးလေး နှစ်ကောင် လက်ဆောင်ဝယ်ပေးပြန်တော့ ပိုဆိုးတော့တာပေါ့။ အိမ်ရောက်တော့ ငါးကန်ကို ပြန်ထုတ်၊ ရေတွေပြန်ထည့်၊ ကျောက်ခဲတွေသဲတွေအပင်တွေပြန်ထည့်ပြီး မွေးထားလိုက်တော့တယ်။ ဒီတစ်ခေါက်တော့ ဒီနှစ်ကောင်ကို သေချာမွေးမယ်၊ အကြီးစားကြီး ဖြစ်တဲ့အထိပေါ့။ ကျွေးဖို့ဆေးတွေလည်း ၀ယ်ခဲ့ပြီလေ ...။ ခုတော့ ငါးကန်လေးက လှနေပြီပေါ့...။
ကျွန်တော့်အဖို့တော့ ငါးမွေးရတာ ပျော်တယ်ဗျာ။ စိတ်ညစ်တဲ့အခါ ကန်ထဲက ငါးလေးတွေက ကျွန်တော့်အတွက် အဖော်ပါပဲ။ ကြည်လင်ရှင်းသန့်ပြီး အေးမြတဲ့ရေထဲမှာ ကူးခတ်နေတဲ့ငါးလေးတွေက စိတ်ကို တကယ်ပဲ ကြည်လင်စေပါတယ်။
နောက်ရက်ကျတော့မှ ငါးကန်ပုံတွေ တင်တော့မယ်။ ခုတော့ ရိုက်ရသေးဘူးလေ။
မန္တလေးကိုရောက်တော့ ကျွန်တော့် စိတ်ကူးတွေ အကောင်အထည် ဖော်လို့ရပြီပေါ့ ...။ ငါးကန်တစ်ကန်ဝယ် ရွှေငါး၊ ဒေါင်းငါး၊ ပလက်တီ၊ မော်လီ၊ ဇီးဘရား၊ တိုင်းဂါး၊ အိမ်ဂျယ် ရှိသမျှ မြင်သမျှငါးတွေကို မုန့်ဖိုးတွေ ပြုတ်ပြုတ်ပြုန်းအောင် ၀ယ်ထည့်ပြီး မွေးခဲ့တယ်လေ ...။ အမွေးမတတ်တော့သေကုန်ကြပြန်ရော။ အဲဒါနဲ့ မွေးတဲ့သူတွေကို မေးမြန်း၊ စာအုပ်လေးဘာလေးဖတ်တော့ နည်းနည်းတော့ စနစ်ကျလာတော့တာပေါ့။ လွန်ခဲ့တဲ့ ၂နှစ်ကစပြီး ရွှေငါးတွေ မမွေးတော့ဘဲ ဖလားဝါးဟွန်းသေးသေးလေး စမွေးလိုက်တာ တဖြည်းဖြည်း ကြီးလာတဲ့အချိန် ... အဲဒီငါးက ကန်ထဲက ခုန်အထွက်၊ နွေးနွေးဆိုတဲ့ ကြောင်မကြီးက ဂျွတ်ဂျွတ်မြည်အောင် ၀ါးအစား၊ ကွက်တိပဲ ...။
အဲဒီတုန်းက နွေးနွေးကို တွေ့သမျှနဲ့ ကောက်ပေါက်ပြီး လိုက်ရိုက်တော့ ကြောင်မကြီးက တော်တော်နဲ့ အိမ်ပြန်မလာတော့ဘူး ...။ နောက်တစ်ကောင် ၀ယ်ပြီး ထပ်မွေးလိုက်တာ တော်တော်ကြီးနေမှ ဟို အရင်တစ်လက သေသွားရှာတယ်လေ ...။ စိတ်ကုန်ပြီး မမွေးတော့ဘူးကွာဆိုပြီး ငါးကန်တွေ သိမ်းပစ်လိုက်တယ်။ ကျောက်ခဲတွေ၊ ရေမှော်ပင် အတုတွေကို အကုန်လုံး အိတ်ထဲထည့်ထားလိုက်တယ်။ (အပေါ်ပုံက ငါးက နွေးနွေး ၀ါးစားလိုက်တဲ့ ငါးကြီးပေါ့)ဒီနေ့တော့ သူငယ်ချင်း MgWunna ကို အလှမွေးငါးဆိုင်တွေ လိုက်ပို့ရင်းနဲ့ ရောဂါက ပြန်ဝင်လာတယ်လေ ...။ Wunna က ဖလားဝါးဟွန်း ငါးပိစိကွေးလေး နှစ်ကောင် လက်ဆောင်ဝယ်ပေးပြန်တော့ ပိုဆိုးတော့တာပေါ့။ အိမ်ရောက်တော့ ငါးကန်ကို ပြန်ထုတ်၊ ရေတွေပြန်ထည့်၊ ကျောက်ခဲတွေသဲတွေအပင်တွေပြန်ထည့်ပြီး မွေးထားလိုက်တော့တယ်။ ဒီတစ်ခေါက်တော့ ဒီနှစ်ကောင်ကို သေချာမွေးမယ်၊ အကြီးစားကြီး ဖြစ်တဲ့အထိပေါ့။ ကျွေးဖို့ဆေးတွေလည်း ၀ယ်ခဲ့ပြီလေ ...။ ခုတော့ ငါးကန်လေးက လှနေပြီပေါ့...။
ကျွန်တော့်အဖို့တော့ ငါးမွေးရတာ ပျော်တယ်ဗျာ။ စိတ်ညစ်တဲ့အခါ ကန်ထဲက ငါးလေးတွေက ကျွန်တော့်အတွက် အဖော်ပါပဲ။ ကြည်လင်ရှင်းသန့်ပြီး အေးမြတဲ့ရေထဲမှာ ကူးခတ်နေတဲ့ငါးလေးတွေက စိတ်ကို တကယ်ပဲ ကြည်လင်စေပါတယ်။
နောက်ရက်ကျတော့မှ ငါးကန်ပုံတွေ တင်တော့မယ်။ ခုတော့ ရိုက်ရသေးဘူးလေ။
၅၂၈ နဲ့ ၁၅၀၀
အချစ်မေတ္တာနဲ့ ပါတ်သတ်ပြီး ၅၂၈ နဲ့ ၁၅၀၀ ဆိုပြီး ကွဲပြားတယ်လို့ ကျွန်တော်သိထားတော့ ကြာပြီပေါ့လေ ...။ မောင်နှမချစ်၊ သူငယ်ချင်းချစ်၊ မိဘနဲ့သားသမီးချစ် ... အဲဒီအချစ်တွေကို ၅၂၈ ဖြူစင်ရှင်းသန့်တဲ့အချစ် လို့သိခဲ့ရပြီး ရည်းစားချစ်၊ လင်မယားချစ် တွေကတော့ တဏှာရာဂပါတဲ့ ၁၅၀၀ အချစ် လို့သိခဲ့တယ်လေ ...။ အခု အဲဒီ ၅၂၈ နဲ့ ၁၅၀၀ ဆိုတာက အချက်အလက် ၅၂၈ခု၊ ၁၅၀၀ကလည်း အချက် ၁၅၀၀ အခုရှိလိမ့်မယ်လို့ ထင်မိတော့ အဲဒါတွေကို အသေးစိတ် သိချင်လာမိတယ်။ လောလောဆယ်တော့ သိချင်တာပဲ ရှိသေးတာပေါ့ ...။ ဘယ်သူ့ကိုမေးရမှန်းလည်း မသိတော့ ဘလော့ပေါ် ရောက်တော့တာပေါ့ ...။ သိတဲ့သူများရှိရင် နည်းနည်းလောက် သင်ပြပေးကြပါဦးဗျာ ...။
Sunday, September 16, 2007
ကျွန်တော်ကြိုက်တဲ့အရောင်
ကိုယ်ဘာအရောင်ကြိုက်တယ်ဆိုတာ ဆန်းစစ်ကြည့်လို့ရတဲ့ Quiz တစ်ခုကို မောင်ဥပက္ခာမှတ်တမ်း ဆိုတဲ့ ဘလော့မှာတွေ့လို့ ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ...
ကျွန်တော်ဟာ အပြာရောင်ကြိုက်ပါတယ်တဲ့။
ဟုတ်ပါတယ်၊ ကျွန်တော် အပြာရောင်ကို ကြိုက်ပါတယ်၊ ငယ်ကတည်းက မေမေက အင်္ကျီဝယ်ပေးဖို့ ဆိုင်ကို ခေါ်သွားတဲ့အခါတိုင်း အပြာရောင်ကိုပဲ လက်ညိုးထိုးမိခဲ့ပါတယ်။ ကြီးပြင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလည်း ၀ယ်မိတဲ့ ပစ္စည်း၊ ရွေးမိတဲ့ အရာတော်တော်များများဟာလည်း အပြာရောင်နဲ့ ဆက်စပ်နေတတ်ပါတယ်။ စိတ်ဝင်စားရင် ဖြေကြည့်လိုက်ပါဦး ....။
| BLUE |
You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.
ကျွန်တော်ဟာ အပြာရောင်ကြိုက်ပါတယ်တဲ့။
ဟုတ်ပါတယ်၊ ကျွန်တော် အပြာရောင်ကို ကြိုက်ပါတယ်၊ ငယ်ကတည်းက မေမေက အင်္ကျီဝယ်ပေးဖို့ ဆိုင်ကို ခေါ်သွားတဲ့အခါတိုင်း အပြာရောင်ကိုပဲ လက်ညိုးထိုးမိခဲ့ပါတယ်။ ကြီးပြင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလည်း ၀ယ်မိတဲ့ ပစ္စည်း၊ ရွေးမိတဲ့ အရာတော်တော်များများဟာလည်း အပြာရောင်နဲ့ ဆက်စပ်နေတတ်ပါတယ်။ စိတ်ဝင်စားရင် ဖြေကြည့်လိုက်ပါဦး ....။
Saturday, September 15, 2007
အတိတ်ကို အရောင်ချယ်ခြင်း
လွန်လေပြီးသော အတိတ်ကာလက မှိုတက်နေတဲ့ ရှေးဟောင်းပုံကြီး တစ်ပုံကို ကာလာထည့်ပေးဖို့ လာအပ်တာနဲ့ Photoshop ထဲမှာ ကြိုးစားပြီး အရောင်ချယ်လိုက်တာ ဒီလိုပုံကြီး ထွက်လာတယ် ... ။ ပန်းချီဆွဲထားသလိုကြီး ဖြစ်နေတယ်နော် ...။ ပြင်လွန်းဖင်ချွန်းသွားတာလားတော့ မသိဘူး။ အနောက်က ပုံက ဗားကရာကျောင်းတိုက်ကို ရောက်တုန်းက ရိုက်ထားတဲ့ပုံကို နောက်ခံထားလိုက်ပြီး အဲဒီကျောင်းတိုက်က တိုင်လုံးတွေနဲ့ ပန်းကနုတ်တွေကို ယူသုံးထားတယ်လေ ...။

အမှန်အတိုင်း ပြောရရင် ဒီပုံကြီး လုပ်ရတာ ၃လလောက်ကြတယ်။ ခက်ခဲလွန်းလို့မဟုတ်ဘူး၊ လုပ်ရမှာပျင်းလို့ ။ မအားတာလည်း ပါတာပေါ့။ ခုဆို ဒီလို ရှေးဟောင်းပုံကို ကာလာထည့်ပြီး ပြန်ထုတ်တာ ဒုတိယအကြိမ်ပေါ့ .. ဓါတ်ပုံထဲက အမျိုးသမီးကြီး တမလွန်ကနေ ဒီပိုစ့်က ပုံကို တွေ့ရင် ဘယ်လောက်များ ၀မ်းသာရှာလေမလဲနော် ...။
Thursday, September 13, 2007
ဝမ်းနည်းရပါသည်။
သူငယ်ချင်း ဖိုးချမ်းရဲ့ ချစ်မေမေ (၁၁.၉.၂၀၀၇)နေ့၊ ထိုင်းနိုင်ငံ ဘန်နွန်ဂရက်ဆေးရုံမှာ ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရလို့ ဖိုးချမ်းမိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်။ ဒီလိုအဖြစ်မျိုးကို မကြုံချင်ပေမယ့် မကြာသေးခင်က ကြုံခဲ့ရတဲ့ကျွန်တော်၊ ဖိုးချမ်းရဲ့ ခံစားမှုတွေကို ကိုယ်ချင်းစာပါတယ်။ လူတိုင်း လူတိုင်း သေခြင်းတရားဟာ အနှေးနဲ့ အမြန် ဆိုသလို မဖြစ်မနေ ကြုံတွေ့ကြရဦးမှာပါ။ ကျန်ရစ်သူအဖို့ကတော့ မိခင်ရဲ့ ကျေးဇူးတရားကို ပြန်လည် အောက်မေ့ပြီး သွားလေသူအတွက် ကောင်းမှုကုသိုလ်ပြုလုပ် အမျှဝေခြင်းသာ အကောင်းဆုံး ကျေးဇူးဆပ်နည်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဖိုးချမ်းရဲ့ ချစ်မေမေ အန်တီအေး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Monday, September 10, 2007
Miss MD Contest 2007, မုံရွာ၊လားရှိုး
ခရီးအစကနေ အဆုံးအထိ မမိုး(မတင်မိုးလွင်) အပါအ၀င် T&M က ၁၀ယောက်၊ တော်ဝင်သဇင် Co.,Ltd. နဲ့ MD Co., Ltd. က အမတွေ၊ မိတ်ကပ်ခင်စန်းဝင်းအဖွဲ့က မိတ်ကပ်ပညာရှင်၊ ဒီဇိုင်နာ ပြည်စိုးအောင် အဖွဲ့က ၀တ်စုံဒီဇိုင်းပညာရှင်တွေ၊ စုစုပေါင်း ၂၅ယောက်လောက် ပါတယ် ... အဲဒီ ပွဲ၂ပွဲ ပြီးတော့ ၁၀ရက်နေ့ မန္တလေးကို ချောချောမောမော အဆင်ပြေပြေ ပြန်ရောက်ခဲ့ကြပါတယ်....။ ဓါတ်ပုံတွေ နောက်ရက်ကျ တင်ပါဦးမယ် ....
Sunday, September 02, 2007
ကျေးဇူးပြု၍ နားဆင်ပါရှင်
လူကြီးမင်း ၀င်ရောက်ကြည့်ရှုသော ဘလော့၏ ဖန်တီးသူ ဘလော့ဂါသည် မုံရွာနှင့် လားရှိုးသို့ ခေတ္တ ခရီးထွက်သွားပါသဖြင့် ပိုစ့်အသစ်မတင်နိုင်သေးပါရှင် ... မှာစရာရှိပါက Cbox တွင် မှာခဲ့နိုင်ပါတယ်။
ပုံ/
လွှဲအပ်ညွန်ကြားချက်အရ
မဘရဏီထွဋ်ခေါင်
အတွင်းရေးမှူး
www.zawmoeaung.blogspot.com
Saturday, September 01, 2007
မနေ့ကကျင်းပတဲ့ Blog for All Seminar
31.8.2007 နေ့မှာကျရောက်တဲ့ World's Blog Day မှာ Blog for All ခေါင်းစဉ်နဲ့ Seminar လေးတစ်ခု မန္တလေး YCC Conference Hall မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားလေး ဖြစ်မြောက်ဖို့အတွက် Blogger များအားလုံး စုစုစည်းစည်းနဲ့ စီစဉ်ခဲ့ကြသလို ကူညီပံ့ပိုးတဲ့ Company များကြောင့်လည်း ထင်ထားတာထက်ပိုပြီး အောင်မြင်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ တက်ရောက်လာတဲ့ Blogger ၅၀ ကို မဲနိုက်ပြီး ၁၀ယောက်လောက်ကို ကျွန်တော်က Interview လုပ်ပါတယ်။ ကျွန်တော်က မေးလိုက်၊ blogger က ဖြေလိုက်နဲ့ တကယ်ပဲ ပျော်စရာကောင်းပါတယ်။ ကူညီပံ့ပိုးတဲ့ Company များ၊ ၀ိုင်းဝန်းစီစဉ်ကြတဲ့ Blogger များ၊ တက်ရောက်အားပေးကြတဲ့ စာနယ်ဇင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျောင်းသားကျောင်းသူများနဲ့ လေ့လာသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောင်နှစ် World's Blog Day မှာ ဒီထက် Blogger တွေ တိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ဒီထက်ပိုပြီး ဓါတ်ပုံတွေကြည့်ချင်ရင်တော့ Mdyblogshow မှာ ကြည့်နိုင်ပါတယ်။
Thursday, August 30, 2007
အကြိုက်ဆုံး Post ၅ခု
Potato က Tag ထားတယ်ဆိုလို့ ဘာများလဲလို့ သွားကြည့်လိုက်တော့ နည်းနည်းတောင် မြှောက်သွားတယ်။ ကျွန်တော့်ဘလော့ကြီးကို လှလှပပ ဘလော့ကြီးလို့ တင်စားထားတာ ဖတ်ပြီးတော့ပေါ့ ....။ ကျေးဇူးပါ Potato ရေ ...။ ဒီကနေ့ကျရောက်တဲ့ World's Blog Day မှာ ကျွန်တော်ကြိုက်တဲ့ ပိုစ့်တွေအများကြီးထဲက ၅ခုကို ဖော်ပြရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။
၁။ ထူးဆန်းပါပေ့
နတ်ကိုးကွယ်မှု တစ်ဖက်စွန်းရောက်ပြီး ကိုကြီးကျော် နဲ့ လက်ထပ်ထိမ်းမြားတဲ့ မတင်ရီ တို့ရဲ့ စံခမ်းဝင်မင်္ဂလာဖိတ်ကြားလွှာ ဆိုတဲ့ ဖိတ်စာကို မမြင်ဖူးသူတွေ မြင်ရအောင်လို့ ဝေမျှတဲ့ Post ဖြစ်ပါတယ်။
၂။ မိုးကြိုးသွား သို့မဟုတ် ...
ကျွန်တော့်မှာ ရှိတဲ့ ဘိုးဘွားဘီဘင် အဆက်ဆက်က ထိန်းသိမ်းလာတဲ့ ဘာမှန်းမသိတဲ့ ပစ္စည်းတစ်ခု (သို့) အများက မိုးကြိုးသွားလို့ ခေါ်တဲ့ ကြေးခေတ်က ကြေးလက်နက်တစ်မျိုးအကြောင်း ဖြစ်ပါတယ်။
၃။ မန္တလေး - မိုးကုတ်
မိုးကုတ်ကနေ မန္တလေးကို အလာ ကားပေါ်မှာ အဘွားအိုကြီးတစ်ယောက်နဲ့အတူ ကားရှေ့ခန်းမှာ ကြပ်သိပ်ပြီး စီးခဲ့ရတဲ့ ဒုက္ခကို ဖွဲ့နွဲ့ပြီး ရေးကြည့်ထားတာ ဖြစ်ပါတယ်။
၎။ ဝေးလွင့်အိပ်မက်
သူငယ်ချင်းတွေ ဘွဲ့နှင်းသဘင်ကို မိသားစုစုံစုံညီညီ တက်ကြတဲ့အချိန်မှာ မေမေမရှိတော့တဲ့အတွက် ဘွဲ့နှင်းသဘင်ကို မတက်တော့ဘူးလို့ ဆုံးဖြတ်ပြီး ခံစားရတဲ့ ခံစားချက်ကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ Teen မဂ္ဂဇင်းမှာ ပြန်လည်ဖော်ပြခံရတဲ့ Post ဖြစ်ပါတယ်။
၅။ လွန်ခဲ့သော ၁၉၈၃
ကျွန်တော့်ကို လူလောကထဲ စပြီးရောက်လာတဲ့နေ့၊ မိုးတွေထစ်ချုန်းရွာတဲ့နေ့၊ အဲဒီအချိန်က မိဘနှစ်ပါးရဲ့ ပျော်ရွှင်မှု၊ ပင်ပန်းဆင်းရဲမှု၊ အားပြိုင်မှု၊ စိန်ခေါ်မှု စတာတွေကို ဖော်ကြူးရေးသားထားပြီး ကျွန်တော် ၂၃နှစ်ပြည့်ပြီ ... ဒီနေ့ဟာ မွေးနေ့ဖြစ်ပါတယ်လို့ ရေးမယ့်အစား blog ပေါ်မှာ မိဘကျေးဇူးကို ပြန်လည် အောက်မေ့ထားတဲ့ Post ဖြစ်ပါတယ်။
ကျွန်တော်ရေးတာ နောက်ကျနေလို့ ဘယ်သူ့ကို TAG မလုပ်တော့ပါဘူးဗျာ :)
အားလုံးပျော်ရွှင်ပါစေ ...။

Saturday, August 25, 2007
အိုးပုတ်ပွဲ
နှစ်စဉ် ၀ါခေါင်လဆန်း (၈)ရက်ရောက်တိုင်း၊ တစ်ရက်တည်းသာ ကျင်းပတဲ့ အိုးပုတ်ပွဲ(ခ) အိုးပုတ်ခိုးပွဲပါ ...။ ကြားသာကြားဖူးပြီး တစ်ခါမှ မရောက်ဖူးလို့ ဘလော့အတွက် သတင်းယူရင်း ရောက်အောင်သွားခဲ့ပါတယ် ...။ မြောက်ပြင် ၇၆လမ်း၊ စည်သာလမ်းတည့်တည့် မြောက်ဘက်တန်းတန်းကို သွားလိုက်ရင် အိုးပုတ်ပွဲကျင်းပရာနေရာကိုရောက်ပါတယ်။ အိုးတွေ အကြီးကြီးကနေ ကလေးကစားတဲ့ အိုးပုတ် သေးသေးလေးအထိ ချရောင်းတဲ့ ဈေးသည်တော်တော်များများကို တတန်းကြီး တွေ့လိုက်ရပါတယ် ...။

အိုးတွေ၊ ပန်းအိုးတွေ၊ စဥ့်အိုးတွေ၊ အလှထိုးမြေပန်းအိုးတွေကို ဈေးသည်တွေကလည်း အာပေါင်အာရင်းသန်သန်နဲ့အော်ဟစ်လို့ရောင်း ..... ၀ယ်သူတွေကလည်း ကလေးတွေ တစ်သီကြီးနဲ့ အိုးတွေ ၀ယ်ကြနဲ့ ... အိုးပုတ်ပွဲဟာ စည်ကားလို့နေပါတယ် ...။

“တကယ်တော့ ဒီပွဲက ဘုရားပွဲမဟုတ်၊ နတ်ပွဲမဟုတ်တဲ့ ပွဲပေါ့ ... အရင်တုန်းက ဒီကနေ တောင်ပြုန်းပွဲကို သွားကြ၊ ပြန်ကြတဲ့နေရာဆိုတော့ အိုးသည်တွေ အခြေချ ရောင်းကြတဲ့နေရာပေါ့ ... ခုတော့ဒီနေရာ ရေလမ်းကနေ မသွားကြတော့ပေမယ့် အိုးပုတ်ပွဲကတော့ အစဉ်အလာကြီး တစ်ခုလို ဖြစ်သွားတာ” လို့ အိုးရောင်းတဲ့ အမကြီးက ပြောပြပါတယ်။

အိုးပုတ်ခိုးပွဲလို့ ခေါ်ကြတာနဲ့ ပတ်သတ်ပြီး မေးကြည့်တော့ “ဟို ရှေးတုန်းကတော့ အိုးပုတ်လေး တစ်ခုစ၊ နှစ်ခုစ ကို အပျော်သဘောနဲ့ စကြနောက်ကြတဲ့ သဘောပါ ... ခုတော့ ဈေးရောင်းရတာက တစ်ဖက် ... အခိုးခံရမှာ ကြည့်ရတာ တစ်ဖက်နဲ့ ....” လို့ သူမက ဆက်ပြောပါတယ် ....။ ပြောရင်းဆိုရင်း လူတစ်ယောက်က ပန်းအိုးတစ်လုံးကို ခပ်တည်တည်နဲ့ ကောက်မသွားတာတွေ့တော့ စောစောက အမျိုးသမီးကြီး က အိုးပေါ် ထိုင်နေရာကနေ စွေ့ကနဲ ခုန်ဆင်းပြီး ပန်းအိုး မ သွားတဲ့ လူနောက်ကို လိုက်ပါတော့တယ် ...။ ၄င်းနောက် မကျေမချမ်းပြောဆိုနေသံကိုလည်း ကြားရပါသေးတယ် ...။

အိုးပုတ်ပွဲကို အမှီပြုလို့ ချားရဟတ်တွေ၊ မုန့်ဆိုင်တွေနဲ့ အရုပ်ဆိုင်တွေနဲ့ စည်ကားလို့နေပါတယ် ...။ ပွဲရက်က တစ်ရက်တည်းပေမယ့် နောက်ရက်တွေမှာလည်း အိုးတွေကို ဆက်ပြီး ရောင်းချကြပါသေးတယ် ...။ အိုးရောင်းသူတွေ အပြိုင်အဆိုင် ရောင်းချကြတာမို့ ဈေးချိုချိုနဲ့ပဲ ရောင်းချကြပါတယ် ...။ ဒီပွဲကို လာသူတွေက အပျော်သဘောနဲ့ လှေငါးပြီး စီးကြပါသေးတယ် ... ဧရာဝတီမြစ်ဘေးမဟုတ်ပေမယ့် မြစ်ရေတွေဝင်နေတဲ့နေရာတွေမှာ တောင်တန်းတွေ၊ စေတီတွေ၊ ထန်းပင်တွေကို နောက်ခံထားပြီး ပျော်ပျော်ပါးပါးလှေစီးနေကြပုံက ပန်းချီကားတစ်ချပ်နဲ့ တူနေပါတော့တယ် ...။
ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေကို အမှတ်တရ တင်လိုက်ပါတယ် ...။

Subscribe to:
Posts (Atom)